MRTV 4 ရုပ္သံဇာတ္လမ္းတြဲေတြကတဆင့္ နာမည္ၾကီးလာခဲ့တဲ့ မင္းသမီးေခ်ာေလး ျခဴးေလးကို လူၾကီး၊ လူငယ္မေရြး ၾကိဳက္နွစ္သက္ အားေပးၾကမယ္ ထင္ပါတယ္။ ျခဴးေလးက သရုပ္ေဆာင္ေကာင္းသလို Tik Tok ေဆာ့တာလည္း အရမ္းကၽြမ္းတာေၾကာင့္ ပရိသတ္ေတြက Tik Tok ဘုရင္မေလးလို့ တင္စားေခၚေဝၚၾကတဲ့အထိ ခ်စ္ၾကတာပဲ ျဖစ္ပါတယ္။ လက္ရိွမွာလည္း အနုပညာလႈပ္ရွားမႈေတြအေပၚ အာရံုစိုက္ေနရတာမို့ ပရိသတ္ေတြနဲ့ အနည္းငယ္ အဆက္အသြယ္ ျပတ္ေတာက္ေနတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ျခဴးေလးက သူမကို လြမ္းေနၾကတဲ့ ပရိသတ္ေတြအတြက္ သူမရဲ့ အိမ္ေနရင္းဓာတ္ပံုလွလွေလးေတြကို မွ်ေဝေပးလာပါတယ္။ ျခဴးေလးက သူမအက်ႌိအစိမ္းေရာင္ဝတ္ထားတဲ့ ဓာတ္ပံုကို ခ်က္ခ်င္းဆုိသလို အျဖဴ၊ အမဲ Effect ေျပာင္းလဲခဲ့တာေၾကာင့္ ပရိသတ္ေတြက ဘာရယ္ေၾကာင့္လဲလို့ ေမးခြန္းထုတ္ခဲ့ပါတယ္။ ထိုေမးခြန္းအေပၚ ျခဴးေလးက “ၾကားညပ္မွာဆိုးလို့ အေရာင္ေျပာင္းခဲ့ရတယ္” ဆိုျပီး ျပန္လည္ ေျဖၾကားခဲ့ပါတယ္။

ျခဴးေလးကေတာ့ လူသိမ်ားထင္ရွားတဲ့ အနုပညာရွင္တစ္ေယာက္ပီပီ အခုလိုအခ်ိန္မွာ အက်ႌအဝတ္အစား အေရာင္ကအစ သတိထားေနရတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Chue Lay’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လူသိများထင်ရှားတဲ့ အနုပညာရှင်တစ်ယောက်ပီပီ အခုလိုအချိန်မှာ အင်္ကျီအဝတ်အစား အရောင်ရွေးချယ်တာကအစ သတိထားနေရတဲ့ ခြူးလေး

MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေကတဆင့် နာမည်ကြီးလာခဲ့တဲ့ မင်းသမီးချောလေး ခြူးလေးကို လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက် အားပေးကြမယ် ထင်ပါတယ်။ ခြူးလေးက သရုပ်ဆောင်ကောင်းသလို Tik Tok ဆော့တာလည်း အရမ်းကျွမ်းတာကြောင့် ပရိသတ်တွေက Tik Tok ဘုရင်မလေးလို့ တင်စားခေါ်ဝေါ်ကြတဲ့အထိ ချစ်ကြတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေအပေါ် အာရုံစိုက်နေရတာမို့ ပရိသတ်တွေနဲ့ အနည်းငယ် အဆက်အသွယ် ပြတ်တောက်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ခြူးလေးက သူမကို လွမ်းနေကြတဲ့ ပရိသတ်တွေအတွက် သူမရဲ့ အိမ်နေရင်းဓာတ်ပုံလှလှလေးတွေကို မျှဝေပေးလာပါတယ်။ ခြူးလေးက သူမအင်္ကျီအစိမ်းရောင်ဝတ်ထားတဲ့ ဓာတ်ပုံကို ချက်ချင်းဆိုသလို အဖြူ၊ အမဲ Effect ပြောင်းလဲခဲ့တာကြောင့် ပရိသတ်တွေက ဘာရယ်ကြောင့်လဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ထိုမေးခွန်းအပေါ် ခြူးလေးက “ကြားညပ်မှာဆိုးလို့ အရောင်ပြောင်းခဲ့ရတယ်” ဆိုပြီး ပြန်လည် ဖြေကြားခဲ့ပါတယ်။

ခြူးလေးကတော့ လူသိများထင်ရှားတဲ့ အနုပညာရှင်တစ်ယောက်ပီပီ အခုလိုအချိန်မှာ အင်္ကျီအဝတ်အစား အရောင်ကအစ သတိထားနေရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Chue Lay’s fb
Bilie – Cele Connections