သရုပ္ေဆာင္ ခိုင္နွင္းေဝကေတာ့ စိတ္ထားေကာင္းျပီး တည္ၾကည္ေျဖာင့္မတ္သူတစ္ေယာက္ျဖစ္တာေၾကာင့္ အနုပညာေလာကမွာ မခ်စ္တဲ့သူ မရိွသေလာက္ပါပဲ။ ခိုင္နွင္းေဝက ပရဟိတအလုပ္ေတြ လုပ္ကိုင္ေနသူမို့ အနုပညာေလာကသားေတြကလည္း ခိုင္နွင္းေဝအတြက္ တစ္ဖက္တစ္လမ္းကေန ကူညီျပီး လွဴဒါန္းေပးၾကသလို ခိုင္နွင္းေဝကလည္း အနုပညာညီအစ္ကိုေမာင္နွမေတြကို မိသားစုအရင္းလို သေဘာထားခ်စ္ခင္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ဒီကေန့ နိုဝင္ဘာလ (၅) ရက္ေန့မွာေတာ့ သရုပ္ေဆာင္ စည္ျဖိဳးနဲ့ ခင္လႊမ္းတို့ရဲ့ မဂၤလာေမာ္ကြန္းတင္ လက္မွတ္ေရးထိုးပြဲ က်င္းပခဲ့တာျဖစ္ျပီး ခုိင္နွင္းေဝကလည္း တက္ေရာက္ေပးခဲ့ပါတယ္။ ခုိင္နွင္းေဝကေတာ့ ေမာင္အရင္းေလးလိုခ်စ္ရတဲ့ စည္ျဖိဳးရဲ့ မဂၤလာေမာ္ကြန္းတင္ လက္မွတ္ေရးထိုးပြဲကို တက္ေရာက္ခ်ီးျမွင့္ေပးရင္း “ေမာင္ေလး စည္ၿဖိဳးန႔ဲ ညီမေလး ခင္လႊမ္း တို႔ ဇနီး ေမာင္ႏွံ ႏွစ္ဦး ရာသက္ပန္ ႐ိုးေျမက် ေပါင္းဖက္ႏိူင္ပါေစ ရွင္..💙💙💙” ဆိုျပီး မဂၤလာဆုမြန္ေကာင္းေတာင္းေပးခဲ့ပါတယ္။

ခိုင္နွင္းေဝကေတာ့ စည္ျဖိဳးနဲ့ အလုပ္ေတြကိုလည္း အတူတူတြဲဖက္လုပ္ကိုင္ဖူးျပီး အျပင္မွာလည္း ေမာင္နွမေတြလို ခင္မင္ရင္းနွီးေနတာေၾကာင့္ ရိွသမွ်အလုပ္ေတြအကုန္ပစ္ျပီး စည္ျဖိဳးရဲ့ မဂၤလာေန့ေလးမွာ တက္ေရာက္ခ်ီးျမွင့္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ စည္ျဖိဳးတို့ ဇနီးေမာင္နွံနွစ္ေယာက္လည္း ခိုင္နွင္းေဝ ဆုေတာင္းေပးသလို ရာသက္ပန္ရိုးေျမက်ေပါင္းဖက္နိုင္ၾကပါေစေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Khine Hnin Wai’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မောင်အရင်းလေးလို ချစ်ခင်ရတဲ့ စည်ဖြိုးရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို တက်ရောက်ချီးမြှင့်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ စိတ်ထားကောင်းပြီး တည်ကြည်ဖြောင့်မတ်သူတစ်ယောက်ဖြစ်တာကြောင့် အနုပညာလောကမှာ မချစ်တဲ့သူ မရှိသလောက်ပါပဲ။ ခိုင်နှင်းဝေက ပရဟိတအလုပ်တွေ လုပ်ကိုင်နေသူမို့ အနုပညာလောကသားတွေကလည်း ခိုင်နှင်းဝေအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပြီး လှူဒါန်းပေးကြသလို ခိုင်နှင်းဝေကလည်း အနုပညာညီအစ်ကိုမောင်နှမတွေကို မိသားစုအရင်းလို သဘောထားချစ်ခင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၅) ရက်နေ့မှာတော့ သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့တာဖြစ်ပြီး ခိုင်နှင်းဝေကလည်း တက်ရောက်ပေးခဲ့ပါတယ်။ ခိုင်နှင်းဝေကတော့ မောင်အရင်းလေးလိုချစ်ရတဲ့ စည်ဖြိုးရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို တက်ရောက်ချီးမြှင့်ပေးရင်း “မောင်လေး စည်ဖြိုးနဲ့ ညီမလေး ခင်လွှမ်း တို့ ဇနီး မောင်နှံ နှစ်ဦး ရာသက်ပန် ရိုးမြေကျ ပေါင်းဖက်နိူင်ပါစေ ရှင်..💙💙💙” ဆိုပြီး မင်္ဂလာဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

ခိုင်နှင်းဝေကတော့ စည်ဖြိုးနဲ့ အလုပ်တွေကိုလည်း အတူတူတွဲဖက်လုပ်ကိုင်ဖူးပြီး အပြင်မှာလည်း မောင်နှမတွေလို ခင်မင်ရင်းနှီးနေတာကြောင့် ရှိသမျှအလုပ်တွေအကုန်ပစ်ပြီး စည်ဖြိုးရဲ့ မင်္ဂလာနေ့လေးမှာ တက်ရောက်ချီးမြှင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ စည်ဖြိုးတို့ ဇနီးမောင်နှံနှစ်ယောက်လည်း ခိုင်နှင်းဝေ ဆုတောင်းပေးသလို ရာသက်ပန်ရိုးမြေကျပေါင်းဖက်နိုင်ကြပါစေနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khine Hnin Wai’s fb
Bilie – Cele Connections