


ယူနီကုဒ်ဖြင့်ဖတ်ရန်

ချစ်သူရည်းစားမရှိတဲ့ တစ်ကိုယ်တည်းအပျိုကြီးပီပီ ကိုယ့်ကိုကိုယ်အားပေးစကားပြောပြီး ဖြေသိမ့်နေတဲ့ ခေးဆက်သွင်

ပရိသတ်တွေက ခေးလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးလေး ခေးဆက်သွင်က MRTV 4 ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုရရှိခဲ့သူပါ။ ခေးဆက်သွင်ကတော့ အနုပညာလောကထဲမှာ ကျင်လည်လာခဲ့တာကြာခဲ့ပြီဆိုပေမယ့် “အရိပ်” ဇာတ်လမ်းတွဲထဲက “အမာညို” ကာရိုက်တာနဲ့ အောင်မြင်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ “နှင်းဆီ” ဇာတ်လမ်းတွဲထဲက “နှင်း” ဆိုတဲ့ ကာရိုက်တာကလည်း သူမကို ပိုမိုပြီး ထင်ရှားစေခဲ့တာပဲ ဖြစ်ပါတယ်။ ခေးဆက်သွင်ကလည်း သူမရဲ့ ကြိုးစားမှုကို လုံးဝမလျှော့ပဲ ပရိသတ်တွေအတွက် တစ်နေ့ထက်တစ်နေ့ ပိုပြီး ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ ခေးဆက်သွင်က အခုအချိန်ထိ အဖော်မရှာသေးပဲ တစ်ကိုယ်တည်းအပျိုကြီးအဖြစ်နဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ခေးဆက်သွင်ကတော့ သူမရဲ့ ဖြစ်တည်မှုအပေါ် “အပျိုကြီးဆိုတာ နှစ်ချို့ဝိုင်လိုပဲဗျ။ သက်တမ်းရင့်လေ စွဲမက်ဖွယ် ကောင်းလေပဲ😎😎 အို ဘယ်လို ဒီလိုပဲ ဖြေသိမ့်ရတာပေါ့ကွယ်😂😂😂” ဆိုပြီး ကိုယ့်ကိုကိုယ်နှစ်သိမ့်စကားပြောပြီး ဖြေသိမ့်လာတာကို တွေ့ရပါတယ်။

ခေးဆက်သွင်ကတော့ ဘယ်သူ့ကိုမှ အားမကိုးပဲ ကိုယ့်အားကိုကိုယ်တဲ့ မိန်းမသားတစ်ယောက်ပဲ ဖြစ်တာမို့ အပျိုကြီးလို့ခေါ်လည်း စိတ်ဆိုးမယ် မထင်ပါဘူး။ ပရိသတ်ကြီးထဲမှာရော ခေးဆက်သွင်နဲ့ စိတ်ကူးချင်းတူတဲ့သူများရှိလား ပြောပြပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khay Sett Thwinး’s fb
Bilie – Cele Connections