နုိင္ငံေက်ာ္ စတူဒီယိုေတးသံရွင္တစ္ေယာက္ျဖစ္တဲ့ တူးတူးကေတာ့ လူလတ္ပိုင္းပရိသတ္ေတြနဲ့ လူၾကီးပိုင္းပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာရရိွထားသူတစ္ေယာက္ပါ။ တူးတူးကေတာ့ ရုပ္ရွင္ဇာတ္ဝင္ေတးသီခ်င္းမ်ားစြာကိုလည္း သီဆိုခဲ့သူမို့ ဒီဘက္ေခတ္လူငယ္ေတြနဲ့လည္း မစိမ္းတဲ့ အဆိုေတာ္တစ္ေယာက္ဆိုလည္း မွားမယ္မထင္ပါဘူး။ ဒီကေန့မွာေတာ့ တူးတူးက အနီေရာင္၊ အစိမ္းေရာင္ေတြပါတဲ့ အြန္လိုင္းဂိမ္းတစ္ခုဟာ ေရြးေကာက္ပြဲနီးမွ ေခတ္စားလာတာနဲ့ ပက္သတ္ျပီး စိတ္ထဲမွာ မရိုးသားဘူးလို့ သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေရးသားလာတာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ တူးတူးက ထိုကိစၥနဲ့ ပက္သတ္ျပီး တစ္ဖက္ေစာင္းနင္းေဝဖန္သူေတြအေပၚ “haha ေပးၿပီး အကြက္ရၿပီတြယ္မယ္ဟဆိုၿပီးတြယ္ၾကတဲ့သူေတြ နားနားၿပီးတြယ္ၾကပါ တစ္ခုေတာ့ထပ္ၿပီးေျပာပါမယ္။ စၿပီးေရးထဲကိုက ဒါႀကီးကဒီလိုႀကီး ေသခ်ာတယ္ လုံးဝမလုပ္ပါၾကနဲ႔ လို႔ေရးတာမဟုတ္ပါ ျပန္ဖတ္ၾကည့္ရင္ေတြ႕မွာပါ စိတ္ထဲအမ်ိဳးခံစားရလို႔ ရင္ဘတ္ခ်င္းတူတဲ့သူေတြကိုသာ ျဖစ္ႏိုင္ရင္မေဆာ့ၾကဖို႔ ေျပာထားတာ ၊ေနာက္တစ္ခုက ဒီဂိမ္းေတြက ဒီအခ်ိန္ေ႐ြးေကာက္ပြဲနီးမွFB မွာေတြ႕လာတာပါ ႏိုင္ငံေရးမွာတိုက္ဆိုင္တယ္ဆိုတာမရွိတို႔ သတိဆိုတာပိုတယ္မရွိတို႔ ဆိုတဲ့စကားပုံလဲၾကားဘူးၾကမယ္ထင္ပါတယ္။ ဒါကို စပ္တဲ့သူကစပ္ အကြက္ရၿပီဆိုၿပီးဝင္တြန္းတဲ့သူကတြန္း ျမင္မေကာင္းဘူးဗ်ာ။ အေကာင္းျမင္ေပးတဲ့သူေတြေရာမေကာင္းျမင္တဲ့သူေတေရာ အားလုံးကိုေက်းဇူးတင္ပါတယ္ခင္ဗ်ားဘယ္သူေတြကဘာေတြဆိုတာသိလိုက္ရတာအျမတ္လို႔ပဲမွတ္ထားလိုက္ပါတယ္” ဆိုျပီး ျပန္လည္ေျဖရွင္း တံု့ျပန္လာပါတယ္။

တူးတူးကေတာ့ အြန္လိုင္းဂိမ္းတစ္ခုက အေရာင္ကိစၥနဲ့ ပက္သတ္ျပီး သူ့ရဲ့ စိတ္ထဲမွာ ျဖစ္ေပၚလာတာကို ပြင့္ပြင့္လင္းလင္းထုတ္ေျပာမိရာကေန ေနာက္ဆက္တြဲျပႆနာေတြကိုပါ ေျဖရွင္းလာရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း အခုဆိုရင္ တူးတူးဆိုလိုခ်င္တဲ့ သေဘာကို နားလည္သြားၾကျပီ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: TU TU’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အနီ၊ အစိမ်းတွေပါတဲ့ အွန်လိုင်းဂိမ်းတစ်ခုကို စိတ်ထဲမှာမရိုးသားဘူးလို့ပြောမိတဲ့အတွက် ဝေဖန်ကြသူတွေသိအောင် ရှင်းရှင်းလင်းလင်းတုံ့ပြန်လာတဲ့ တူးတူး

နိုင်ငံကျော် စတူဒီယိုတေးသံရှင်တစ်ယောက်ဖြစ်တဲ့ တူးတူးကတော့ လူလတ်ပိုင်းပရိသတ်တွေနဲ့ လူကြီးပိုင်းပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ပါ။ တူးတူးကတော့ ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများစွာကိုလည်း သီဆိုခဲ့သူမို့ ဒီဘက်ခေတ်လူငယ်တွေနဲ့လည်း မစိမ်းတဲ့ အဆိုတော်တစ်ယောက်ဆိုလည်း မှားမယ်မထင်ပါဘူး။ ဒီကနေ့မှာတော့ တူးတူးက အနီရောင်၊ အစိမ်းရောင်တွေပါတဲ့ အွန်လိုင်းဂိမ်းတစ်ခုဟာ ရွေးကောက်ပွဲနီးမှ ခေတ်စားလာတာနဲ့ ပက်သတ်ပြီး စိတ်ထဲမှာ မရိုးသားဘူးလို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် တူးတူးက ထိုကိစ္စနဲ့ ပက်သတ်ပြီး တစ်ဖက်စောင်းနင်းဝေဖန်သူတွေအပေါ် “haha ပေးပြီး အကွက်ရပြီတွယ်မယ်ဟဆိုပြီးတွယ်ကြတဲ့သူတွေ နားနားပြီးတွယ်ကြပါ တစ်ခုတော့ထပ်ပြီးပြောပါမယ်။ စပြီးရေးထဲကိုက ဒါကြီးကဒီလိုကြီး သေချာတယ် လုံးဝမလုပ်ပါကြနဲ့ လို့ရေးတာမဟုတ်ပါ ပြန်ဖတ်ကြည့်ရင်တွေ့မှာပါ စိတ်ထဲအမျိုးခံစားရလို့ ရင်ဘတ်ချင်းတူတဲ့သူတွေကိုသာ ဖြစ်နိုင်ရင်မဆော့ကြဖို့ ပြောထားတာ ၊နောက်တစ်ခုက ဒီဂိမ်းတွေက ဒီအချိန်ရွေးကောက်ပွဲနီးမှFB မှာတွေ့လာတာပါ နိုင်ငံရေးမှာတိုက်ဆိုင်တယ်ဆိုတာမရှိတို့ သတိဆိုတာပိုတယ်မရှိတို့ ဆိုတဲ့စကားပုံလဲကြားဘူးကြမယ်ထင်ပါတယ်။ ဒါကို စပ်တဲ့သူကစပ် အကွက်ရပြီဆိုပြီးဝင်တွန်းတဲ့သူကတွန်း မြင်မကောင်းဘူးဗျာ။ အကောင်းမြင်ပေးတဲ့သူတွေရောမကောင်းမြင်တဲ့သူတေရော အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျားဘယ်သူတွေကဘာတွေဆိုတာသိလိုက်ရတာအမြတ်လို့ပဲမှတ်ထားလိုက်ပါတယ်” ဆိုပြီး ပြန်လည်ဖြေရှင်း တုံ့ပြန်လာပါတယ်။

တူးတူးကတော့ အွန်လိုင်းဂိမ်းတစ်ခုက အရောင်ကိစ္စနဲ့ ပက်သတ်ပြီး သူ့ရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတာကို ပွင့်ပွင့်လင်းလင်းထုတ်ပြောမိရာကနေ နောက်ဆက်တွဲပြဿနာတွေကိုပါ ဖြေရှင်းလာရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အခုဆိုရင် တူးတူးဆိုလိုချင်တဲ့ သဘောကို နားလည်သွားကြပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: TU TU’s fb
Bilie – Cele Connections