Source: SEIN PHYO & YI’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
(၇) နှစ်ကျော်တိုင်လက်တွဲလာတဲ့ ရင့်ကျက်တဲ့အတွဲလေးပီပီ အမှန်တကယ် Romantic ဆန်ခြင်းရဲ့ အဓိပ္ပာယ်ကိုပြောပြလာတဲ့ ရီရီပွင့်ဖြူနဲ့ မောင်
သရုပ်ဆောင်လောကမှာ အသီးသီးအောင်မြင်ခဲ့တဲ့ သရုပ်ဆောင် မောင်နဲ့ ရီရီပွင့်ဖြူတို့က အခုဆိုရင် အနုပညာလောကနဲ့ လုံးဝအဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ရီရီပွင့်ဖြူနဲ့ မောင်က ရုပ်ရှင်ဇာတ်ကားတွေ လုံးဝမရိုက်ကူးတော့ပေမယ့် သူတို့ရဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကနေပြီး Vlog လေးတွေ ရိုက်ကူးတင်ဆက်ပေးလေ့ရှိတာကြောင့် ပရိသတ်တွေနဲ့ လုံးဝအဆက်အသွယ် ပြတ်တောက်သွားခြင်းမရှိပါဘူး။ ပရိသတ်တွေကလည်း မောင်နဲ့ ရီရီပွင့်ဖြူတို့ရဲ့ လှုပ်ရှားမှုတွေကို စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်အားပေးနေကြလျက်ရှိပါတယ်။
ချစ်သူတွေအဖြစ် လက်တွဲခဲ့တာ (၇) နှစ်ကျော်ရှိနေပြီဖြစ်တဲ့ မောင်နဲ့ ရီရီပွင့်ဖြူက ရင့်ကျက်တဲ့အတွဲလေးပီပီ ဒီကနေ့မှာတော့ အမှန်တကယ် Romantic ဆန်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကိုပြောပြလာပါတယ်။ “Relationship တိုင်းက သူ့နည်းသူဟန်နဲ့ အချစ်ကိုဖော်ပြကြတာချည်းပါပဲ…👨‍❤️‍💋‍👨👫 မ Ro ဘူး ဆိုရင်တောင် အဲ့ဒါ Ro နည်းတမျိုးပါပဲ…❤️ ကိုယ်မှအချစ်ခံနေရတယ်လို့ ထင်နေတာဟာ မှားတယ်..🙅🙅‍♂️” ဆိုပြီး ဝေမျှပေးလာတာပဲ ဖြစ်ပါတယ်။
မောင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ နှစ်ဖက်မိဘသဘောတူကြည်ဖြူစွာနဲ့ သာယာတဲ့ အချစ်ရေးတစ်ခုကို တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့ မကြာခင်အချိန်အတွင်းမှာ ရွှေလက်တွဲပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: SEIN PHYO & YI’s fb
Bilie – Cele Connections