


ယူနီကုဒ်ဖြင့်ဖတ်ရန်

ကျော်ကျော်ဗိုလ်ရဲ့ ဒုတိယမိခင် ယောက္ခမကြီး ကွယ်လွန်မှုအတွက် ထပ်တူထပ်မျှဝမ်းနည်းနေရတဲ့ ထွန်းထွန်း

နှင်းဆီမင်းသားချောများဖြစ်ကြတဲ့ ကျော်ကျော်ဗိုနဲ့ ထွန်းထွန်းတို့ကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေများစွာနဲ့ အကယ်ဒမီဆုရှင် မင်းသားတွေပဲ ဖြစ်ကြပါတယ်။ ကျော်ကျော်ဗိုနဲ့ ထွန်းထွန်းတို့က အနုပညာအလုပ်တွေကို အတူတူပူးတွဲလုပ်ကိုင်ကြသလို အပြင်မှာလည်း ညီအစ်ကိုလို၊ သူငယ်ချင်းလို ခင်မင်ရင်းနှီးပြီး တပူးပူး တတွဲတွဲရှိကြတာပဲ ဖြစ်ပါတယ်။ ထွန်းထွန်းကလည်း တစ်ဦးတည်းသောသားပီပီ နှင်းဆီညီအစ်ကိုတွေကို သူ့ရဲ့ ညီအစ်ကိုအရင်းတွေလို သဘောထား ချစ်ခင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ထွန်းထွန်းက ကျော်ကျော်ဗိုလ်ရဲ့ ဒုတိယမိခင် ယောက္ခမကြီးရဲ့ ကွယ်လွန်မှုအတွက် ထပ်တူဝမ်းနည်းနေရတဲ့အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသာလာပါတယ်။ ထွန်းထွန်းက “မဇာရေ တကယ်စိတ်မကောင်းပါဘူးဗျာ. မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်.အန်တီကောင်းရာသုဂတိလားပါစေ” ဆိုပြီး ကျော်ကျော်ဗိုလ်တို့ မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းနေရကြောင်း ပြောလာပါတယ်။

ကျော်ကျော်ဗိုလ်ရဲ့ ချစ်ဇနီး မဇာကလည်း နှင်းဆီအဖွဲ့သားအားလုံးရဲ့ အစ်မလိုဖြစ်နေပြီး အနုပညာအသိုင်းအဝိုင်းနဲ့ ခင်မင်ရင်းနှီးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်လည်း ယောက္ခမကြီးကွယ်လွန်မှုမှာ ဒုတိယမိခင်ကို ဆုံးရှုံးလိုက်ရသလို ခံစားနေရရှာမှာ အသေအချာပါပဲ။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htin Aung Tun’s fb
Bilie – Cele Connections