သရုပ္ေဆာာင္ ဆုပန္ထြာကေတာ့ သရုပ္ေဆာင္ေရာ သီခ်င္းဆိုပါ ေကာင္းမြန္သူတစ္ေယာက္ျဖစ္တာေၾကာင့္ အနုပညာေလာကမွာ ေတာက္ပသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဆုပန္ထြာက အခုဆိုရင္ အိမ္ေထာင္က်ျပီး သားေလးတစ္ေယာက္ကိုလည္း ေမြးဖြားထားကာ အိမ္ေထာင္ရွင္ အနုပညာသည္တစ္ေယာက္အျဖစ္ အိမ္ေထာင္မႈတစ္ဖက္နဲ့ အနုပညာအလုပ္ေတြကို လုပ္ကိုင္ေနလ်က္ရိွပါတယ္။ ဆုပန္ထြာကေတာ့ သူမကို အရမ္းခ်စ္ျပီး ဂရုတစိုက္ရိွတဲ့ခင္ပြန္းနဲ့ ခ်စ္စရာေကာင္းတဲ့ သားေလးေၾကာင့္ ေပ်ာ္ရႊင္စရာေကာင္းတဲ့ ေန့ရက္ေတြကို ပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ လူစိတ္ဝင္စားခံရတဲ့ အနုပညာရွင္တစ္ေယာက္ပီပီ အျပစ္မရိွအျပစ္ရွာ တိုက္ခိုက္ျခင္းကို ခံရတဲ့ ဆုပန္ထြာက ဒီကေန့မွာလည္း သူမ်ားေယာက်ာ္းကိုယူတယ္ဆိုျပီး ခ်ိဳးခ်ိဳးဖဲ့ဖဲ့ေျပာဆိုျခင္းခံခဲ့ရျပန္ပါတယ္။ ဆုပန္ထြာအေပၚ ေျပာဆိုမႈနဲ့ ပက္သတ္ျပီး ခင္ပြန္းျဖစ္သူ ကိုဥကၠာေက်ာ္က “ေဝဖန္တဲ့လူေတြကိုေျပာခ်င္တာပါ။ သူမ်ားလင္ဆို ဒီလိုတရားဝင္ယူလို႔မရပါဘူး။ တရားဝင္ကြာရွင္းၿပီးလို႔ ေနာက္အိမ္ေထာင္ကို America မွာေရာ ျမန္မာျပည္မွာပါတရားဝင္ လက္ထပ္ၿပီး ထူေထာင္ထားတဲ့ ေနာက္အိမ္ေထာင္လို႔ေခၚပါတယ္။ အသက္ေတြႀကီးလာလို႔လားမသိဘူး…ငပိန္းေတြကို သူတို႔ရဲ႕ level အဆင့္ ကိုဆင္းၿပီးရွင္းမျပခ်င္ေတာ့ဘူး…” ဆိုျပီး တံု့ျပန္လာပါတယ္။

ဆုပန္ထြာတို့ ဇနီးေမာင္နွံကေတာ့ အေမရိကန္နိုင္ငံမွာေရာ ျမန္မာနိုင္ငံမွာပါ လူသိရွင္ၾကား တရားဝင္လက္ထပ္ထားခဲ့တာျဖစ္ျပီး ဘဝတစ္ခုကို စိတ္တူကိုယ္တူ တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Okkar Kyaw’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သူများယောကျာ်းယူတယ်ဆိုပြီး ဆုပန်ထွာအပေါ် ချိုးချိုးဖဲ့ဖဲ့ဝေဖန်သူတွေကို ပြတ်ပြတ်သားသားပြောလာတဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်

သရုပ်ဆောာင် ဆုပန်ထွာကတော့ သရုပ်ဆောင်ရော သီချင်းဆိုပါ ကောင်းမွန်သူတစ်ယောက်ဖြစ်တာကြောင့် အနုပညာလောကမှာ တောက်ပသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဆုပန်ထွာက အခုဆိုရင် အိမ်ထောင်ကျပြီး သားလေးတစ်ယောက်ကိုလည်း မွေးဖွားထားကာ အိမ်ထောင်ရှင် အနုပညာသည်တစ်ယောက်အဖြစ် အိမ်ထောင်မှုတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေလျက်ရှိပါတယ်။ ဆုပန်ထွာကတော့ သူမကို အရမ်းချစ်ပြီး ဂရုတစိုက်ရှိတဲ့ခင်ပွန်းနဲ့ ချစ်စရာကောင်းတဲ့ သားလေးကြောင့် ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် လူစိတ်ဝင်စားခံရတဲ့ အနုပညာရှင်တစ်ယောက်ပီပီ အပြစ်မရှိအပြစ်ရှာ တိုက်ခိုက်ခြင်းကို ခံရတဲ့ ဆုပန်ထွာက ဒီကနေ့မှာလည်း သူများယောကျာ်းကိုယူတယ်ဆိုပြီး ချိုးချိုးဖဲ့ဖဲ့ပြောဆိုခြင်းခံခဲ့ရပြန်ပါတယ်။ ဆုပန်ထွာအပေါ် ပြောဆိုမှုနဲ့ ပက်သတ်ပြီး ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်က “ဝေဖန်တဲ့လူတွေကိုပြောချင်တာပါ။ သူများလင်ဆို ဒီလိုတရားဝင်ယူလို့မရပါဘူး။ တရားဝင်ကွာရှင်းပြီးလို့ နောက်အိမ်ထောင်ကို America မှာရော မြန်မာပြည်မှာပါတရားဝင် လက်ထပ်ပြီး ထူထောင်ထားတဲ့ နောက်အိမ်ထောင်လို့ခေါ်ပါတယ်။ အသက်တွေကြီးလာလို့လားမသိဘူး…ငပိန်းတွေကို သူတို့ရဲ့ level အဆင့် ကိုဆင်းပြီးရှင်းမပြချင်တော့ဘူး…” ဆိုပြီး တုံ့ပြန်လာပါတယ်။

ဆုပန်ထွာတို့ ဇနီးမောင်နှံကတော့ အမေရိကန်နိုင်ငံမှာရော မြန်မာနိုင်ငံမှာပါ လူသိရှင်ကြား တရားဝင်လက်ထပ်ထားခဲ့တာဖြစ်ပြီး ဘဝတစ်ခုကို စိတ်တူကိုယ်တူ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Okkar Kyaw’s fb
Bilie – Cele Connections