နာမည္နဲ့လိုက္ေအာင္ စူးရွေတာက္ပတဲ့ မ်က္ဝန္းေတြနဲ့ မိန္းကေလးေတြရဲ့ အသည္းနွလံုးကို ဖမ္းစားထားနိုင္တဲ့ မင္းသားေခ်ာ အလင္းေရာင္ကေတာ့ ဒီဘက္ေခတ္ရဲ့ အေအာင္ျမင္ဆံုး မင္းသားတစ္လက္လုိ့ ဆုိနိုင္ပါတယ္။ အလင္းေရာင္က ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာ ေခါင္းေဆာင္မင္းသားအျဖစ္ သရုပ္ေဆာင္ခဲ့ျပီး သူပါဝင္ခဲ့သမွ် ရုပ္ရွင္ဇာတ္ကားေတြကလည္း ပရိသတ္အားေပးမႈကို ရရိွခဲ့တာကို အခုလိုပဲ ေတြ့ရပါတယ္။ စိတ္ခံစားခ်က္နဲ့ ပက္သတ္ျပီး ေတာ္ရံုဖြင့္ဟေျပာဆိုေလ့မရိွတဲ့ အလင္းေရာင္က ဒီကေန့မွာေတာ့ အလွဴအတန္းေတြျပဳလုပ္တဲ့အခါ ဗီဒီယိုမွတ္တမ္းတင္တာေတြနဲ့ ပက္သတ္ျပီး သတိထားဆင္ျခင္ဖို့ အခုလိုပဲ ေျပာလာပါတယ္။

“( ဒီလိုမ်ိဳး ကြၽန္ေတာ္ေရးေလးေရးထမရွိေပမယ့္ ၾကည့္္မိတဲ့ video အခ်ိဳ႕ေၾကာင့္ ေရးတင္တာျဖစ္ပါတယ္ ) အလႉအတန္းလုပ္တဲ့အခါ မွာ မွတ္တမ္းတင္တဲ့ဓေလ့က လြန္ခဲ့တဲ့ ႏွစ္ေထာင္ခ်ီထဲက စခဲ့တဲ့အေလ့အထတခုပါ။ေျပာင္းလဲတိုးတက္လာတဲ့ေနာက္ပိုင္း အလႉအတန္းျပဳျခင္း ကူညီေပးတာေတြကို မွတ္တမ္းတင္တဲ့အခါမွာ Social Platform ေတြမွာ(အထူးသျဖင့္ Facebook)တင္ၾကပါတယ္။ လမ္းေပၚမွ ေစ်းေရာင္းေနတဲ့ ကေလးငယ္ အဘိုးအို အဘြားအိုမ်ားကို အကူအညီေပးျခင္း မေျပလည္တဲ့ အေျခခံလူတန္းစားေတြကို အလႉအတန္းျပဳျခင္းေတြကို video record မ်ားလုပ္ၿပီး တင္ၾကတယ္။ တခ်ိဳ့ကေတာ့ အလႉအတန္းျပဳလုပ္ခံရသူေတြရဲ႕ ခြင့္ျပဳခ်က္ယူၿပီးတင္ၾကတယ္။ တခ်ိဳ႕ကေတာ့ ခြင့္ျပဳခ်က္မယူပဲ တင္ၾကတယ္။ လူအခြင့္အေရးခ်ိဳးေဖာက္တယ္လို႔ သုံးႏႈန္းရင္ ကြၽန္ေတာ့္ စကားလုံးမ်ား အရမ္းႀကီးသြားမလား။ ”

“ဒါေပမယ့္ သူသူကိုယ္ကိုယ့္ မေျပလည္မႈ အဆင္မေျပမႈေတြ ၾကားမွာ သူမ်ားေပးစာကမ္းစာ စားေနရတယ္ဆိုတာ မွတ္တမ္းတင္ ပုံ႐ိုက္ခံရတာကို စိတ္ထဲ အဆင္ေျပတဲ့ သူရွိသလို မေျပတဲ့သူရွိတယ္ဆိုတာ သတိထားေပးသင့္ပါတယ္။ လူတစ္ဖက္သား အားငယ္ သိမ္ငယ္ သြားမွာမ်ိဳးကို အေလးမထားေတာ့ပဲ မဆင္မျခင္ ျပဳလုပ္ ေျပာဆိုၿပီး အစုလိုက္အၿပဳံလိုက္ ကင္မရာေတြနဲ႔ ႐ိုက္႐ိုက္တင္ေနၾကတာဟာ ေတာ္ေတာ္ေလး အဆင္မေျပပါဘူး။ အထူးသျဖင့္ ႐ိုးသားစြာ လုပ္ကိုင္စားေသာက္ေနၾကတဲ့ ခ်ိဳ႕တဲ့ေသာ ကေလးငယ္မ်ားကို စိတ္အားငယ္ ဝမ္းနည္းေအာင္ မလုပ္ေစခ်င္ပါ။(မေန႔ညကၾကည့္မိတဲ့ video file တခုအရ)ေျမနိမ့္ရာ လွံစိုက္ ဆိုတာ ေကာင္းတဲ့ အျပဳအမူမဟုတ္တဲ့အတြက္ ဆင္ျခင္ၾကေစခ်င္ပါတယ္။ ေပါက္ဖြားႀကီးျပင္းလာတဲ့ ကံဇာတာမတူတဲ့သူေတြရဲ႕ ဘဝ ဟာ ကြာျခားမႈရွိေနမွာပါ ကြာျခားမႈကို အခြင့္ေကာင္းမယူပဲ လူလူ ခ်င္း အဲ့ေနရာမွာ ငါသာဆိုရင္ ငါ့မိသားစု သာဆိုရင္ ဆိုတဲ့ ကိုယ္ခ်င္းစာစိတ္ထားေပးႏိုင္ရင္ ေကာင္းမယ္လို႔ ျမင္မိပါတယ္။ အျမင္မတူညီမႉမ်ားရွိလွ်င္ ေက်ာ္သြားႏိုင္ပါသည္။” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေရးသားလာပါတယ္။

အလင္းေရာင္ကေတာ့ ေတာ္ရံုဆို ဒီလိုစာမ်ိဳးကို ေရးေလ့ေရးထမရိွေပမယ့္ ဗီဒီယိုတစ္ခုကို ၾကည့္ျပီးတဲ့ေနာက္ ျဖစ္ေပၚလာတဲ့ သူ့ရဲ့ ခံစားခ်က္ကို ေျပာလာတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးေရာ အလင္းေရာင္ေျပာတာကို ဘယ္လိုသေဘာရလဲ ေဆြးေႏြးေပးခဲ့ပါဦးေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Alinnyaung Light’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အလှူအတန်းတွေပြုလုပ်တဲ့အခါ ဗီဒီယိုမှတ်တမ်းတွေရိုက်ကူးတာမှန်ပေမယ့် မြေနိမ့်ရာလှံစိုက်တာမျိုးမဖြစ်ဖို့ ဆင်ခြင်စေချင်တယ်ဆိုတဲ့ အလင်းရောင်

နာမည်နဲ့လိုက်အောင် စူးရှတောက်ပတဲ့ မျက်ဝန်းတွေနဲ့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်တဲ့ မင်းသားချော အလင်းရောင်ကတော့ ဒီဘက်ခေတ်ရဲ့ အအောင်မြင်ဆုံး မင်းသားတစ်လက်လို့ ဆိုနိုင်ပါတယ်။ အလင်းရောင်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ခဲ့ပြီး သူပါဝင်ခဲ့သမျှ ရုပ်ရှင်ဇာတ်ကားတွေကလည်း ပရိသတ်အားပေးမှုကို ရရှိခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။ စိတ်ခံစားချက်နဲ့ ပက်သတ်ပြီး တော်ရုံဖွင့်ဟပြောဆိုလေ့မရှိတဲ့ အလင်းရောင်က ဒီကနေ့မှာတော့ အလှူအတန်းတွေပြုလုပ်တဲ့အခါ ဗီဒီယိုမှတ်တမ်းတင်တာတွေနဲ့ ပက်သတ်ပြီး သတိထားဆင်ခြင်ဖို့ အခုလိုပဲ ပြောလာပါတယ်။

“( ဒီလိုမျိုး ကျွန်တော်ရေးလေးရေးထမရှိပေမယ့် ကြည့်မိတဲ့ video အချို့ကြောင့် ရေးတင်တာဖြစ်ပါတယ် ) အလှူအတန်းလုပ်တဲ့အခါ မှာ မှတ်တမ်းတင်တဲ့ဓလေ့က လွန်ခဲ့တဲ့ နှစ်ထောင်ချီထဲက စခဲ့တဲ့အလေ့အထတခုပါ။ပြောင်းလဲတိုးတက်လာတဲ့နောက်ပိုင်း အလှူအတန်းပြုခြင်း ကူညီပေးတာတွေကို မှတ်တမ်းတင်တဲ့အခါမှာ Social Platform တွေမှာ(အထူးသဖြင့် Facebook)တင်ကြပါတယ်။ လမ်းပေါ်မှ ဈေးရောင်းနေတဲ့ ကလေးငယ် အဘိုးအို အဘွားအိုများကို အကူအညီပေးခြင်း မပြေလည်တဲ့ အခြေခံလူတန်းစားတွေကို အလှူအတန်းပြုခြင်းတွေကို video record များလုပ်ပြီး တင်ကြတယ်။ တချို့ကတော့ အလှူအတန်းပြုလုပ်ခံရသူတွေရဲ့ ခွင့်ပြုချက်ယူပြီးတင်ကြတယ်။ တချို့ကတော့ ခွင့်ပြုချက်မယူပဲ တင်ကြတယ်။ လူအခွင့်အရေးချိုးဖောက်တယ်လို့ သုံးနှုန်းရင် ကျွန်တော့် စကားလုံးများ အရမ်းကြီးသွားမလား။ ”

“ဒါပေမယ့် သူသူကိုယ်ကိုယ့် မပြေလည်မှု အဆင်မပြေမှုတွေ ကြားမှာ သူများပေးစာကမ်းစာ စားနေရတယ်ဆိုတာ မှတ်တမ်းတင် ပုံရိုက်ခံရတာကို စိတ်ထဲ အဆင်ပြေတဲ့ သူရှိသလို မပြေတဲ့သူရှိတယ်ဆိုတာ သတိထားပေးသင့်ပါတယ်။ လူတစ်ဖက်သား အားငယ် သိမ်ငယ် သွားမှာမျိုးကို အလေးမထားတော့ပဲ မဆင်မခြင် ပြုလုပ် ပြောဆိုပြီး အစုလိုက်အပြုံလိုက် ကင်မရာတွေနဲ့ ရိုက်ရိုက်တင်နေကြတာဟာ တော်တော်လေး အဆင်မပြေပါဘူး။ အထူးသဖြင့် ရိုးသားစွာ လုပ်ကိုင်စားသောက်နေကြတဲ့ ချို့တဲ့သော ကလေးငယ်များကို စိတ်အားငယ် ဝမ်းနည်းအောင် မလုပ်စေချင်ပါ။(မနေ့ညကကြည့်မိတဲ့ video file တခုအရ)မြေနိမ့်ရာ လှံစိုက် ဆိုတာ ကောင်းတဲ့ အပြုအမူမဟုတ်တဲ့အတွက် ဆင်ခြင်ကြစေချင်ပါတယ်။ ပေါက်ဖွားကြီးပြင်းလာတဲ့ ကံဇာတာမတူတဲ့သူတွေရဲ့ ဘဝ ဟာ ကွာခြားမှုရှိနေမှာပါ ကွာခြားမှုကို အခွင့်ကောင်းမယူပဲ လူလူ ချင်း အဲ့နေရာမှာ ငါသာဆိုရင် ငါ့မိသားစု သာဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာစိတ်ထားပေးနိုင်ရင် ကောင်းမယ်လို့ မြင်မိပါတယ်။ အမြင်မတူညီမှူများရှိလျှင် ကျော်သွားနိုင်ပါသည်။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။

အလင်းရောင်ကတော့ တော်ရုံဆို ဒီလိုစာမျိုးကို ရေးလေ့ရေးထမရှိပေမယ့် ဗီဒီယိုတစ်ခုကို ကြည့်ပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ သူ့ရဲ့ ခံစားချက်ကို ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော အလင်းရောင်ပြောတာကို ဘယ်လိုသဘောရလဲ ဆွေးနွေးပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Alinnyaung Light’s fb
Bilie – Cele Connections