


ယူနီကုဒ်ဖြင့်ဖတ်ရန်

အချစ်ဆုံး မိတ်ကပ်စွာစွာနဲ့ သူသူကို ထိုင်းသီချင်းအတိုင်း ကပြခိုင်းခဲ့ပြီး သဘောကျမဆုံးဖြစ်နေတဲ့ သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယို

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ ငယ်စဉ်ကတည်းကနေ အခုအသက်သုံးဆယ်ကျော်အရွယ်ထိတိုင် အောင်မြင်မှုတွေကျဆင်းမသွားပဲ ကျော်ကြားနေဆဲ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ ပိုပိုလှလာတဲ့ သင်ဇာဝင့်ကျော်ကို ပုရိသပရိသတ်အပေါင်းတို့ကလည်း အားပေးဝန်းရံကြသလို မိန်းကလေးပရိသတ်အများအပြားကလည်း ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ အသက်သုံးဆယ်ကျော်အရွယ်အထိ အိမ်ထောင်မပြုသေးပဲ သူမချစ်ရတဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့သာ နေထိုင်ရင်း အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

အသက်သုံးဆယ်ကျော်သည့်တိုင် တစ်ကိုယ်တည်းအပျိုကြီးအဖြစ် နေထိုင်ရပ်တည်နေတဲ့ သင်ဇာဝင့်ကျော်က သူမရဲ့ နေ့စဉ်ဘဝမှာ မိသားစုလိုချစ်ရတဲ့ မိတ်ကပ်ဆရာနှစ်ယောက်နဲ့ပဲ အဖော်ပြုဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း သင်ဇာဝင့်ကျော်က သူမအရမ်းချစ်ရတဲ့ မိတ်ကပ်စွာစွာနဲ့ သူသူကို ထိုင်းသီချင်းအတိုင်း ကပြခိုင်းခဲ့ပြီး သဘောကျမဆုံးဖြစ်နေပုံကို အခုလိုပဲ ဗီဒီယိုလေးရိုက်ကူးပြီး မျှဝေပေးလာခဲ့ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ မိတ်ကပ် စွာစွာနဲ့ သူသူတို့ကို သူမသွားလေရာမှာ ထားလေ့ရှိပြီး မိသားစုလို ဆက်ဆံသလို စွာစွာနဲ့သူသူကလည်း သင်ဇာဝင့်ကျော်ကို အမေလို၊ အစ်မလို အားကိုးချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ စွာစွာနဲ့ သူသူတို့ရဲ့ ကကွက်တွေကို သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Thin Zar Wint Kyaw ‘s fb
Bilie – Cele Connections