ယူနီကုဒ်ဖြင့်ဖတ်ရန်
ချစ်သူမရှိတဲ့ တစ်ကိုယ်တည်း Single ဘဝမှာ အချစ်တော်ခွေးလေးတွေနဲ့သာ ဂယက်ကမ္ဘာတည်ဆောက်ထားတဲ့ သူမရဲ့ဖြစ်ပုံကို ပြသလာတဲ့ ဆုမြတ်နိုးဦး
ချစ်စရာကောင်းပြီး အမြဲတမ်းပြုံးနေတတ်တဲ့ မင်းသမီးချောလေး ဆုမြတ်နိုးဦးကတော့ မြိတ်သူလေးတစ်ယောက်ဖြစ်ပြီး အသံဝဲဝဲလေးနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင်တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးက လက်ရှိမှာလည်း သူမဝါသာနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း တစ်ဖက်မှာလည်း အွန်လိုင်းကနေ ဈေးရောင်းချခြင်းတို့ကို ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ ဆုမြတ်နိုးဦးရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်အားပေးကြတာချည်းပဲ ဖြစ်ပါတယ်။
အိမ်ထောင်ပြုသင့်တဲ့အရွယ်ကိုရောက်နေပြီဖြစ်တဲ့ ဆုမြတ်နိုးဦးကတော့ အခုအချိန်ထိ ချစ်သူရည်းစားတောင်မရှိပဲ ဘဝကို အပူအပင်ကင်းကင်းဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဆုမြတ်နိုးဦးက ချစ်သူမရှိတဲ့ တစ်ကိုယ်တည်း Single ဘဝမှာ အချစ်တော်ခွေးလေးတွေနဲ့ပဲ တစ်ကမ္ဘာတည်ဆောက်ထားတဲ့ သူမရဲ့ဖြစ်ပုံကို ဗီဒီယိုလေးုရိုက်ကူးပြီး အခုလိုပဲ မျှဝေပေးလာခဲ့ပါတယ်။
ဆုမြတ်နိုးဦးကတော့ သူမရဲ့ဘဝမှာ ခွေးလေးတွေနဲ့ ချစ်ခင်ရတဲ့ မိသားစု၊ မိတ်ဆွေတွေသာရှိရင် ချစ်သူ ရည်းစားဆိုတာ လိုမယ် မထင်ပါဘူးနော်။ ပရိသတ်ကြီးထဲမှာရော ဆုမြတ်နိုးဦးနဲ့ ဘဝတူတွေများရှိလား ပြောပြပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Hsu Myat Noe Oo’s fb
Bilie – Cele Connections