လူငယ္ၾကိဳက္ Rap သီခ်င္းေတြကို သီဆိုတတ္တဲ့ အဆိုေတာ္ Ah Boy ကေတာ့ သီခ်င္းဆိုေကာင္းရံုသာမကပဲ စိတ္သေဘာထားလည္း ေကာင္းမြန္သူတစ္ေယာက္ ျဖစ္ပါတယ္။ ေပ်ာ္ေပ်ာ္ေနတတ္ျပီး စိတ္လြတ္ကိုယ္လြတ္ေနတတ္တဲ့ Ah Boy ကေတာ့ သူနဲ့ ခင္မင္ရင္းနွီးသူတိုင္းကို စစေနာက္ေနာက္ေျပာေလ့ရိွတာပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း Ah Boy က သူနဲ့ ခင္မင္ရင္းနွီးတဲ့ အသိုင္းအဝုိင္းမွာ လူခ်စ္လူခင္ေပါမ်ာရံုသာမက ပရိသတ္ေတြရဲ့ သေဘာက်အားေပးျခင္းကို ခံေနရတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ Ah Boy က သူတို့ဇနီးေမာင္နွံနဲ့ ေက်ာ္ထြဋ္ေဆြတို့ ခ်စ္သူစံုတြဲတို့ အေၾကာင္းနဲ့ ပက္သတ္ျပီး ျဖစ္ရပ္မွန္တစ္ခုကို ခ်ျပလာခဲ့ပါတယ္။ Ah Boy က ကာတြန္းပံုေလးတစ္ပံုကို ခ်ျပျပီး “ျဖစ္ရပ္မွန္ ကာတြန္းေလးပါ။ အဲဒီထဲက အမ်ိဳးသမီး ၂ ေယာက္ကေတာ့… ျမတ္ရတနာေက်ာ္ ႏွင့္ နန္းသူဇာ ပါပဲ။ 🙂” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေဆးထုိးစေနာက္လာတာကို အခုလိုပဲ ေတြ့ရပါတယ္။

ေက်ာ္ထြဋ္ေဆြနဲ့ Ah Boy တို့ကေတာ့ Rock Stars အဖြဲ့ကတည္းက အတူတူရိွခဲ့တဲ့ သူငယ္ခ်င္းေတြျဖစ္ျပီး အခုအခ်ိန္ထိလည္း အရင္ကအတုိင္း အခင္အမင္မျပတ္သလုိ သူတို့ရဲ့ လက္တြဲေဖာ္ေတြျဖစ္တဲ့ ျမတ္ရတနာေက်ာ္နဲ့ နန္းသူဇာတို့ကလည္း ခင္မင္ရင္းနွီးၾကသူေတြ ျဖစ္ၾကပါတယ္။ ပရိသတ္ၾကီးလည္း Ah Boy ရဲ့ ဟာသကိုၾကည့္ျပီး သေဘာက်ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Phyo Tun’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သူတို့ဇနီးမောင်နှံနဲ့ ကျော်ထွဋ်ဆွေတို့ ချစ်သူစုံတွဲ အကြောင်းနဲ့ ပက်သတ်ပြီး ဖြစ်ရပ်မှန်တစ်ခုကို ချပြလာခဲ့တဲ့ Ah Boy

လူငယ်ကြိုက် Rap သီချင်းတွေကို သီဆိုတတ်တဲ့ အဆိုတော် Ah Boy ကတော့ သီချင်းဆိုကောင်းရုံသာမကပဲ စိတ်သဘောထားလည်း ကောင်းမွန်သူတစ်ယောက် ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး စိတ်လွတ်ကိုယ်လွတ်နေတတ်တဲ့ Ah Boy ကတော့ သူနဲ့ ခင်မင်ရင်းနှီးသူတိုင်းကို စစနောက်နောက်ပြောလေ့ရှိတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း Ah Boy က သူနဲ့ ခင်မင်ရင်းနှီးတဲ့ အသိုင်းအဝိုင်းမှာ လူချစ်လူခင်ပေါမျာရုံသာမက ပရိသတ်တွေရဲ့ သဘောကျအားပေးခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ Ah Boy က သူတို့ဇနီးမောင်နှံနဲ့ ကျော်ထွဋ်ဆွေတို့ ချစ်သူစုံတွဲတို့ အကြောင်းနဲ့ ပက်သတ်ပြီး ဖြစ်ရပ်မှန်တစ်ခုကို ချပြလာခဲ့ပါတယ်။ Ah Boy က ကာတွန်းပုံလေးတစ်ပုံကို ချပြပြီး “ဖြစ်ရပ်မှန် ကာတွန်းလေးပါ။ အဲဒီထဲက အမျိုးသမီး ၂ ယောက်ကတော့… မြတ်ရတနာကျော် နှင့် နန်းသူဇာ ပါပဲ။ 🙂” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဆေးထိုးစနောက်လာတာကို အခုလိုပဲ တွေ့ရပါတယ်။

ကျော်ထွဋ်ဆွေနဲ့ Ah Boy တို့ကတော့ Rock Stars အဖွဲ့ကတည်းက အတူတူရှိခဲ့တဲ့ သူငယ်ချင်းတွေဖြစ်ပြီး အခုအချိန်ထိလည်း အရင်ကအတိုင်း အခင်အမင်မပြတ်သလို သူတို့ရဲ့ လက်တွဲဖော်တွေဖြစ်တဲ့ မြတ်ရတနာကျော်နဲ့ နန်းသူဇာတို့ကလည်း ခင်မင်ရင်းနှီးကြသူတွေ ဖြစ်ကြပါတယ်။ ပရိသတ်ကြီးလည်း Ah Boy ရဲ့ ဟာသကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Phyo Tun’s fb
Bilie – Cele Connections