



ယူနီကုဒ်ဖြင့်ဖတ်ရန်

မွေးနေ့ညမှာ မျက်နှာချင်းဆိုင်တိုက်က ပရိသတ်တွေရဲ့ Birthday Surprise ကြောင့် အံ့အားသင့် ဝမ်းသာခဲ့ရတဲ့ Sinon Loresca ရဲ့ ဗီဒီယို

Sinon Loresca ကတော့ ဖိလစ်ပိုင်လူမျိုးတစ်ယောက်ဖြစ်ပြီး အမိုက်စား Catwalk လျှောက်ပုံတွေကြောင့် နာမည်ကျော်ကြားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ Sinon Loresca က စိတ်ထားကောင်းပြီး စေတနာသဒ္ဒါတရားထက်သန်တာကြောင့် လူတကာရဲ့အချစ်တွေကို ရရှိပိုင်ဆိုင်ထားရုံသာမက အားပေးချီးကျူးခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။ Sinon Loresca ကလည်း သူ့ကိုချစ်တဲ့သူတိုင်းအပေါ် ပြန်လည်မေတ္တာထားပြီး ဆက်ဆံသလို မချစ်မနှစ်သက်တဲ့လူတိုင်းကိုလည်း အပြုံးမပျက်ပဲ မေတ္တာနဲ့သာ ဆက်ဆံတာပဲ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၂) ရက်နေ့ကတော့ Sinon Loresca ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ Sinon Loresca က သူ့ရဲ့ မွေးနေ့မှာ ချစ်ရသူတိုင်းကို အလှူအတန်းတွေများစွာ ပြုလုပ်ခဲ့သလို သူ့ကိုချစ်တဲ့သူတိုင်းဆီကလည်း နွေးထွေးတဲ့ မေတ္တာနဲ့ လက်ဆောင်တွေများစွာကို ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ Sinon Loresca က ထူးထူးခြားခြားအနေနဲ့ မျက်နှာချင်းဆိုင်တိုက်က ပရိသတ်တွေရဲ့ Birthday Surprise ကြောင့် အံ့အားသင့် ဝမ်းသာခဲ့ရတာကို အခုလိုပဲ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

Sinon Loresca အတွက် သူ့ရဲ့ မျက်နှာချင်းဆိုင်တိုက်က ပရိသတ်တွေရဲ့ Birthday Song ဆိုပြီး Birthday Surprise တိုက်မှုကြောင့် တော်တော်လေး အံ့အားသင့်ဝမ်းသာခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Sinon Loresca နဲ့ ထပ်တူ ဝမ်းသာအံ့သြနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sinon Loresca ‘s fb
Bilie – Cele Connections