မင္းသားၾကီး ေက်ာ္သူကေတာ့ အနုပညာမွာသာမက ပရဟိတမွာလည္း စိတ္အားထက္သန္သူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြက ပရဟိတမင္းသားၾကီးလို့ေတာင္ တင္စားေခၚေဝၚၾကတာပဲ ျဖစ္ပါတယ္။ ေက်ာ္သူကေတာ့ လက္ရိွမွာ Covid-19 ေရာဂါပိုး ကူးစက္ခံခဲ့ရတာေၾကာင့္ ရန္ကုန္ေဝဘာဂီေဆးရံုၾကီးမွာ ေဆးကုသမႈခံယူေနရတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေက်ာ္သူက ေဝဘာဂီေဆးရံုၾကီးမွာ ၾကိဳတင္ဆႏၵမဲေပးခဲ့တဲ့ သူ့ရဲ့အေတြ့အၾကံဳကို အခုလိုပဲ ေျပာျပလာပါတယ္။

“ကိုဗစ္သမားေတြလည္းတိုင္းျပည္ အတြက္ တာဝန္ေက်ခဲ့ပါၿပီ။ ယေန႔ ႏိုဝင္ဘာလ(၄)ရက္ေန႔၊ညေန(၃:၄၅)နာရီခန႔္က ေဝဘာဂီေဆး႐ုံအုပ္ႀကီး ေဒၚေအးေအးေအာင္၏ ေစတနာျဖင့္ ကြၽန္ေတာ္တို႔ က္ိုဗစ္ေဝဒနာရွင္မ်ား ႀကိဳတင္ဆႏၵမဲေပးခြင့္ရရွိခဲ့ပါၿပီ။ ေဆး႐ုံအုပ္ႀကီး ေဒါက္တာေဒၚေအးေအးေအာင္၏အနီးကပ္ႀကီးၾကပ္မႈျဖင့္ ဆရာဝန္ဆရာဝန္မမ်ား၊ေဆးပညာရွင္ မ်ားမွတက္ႂကြစြာျဖင့္ ၿမိဳ႕နယ္၊ရပ္ကြက္ရွိမဲဆႏၵက်င္းပေရးတာဝန္ရွိသူမ်ားလာေရာက္၍ စနစ္တက်ေသေသသပ္သပ္ လာေရာက္ေဆာင္႐ြက္ေပးခဲ့သည့္အတြက္ ေက်းဇူးအထူးတင္ရွိပါသည္။ ကိုဗစ္ေရာဂါပိုးကာကြယ္မႈျဖစ္ရန္အတြက္ လည္းေကာင္း၊လိမ္လည္မႈ၊မသမာမႈမရွိရန္အတြက္လည္းေကာင္း cctv ကင္မရာမ်ားရွိေသာ ပိုးသတ္ေဆးျဖန္းထားသည့္ မွန္လုံခန္းအတြင္းမွ ေဆာင္႐ြက္ေပးခဲ့ပါသည္။ သို႔ေသာ္ မိမိတစ္ဦးတည္းသာသိရွိသည့္ ရင္တြင္းျဖစ္လွ်ိဳ႕ဝွက္မဲေတာ့ မျဖစ္ခဲ့ပါ။”

“မိမိထည့္လိုသည့္ ပါတီအဖြဲ႕အစည္းကို မွန္ခန္းထဲမွလက္ညႇိဳးထိုးျပ၊တစ္ဖက္မွလည္းမွန္ကန္မႈရွိရန္ ျပန္ျပ၊မိမိမွ လက္မေထာင္ျပမွ ထို ပါတီအမွတ္တံဆိပ္၏ ေဘးကြက္လပ္တြင္ အမွန္ျခစ္ၿပီးစာအိတ္ပိတ္ခဲ့ျခင္းျဖစ္၍ ေဘးလူမ်ားပါ မိမိ၏ဆႏၵကိုသိေစခဲ့မည္ျဖစ္သည္။ မည္သို႔ျဖစ္ေစ ဤအခ်ိန္ကာလတြင္ မိမိသည္မသမာမႈျပဳျခင္းမဟုတ္၊လိမ္လယ္လွည့္ျဖားျခင္းမရွိ၍ မိမိပါစင္နယ္ကိစၥအား လွ်ိဳ႕ ဝွက္ထားစရာမလိုေပ။ ထို႔ေၾကာင့္ လိပ္ျပာသန႔္၍ သီလလုံၿခဳံစြာ သစၥာရွိရွိ ရဲရဲေတာက္ မဲေပးခဲ့ပါၿပီ။ “ေဆး႐ုံေရာက္ ကိုဗစ္လူနာမ်ားလည္း တိုင္းျပည္ ႏွင့္အနာဂတ္အတြက္ တာဝန္ ေက်ခဲ့ပါၿပီ။”” ဆိုျပီး သူ့ရဲ့ ဆႏၵမဲေပးပံု အေတြ့အၾကံဳကို ေျပာျပလာပါတယ္။

ေက်ာ္သူကေတာ့ က်န္းမာေရးအေျခအေနေၾကာင့္ ၾကိဳတင္ဆႏၵမဲမေပးျဖစ္လိုက္ရမွာ စိုးရိမ္ေနခဲ့တာျဖစ္ျပီး ဒီကေန့မွာေတာ့ အားလံုး အဆင္ေျပေခ်ာေမြ့စြာနဲ့ ဆႏၵမဲေပးနိုင္ခဲ့ျပီ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Thu’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

တစ်ဦးတည်းသိတဲ့ လျှို့ဝှက်ဆန္ဒမဲမဖြစ်ခဲ့ပေမယ့်လည်း ဝေဘာဂီဆေးရုံပေါ်မှာပဲ အောင်မြင်စွာကြိုတင်ဆန္ဒမဲပေးနိုင်ခဲ့တဲ့ ကျော်သူ

မင်းသားကြီး ကျော်သူကတော့ အနုပညာမှာသာမက ပရဟိတမှာလည်း စိတ်အားထက်သန်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက ပရဟိတမင်းသားကြီးလို့တောင် တင်စားခေါ်ဝေါ်ကြတာပဲ ဖြစ်ပါတယ်။ ကျော်သူကတော့ လက်ရှိမှာ Covid-19 ရောဂါပိုး ကူးစက်ခံခဲ့ရတာကြောင့် ရန်ကုန်ဝေဘာဂီဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကျော်သူက ဝေဘာဂီဆေးရုံကြီးမှာ ကြိုတင်ဆန္ဒမဲပေးခဲ့တဲ့ သူ့ရဲ့အတွေ့အကြုံကို အခုလိုပဲ ပြောပြလာပါတယ်။

“ကိုဗစ်သမားတွေလည်းတိုင်းပြည် အတွက် တာဝန်ကျေခဲ့ပါပြီ။ ယနေ့ နိုဝင်ဘာလ(၄)ရက်နေ့၊ညနေ(၃:၄၅)နာရီခန့်က ဝေဘာဂီဆေးရုံအုပ်ကြီး ဒေါ်အေးအေးအောင်၏ စေတနာဖြင့် ကျွန်တော်တို့ ကိုဗစ်ဝေဒနာရှင်များ ကြိုတင်ဆန္ဒမဲပေးခွင့်ရရှိခဲ့ပါပြီ။ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်အေးအေးအောင်၏အနီးကပ်ကြီးကြပ်မှုဖြင့် ဆရာဝန်ဆရာဝန်မများ၊ဆေးပညာရှင် များမှတက်ကြွစွာဖြင့် မြို့နယ်၊ရပ်ကွက်ရှိမဲဆန္ဒကျင်းပရေးတာဝန်ရှိသူများလာရောက်၍ စနစ်တကျသေသေသပ်သပ် လာရောက်ဆောင်ရွက်ပေးခဲ့သည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ကိုဗစ်ရောဂါပိုးကာကွယ်မှုဖြစ်ရန်အတွက် လည်းကောင်း၊လိမ်လည်မှု၊မသမာမှုမရှိရန်အတွက်လည်းကောင်း cctv ကင်မရာများရှိသော ပိုးသတ်ဆေးဖြန်းထားသည့် မှန်လုံခန်းအတွင်းမှ ဆောင်ရွက်ပေးခဲ့ပါသည်။ သို့သော် မိမိတစ်ဦးတည်းသာသိရှိသည့် ရင်တွင်းဖြစ်လျှို့ဝှက်မဲတော့ မဖြစ်ခဲ့ပါ။”

“မိမိထည့်လိုသည့် ပါတီအဖွဲ့အစည်းကို မှန်ခန်းထဲမှလက်ညှိုးထိုးပြ၊တစ်ဖက်မှလည်းမှန်ကန်မှုရှိရန် ပြန်ပြ၊မိမိမှ လက်မထောင်ပြမှ ထို ပါတီအမှတ်တံဆိပ်၏ ဘေးကွက်လပ်တွင် အမှန်ခြစ်ပြီးစာအိတ်ပိတ်ခဲ့ခြင်းဖြစ်၍ ဘေးလူများပါ မိမိ၏ဆန္ဒကိုသိစေခဲ့မည်ဖြစ်သည်။ မည်သို့ဖြစ်စေ ဤအချိန်ကာလတွင် မိမိသည်မသမာမှုပြုခြင်းမဟုတ်၊လိမ်လယ်လှည့်ဖြားခြင်းမရှိ၍ မိမိပါစင်နယ်ကိစ္စအား လျှို့ ဝှက်ထားစရာမလိုပေ။ ထို့ကြောင့် လိပ်ပြာသန့်၍ သီလလုံခြုံစွာ သစ္စာရှိရှိ ရဲရဲတောက် မဲပေးခဲ့ပါပြီ။ “ဆေးရုံရောက် ကိုဗစ်လူနာများလည်း တိုင်းပြည် နှင့်အနာဂတ်အတွက် တာဝန် ကျေခဲ့ပါပြီ။”” ဆိုပြီး သူ့ရဲ့ ဆန္ဒမဲပေးပုံ အတွေ့အကြုံကို ပြောပြလာပါတယ်။

ကျော်သူကတော့ ကျန်းမာရေးအခြေအနေကြောင့် ကြိုတင်ဆန္ဒမဲမပေးဖြစ်လိုက်ရမှာ စိုးရိမ်နေခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ အားလုံး အဆင်ပြေချောမွေ့စွာနဲ့ ဆန္ဒမဲပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Thu’s fb
Bilie – Cele Connections