


ယူနီကုဒ်ဖြင့်ဖတ်ရန်

သားသမီးတွေမပါပဲ နှစ်ယောက်တည်းအပြင်သွားရင်း သီချင်းလေးတညည်းညည်းနဲ့တွေ့ရတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံရဲ့ ဗီဒီယို

မြန်မာနိုင်ငံရဲ့ နာမည်ကြီး အနုပညာရှင် ဇနီးမောင်နှံနှစ်ယောက်ဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က အနုပညာလောကမှာ တောက်ပတဲ့ကြယ်ပွင့်တွေပီပီ အကယ်ဒမီဆုတွေများစွာကို ပိုင်ဆိုင်ထားသူတွေပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်၊ စီးပွားရေးအလုပ်တွေကို ဦးစီးလုပ်ကိုင်နေကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံက သားနဲ့ သမီးကိုလည်း မအားလပ်တဲ့အချိန်တွေကြားကပဲ ဂရုစိုက်စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရုပ်ရှင်ရိုက်ကူးခြင်းတွေ ရပ်နားထားတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံက သမီးကြီး ပြေသုဒြာနဲ့ သားငယ် ပြေဓီရတို့နားမှာနေရင်း မိသားစုအချိန်တွေကို ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ပြေတီဦးနဲ့ အိနြာကျော်ဇင်က သူတို့ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် ဗီဒီယိုလေးတစ်ခုကို မျှဝေပေးပြီး အလွမ်းတွေ ပြေစေခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံက သားသမီးတွေမပါပဲ သီချင်းလေးတညည်းညည်းနဲ့ နှစ်ယောက်တည်းအပြင်သွားနေတာကို အခုလိုပဲ တွေ့ရပါတယ်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကတော့ ရှားရှားပါးပါးရရှိတဲ့ အားလပ်ရက်လေးမှာ နှစ်ယောက်တည်း အချိန်တွေ ကုန်ဆုံးနေသလို သားသမီးတွေအတွက်လည်း အချိန်ပေးရင်း အေးအေးဆေးဆေး ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အလွမ်းတွေပြေသွားမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections