


ယူနီကုဒ်ဖြင့်ဖတ်ရန်

 

ရခိုင်တိုင်းရင်းသူလေးတစ်ယောက်ပီပီ ရခိုင်ပြည်နယ် စစ်ဘေးမီးဘေးရှောင်ပြည်သူများအတွက် အလှူငွေ (၁၃) သိန်း ဦးဆောင်လှူဒါန်းခဲ့တဲ့ ရတနာမိုင်

မိုင်လေးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ အဆိုတော် ရတနာမိုင်ကတော့ သီချင်းဆိုကောင်းရုံသာမကပဲ ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုပါ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ရတနာမိုင်က အခုဆိုရင် အသက် (၃၀) ကျော်အရွယ်ကို ရောက်ရှိနေပြီဆိုပေမယ့် အခုချိန်ထိ အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်း အပျိုကြီးအဖြစ် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ရတနာမိုင်ကို အိမ်ထောင်မပြုစေချင်ပဲ အနုပညာအလုပ်တွေကိုသာ တစိုက်မတ်မတ်လုပ်ကိုင်စေချင်ကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၂) ရက်နေ့မှာတော့ ရတနာမိုင်က စစ်ဘေးမီးဘေးရှောင်ပြည်သူများအတွက် အလှူငွေ (၁၃) သိန်း လှူဒါန်းခဲ့တဲ့အကြောင်းကို “ကျောက်တော်စစ်ဘေးမီးဘေးရှောင် ပြည်သူများအတွက် စုစုပေါင်း အလှူငွေကျပ် ၁၃ သိန်း အား မိုင်လေးရဲ့ We love Yadanar My အဖွဲ့နဲ့အတူ ထိုင်းနှင့်ဩစီမှ အလှူရှင်များ မှ ပူးပေါင်းပြီး အလိုတော်ပြည့်ဆရာတော်ကြီးကျောင်းတိုက် ဘုန်းဘုန်းဦးဇင်းဘလူးထံမှတဆင့် လှူဒါန်းခဲ့ပါတယ် နတ်လူသာဓုခေါ်စေသော်ဝ် အမျှ အမျှ အမျှ 🙏🙏🙏” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

ရခိုင်တိုင်းရင်းသူလေး ရတနာမိုင်ကတော့ ပရိသတ်တွေနဲ့အတူတူစုပေါင်းပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့ စစ်ဘေး မီးဘေးရှောင်ပြည်သူများအတွက် အလှူငွေများ လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရတနာမိုင်ရဲ့ အလှူလေးကို ဝမ်းမြောက်စွာသာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yadanar My (ရတနာမိုင်) ‘s fb
Bilie – Cele Connections