လူငယ္ၾကိဳက္ Rap သီခ်င္းေတြကို သီဆိုတဲ့ အဆိုေတာ္ ေနဝင္းကေတာ့ Snare အဖြဲ့ကေနျပီး သီခ်င္းေတြကို သီဆိုသလို သူကိုယ္တိုင္လည္း Solo Song ေတြ ထြက္ရိွထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ေနဝင္းက သူ့ရဲ့ အမိုက္စား သီခ်င္းေတြေၾကာင့္သာမက သစၥာရိွျပီး ခိုင္ျမဲတဲ့အခ်စ္ေရးေလးေၾကာင့္ ပရိသတ္ေတြရဲ့ စိတ္ဝင္စားျခင္းခံရတာပဲ ျဖစ္ပါတယ္။ ေနဝင္းက အခုဆိုရင္ သူ့ရဲ့ ငယ္ခ်စ္ေလးနဲ့ပဲ လက္ထပ္ျပီး သာယာတဲ့ အိမ္ေထာင္တစ္ခုကို တည္ေဆာက္ထားခဲ့ျပီပဲ ျဖစ္ပါတယ္။

ေနဝင္းတုိ့ ဇနီးေမာင္နွံကေတာ့ ခ်စ္သူဘဝကတည္းက အခါၾကီးရက္ၾကီးေတြကို အတူတူေက်ာ္ျဖတ္ခဲ့ၾကတာျဖစ္ျပီး သီတင္းကြ်တ္လိုအခ်ိန္ေတြမွာလည္း အျမဲတမ္း အတူတူရိွေလ့ရိွတာပဲ ျဖစ္ပါတယ္။ ဒီနွစ္သီတင္းကြ်တ္မွာေတာ့ ေနဝင္းက ရိႈးဆိုစရာမရိွတဲ့အတြက္ ေနအိမ္မွာပဲ ခ်စ္ဇနီးနဲ့ အခ်ိန္ကုန္ဆံုးျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေနဝင္းက စိန္လက္စြပ္ၾကီးနဲ့ သီတင္းကြ်တ္ဂါရဝျပဳကန္ေတာ့တဲ့ ခ်စ္ဇနီးကို အမိအရဗီဒီယိုေလးရိုက္ျပီး အခုလိုပဲ မွ်ေဝေပးလာခဲ့ပါတယ္။

ေနဝင္းကေတာ့ ခ်စ္ဇနီးအလိမၼာေလးဆီက လက္ေဆာင္ထက္ သိတတ္မႈေလးတစ္ခုကို ရရိွခဲ့တာေၾကာင့္ ပီတိျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေနဝင္းတို့ ဇနီးေမာင္နွံရဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး ပီတိျဖစ္ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Win’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

စိန်လက်စွပ်ကြီးနဲ့ သီတင်းကျွတ်ဂါရဝပြုကန်တော့တဲ့ ချစ်ဇနီးလေးရဲ့ သိတတ်မှုကြောင့် ပီတိဖြစ်နေရတဲ့ နေဝင်း

လူငယ်ကြိုက် Rap သီချင်းတွေကို သီဆိုတဲ့ အဆိုတော် နေဝင်းကတော့ Snare အဖွဲ့ကနေပြီး သီချင်းတွေကို သီဆိုသလို သူကိုယ်တိုင်လည်း Solo Song တွေ ထွက်ရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ နေဝင်းက သူ့ရဲ့ အမိုက်စား သီချင်းတွေကြောင့်သာမက သစ္စာရှိပြီး ခိုင်မြဲတဲ့အချစ်ရေးလေးကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းခံရတာပဲ ဖြစ်ပါတယ်။ နေဝင်းက အခုဆိုရင် သူ့ရဲ့ ငယ်ချစ်လေးနဲ့ပဲ လက်ထပ်ပြီး သာယာတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားခဲ့ပြီပဲ ဖြစ်ပါတယ်။

နေဝင်းတို့ ဇနီးမောင်နှံကတော့ ချစ်သူဘဝကတည်းက အခါကြီးရက်ကြီးတွေကို အတူတူကျော်ဖြတ်ခဲ့ကြတာဖြစ်ပြီး သီတင်းကျွတ်လိုအချိန်တွေမှာလည်း အမြဲတမ်း အတူတူရှိလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီနှစ်သီတင်းကျွတ်မှာတော့ နေဝင်းက ရှိုးဆိုစရာမရှိတဲ့အတွက် နေအိမ်မှာပဲ ချစ်ဇနီးနဲ့ အချိန်ကုန်ဆုံးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နေဝင်းက စိန်လက်စွပ်ကြီးနဲ့ သီတင်းကျွတ်ဂါရဝပြုကန်တော့တဲ့ ချစ်ဇနီးကို အမိအရဗီဒီယိုလေးရိုက်ပြီး အခုလိုပဲ မျှဝေပေးလာခဲ့ပါတယ်။

နေဝင်းကတော့ ချစ်ဇနီးအလိမ္မာလေးဆီက လက်ဆောင်ထက် သိတတ်မှုလေးတစ်ခုကို ရရှိခဲ့တာကြောင့် ပီတိဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေဝင်းတို့ ဇနီးမောင်နှံရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ပီတိဖြစ်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Win’s fb
Bilie – Cele Connections