တုိင္းရင္းသူ မင္းသမီးေတြထဲက ထူးျခားသူေလးတစ္ေယာက္ျဖစ္တဲ့ ခင္ေလးႏြယ္ကေတာ့ ခ်စ္စရာေကာင္းတဲ့အျပင္ စကားသံဝဲဝဲေလးနဲ့ သရုပ္ေဆာင္တတ္တာမို့ ပရိသတ္ေတြရဲ့ အခ်စ္ေတြကို ရရိွပိုင္ဆိုင္ထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ခင္ေလးႏြယ္က လက္ရိွမွာေတာ့ အခုဆိုရင္ အနုပညာအလုပ္ေတြကို မလုပ္ျဖစ္ေတာ့သေလာက္ျဖစ္သြားခဲ့ျပီး စီးပြားေရးလုပ္ငန္းေတြကိုသာ ဦးေဆာင္လုပ္ကပ္ကိုင္ေပးေနတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ခင္ေလးႏြယ္က အိမ္ေထာင္ျပဳျပီးခဲ့ျပီျဖစ္ျပီး သူမခင္ပြန္းရဲ့ စီးပြားေရးအလုပ္ေတြကိုလည္း နံေဘးနားကေန ကူညီလုပ္ေဆာင္ေပးေနတာပဲ ျဖစ္ပါတယ္။

ခင္ပြန္းျဖစ္သူနဲ့အတူတူ ေကာ့ေသာင္းျမိဳ့က ကြ်န္းေလးအနီးမွာ ေဟာ္တယ္လုပ္ငန္းလုပ္ကိုင္ေနတဲ့ ခင္ေလးႏြယ္က ျပီးခဲ့တဲ့ရက္ပိုင္းကပဲ ရန္ကုန္ျမိဳ့ကို ေရာက္ရိွခဲ့တာပဲ ျဖစ္ပါတယ္။ ခင္ေလးႏြယ္ကေတာ့ သူမ ရန္ကုန္မွာရိွေနတုန္း ကြ်န္ေလးေပၚမွာ တစ္ေယာက္တည္းက်န္ရစ္ခဲ့တဲ့ ခင္ပြန္းျဖစ္သူကို သတိရေနတာေၾကာင့္ နွစ္ေယာက္သားအတူရိွခဲ့တဲ့ပံုေလးကို မွ်ေဝရင္း “သတိရတယ္ ဆိုတာထက္ ပိုပါတယ္….” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေပးလာခဲ့ပါတယ္။

ခင္ေလးႏြယ္ကေတာ့ အသက္သံုးဆယ္ေက်ာ္အရြယ္မွ အိမ္ေထာင္ျပဳခဲ့ေပမယ့္ သူမရဲ့ အိမ္ေထာင္သည္ဘဝေလးမွာ ေပ်ာ္ရႊင္ေအးခ်မ္းစြာရိွေနျပီပဲ ျဖစ္ပါတယ္။ ခင္ေလးႏြယ္တို့ ဇနီးေမာင္နွံနွစ္ေယာက္ အျမန္ဆံုးဆံုေတြ့နိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Khin Lay Nwe’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကျွန်လေးပေါ်မှာ တစ်ယောက်တည်းကျန်ရစ်ခဲ့တဲ့ ခင်ပွန်းဖြစ်သူကို လွမ်းဆွတ်သတိရနေတဲ့အကြောင်းတွေ ရင်ဖွင့်ပြောလာခဲ့တဲ့ ခင်လေးနွယ်

တိုင်းရင်းသူ မင်းသမီးတွေထဲက ထူးခြားသူလေးတစ်ယောက်ဖြစ်တဲ့ ခင်လေးနွယ်ကတော့ ချစ်စရာကောင်းတဲ့အပြင် စကားသံဝဲဝဲလေးနဲ့ သရုပ်ဆောင်တတ်တာမို့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ ခင်လေးနွယ်က လက်ရှိမှာတော့ အခုဆိုရင် အနုပညာအလုပ်တွေကို မလုပ်ဖြစ်တော့သလောက်ဖြစ်သွားခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေကိုသာ ဦးဆောင်လုပ်ကပ်ကိုင်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခင်လေးနွယ်က အိမ်ထောင်ပြုပြီးခဲ့ပြီဖြစ်ပြီး သူမခင်ပွန်းရဲ့ စီးပွားရေးအလုပ်တွေကိုလည်း နံဘေးနားကနေ ကူညီလုပ်ဆောင်ပေးနေတာပဲ ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူနဲ့အတူတူ ကော့သောင်းမြို့က ကျွန်းလေးအနီးမှာ ဟော်တယ်လုပ်ငန်းလုပ်ကိုင်နေတဲ့ ခင်လေးနွယ်က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရန်ကုန်မြို့ကို ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ခင်လေးနွယ်ကတော့ သူမ ရန်ကုန်မှာရှိနေတုန်း ကျွန်လေးပေါ်မှာ တစ်ယောက်တည်းကျန်ရစ်ခဲ့တဲ့ ခင်ပွန်းဖြစ်သူကို သတိရနေတာကြောင့် နှစ်ယောက်သားအတူရှိခဲ့တဲ့ပုံလေးကို မျှဝေရင်း “သတိရတယ် ဆိုတာထက် ပိုပါတယ်….” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာခဲ့ပါတယ်။

ခင်လေးနွယ်ကတော့ အသက်သုံးဆယ်ကျော်အရွယ်မှ အိမ်ထောင်ပြုခဲ့ပေမယ့် သူမရဲ့ အိမ်ထောင်သည်ဘဝလေးမှာ ပျော်ရွှင်အေးချမ်းစွာရှိနေပြီပဲ ဖြစ်ပါတယ်။ ခင်လေးနွယ်တို့ ဇနီးမောင်နှံနှစ်ယောက် အမြန်ဆုံးဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khin Lay Nwe’s fb
Bilie – Cele Connections