


Source: San Thit La’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဖန်လုံးလေးတွေလို ဝိုင်းစက်တောက်ပနေတဲ့ မျက်လုံးအစုံနဲ့ မေမေ့ကို စိုက်ကြည့်နေတဲ့ သမီးလေးပန်းသီးကို အချစ်ပိုနေရကြောင်းပြောလာတဲ့ ဆန်းသစ်လ

ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်သလို ချိုသာကြည်အေးတဲ့ အသံလေးကို ပိုင်ဆိုင်ထားတဲ့ ဆန်းသစ်လကတော့ လူကြီး၊ လူငယ်မရွေး ပရိသတ်တွေ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဆန်းသစ်လကတော့ တေးသံရှင် မေမေ မေရွက်ဝါနဲ့ တေးရေး ဖေဖေ နွေထိန်ဝင်းတို့ရဲ့ အနုပညာအမွေတွေကို ဆက်ခံရရှိထားတာမို့ အနုပညာလောကမှာ တောက်ပတဲ့ ကြယ်တစ်ပွင့်ဖြစ်လို့လာတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆန်းသစ်လက ရင်သွေးလေးကို မွေးဖွားထားတာ မကြာသေးတာမို့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ သမီးရတနာလေးတစ်ယောက်ကို မွေးဖွားပိုင်ဆိုင်ထားတဲ့ ဆန်းသစ်လကတော့ လသားအရွယ်သာရှိသေးတဲ့ သမီးလေးကို အရိပ်တကြည့်ကြည့်နဲ့ ရင်အုပ်မကွာ စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဆန်းသစ်လက မျက်လုံးဝိုင်းဝိုင်းလေးနဲ့ အမေ့ကိုစိုက်ကြည့်နေတဲ့ သမီးလေးကို “ဘာရုပ်ကလေးလား😍အသည်းတွေယားတာနော်😍မေမေလေ ချစ်လိုက်တာ သမီးလေးရယ်😘❤🍎” ဆိုပြီး သမီးလေးရဲ့ ပုံရိပ်တွေကို မျှဝေပေးထားပါတယ်။

ဆန်းသစ်လရဲ့ သမီးလေးကလည်း ချစ်စရာကောင်းပြီး မေမေ၊ ဘွားဘွားတို့နဲ့တူကာ ဖန်လုံးလေးလို ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဆန်းသစ်လရဲ့ သမီးလေးကိုကြည့်ပြီး အသည်းယား အချစ်ပိုနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: San Thit La’s fb
Bilie – Cele Connections