ယူနီကုဒ်ဖြင့်ဖတ်ရန်
“မာယာလှည့်ကွက်” ဇာတ်လမ်းတွဲထဲမှာ မျက်နှာအသားအရည် အရမ်းကို ဆိုးရွားနေခဲ့တာကိုပဲ သိပ်အားရခဲ့တယ်ဆိုတဲ့ မြနှင်းရည်လွင်
စူးရှတဲ့ အကြည့်တွေနဲ့ မင်းသမီးချော မြနှင်းရည်လွင်ကတော့ ရုပ်ရှင်နဲ့ ဇာတ်ကားတွေမှာ အိုက်တိုင်ပါးပါးလေးနဲ့ ထိထိမိမိ သရုပ်ဆောင်တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မြနှင်းရည်လွင်က ဇာတ်ကားတွေမှာ အရေးပါတဲ့ ဇာတ်ကောင်ကာရိုက်တာတွေကို ဦးဆောင်သရုပ်ဆောင်ရလေ့ရှိပြီး လက်ရှိ ထုတ်လွှင့်ပြသနေတဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာလည်း ဒေါ်ဟန်နီချိူဆိုတဲ့ ကာရိုက်တာမှာ သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မြနှင်းရည်လွင်က “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲရိုက်နေတုန်းက အမှတ်တရတွေကို အခုလိုပဲ ပြောပြလာခဲ့ပါတယ်။
“ကိုယ်တစ်ကယ်မုန်းတဲ့သူကိုမုန်းတဲ့အကြည့်နဲ့ကြည့်ရတာလွယ်တယ်။ မမုန်းပဲကြည့်ရပြောရတာမလွယ်ကူနေဘူး။ လူရောစိတ်ရောအရမ်းပင်ပန်းတယ်။ တစ်ခုလောက်မေတ္တာရပ်ခံပါရစေ အဲ့အချိန်က ဟန်နီချို မျက်နှာအသားအရည် ဆေးကုနေတဲ့အချိန်ဖြစ်လို့ အသားအရည်အင်မတန်ဆိုးရွားစွာမြင်တွေ့ရမှာဖြစ်လို့ မကြောက်ကြပါနဲ့လို့။ ကျွန်မကိုယ်တိုင်တော့ အားသိပ်ရခဲ့တယ် မိန်းမယုတ်တစ်ယောက်ဟာ စိတ်မလှနေတဲ့အတွက် အသားအရည်ပါပေးမလှဘူးကွာဆိုပြီး မိုက်ရူးရဲဆန်ဆန် အသားအစစ်ကိုပါ။ ပုံမှန်ဆေးမကုပဲပေပေတေတေနဲ့နေခဲ့တဲ့အချိန်။ အမှန်က ပျင်းတာပါ အဟိ မွှေပေါ့ ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပြောပြလာခဲ့ပါတယ်။
မြနှင်းရည်လွင်ကတော့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာ အရမ်းကို တာဝန်ကြီးလှတဲ့ ဇာတ်ကောင်နေရာမှာ တစ်ထပ်တည်းကျအောင် သရုပ်ဆောင်နိုင်ခဲ့တာ ချီးကျူးစရာပါပဲ။ ပရိသတ်ကြီးလည်း “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာ ဒေါ်ဟန်နီချိုတစ်ယောက် ဘယ်လိုအဆုံးသတ်မလဲ စောင့်ကြည့်ပေးကြဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Mya Hnin Yee Lwin’s fb
Bilie – Cele Connections