


ယူနီကုဒ်ဖြင့်ဖတ်ရန်

သီတင်းကျွတ်မှာ မုန့်ဖိုးတွေအများကြီးရလို့ပျော်နေတဲ့ သမီးလေးထိပ်ထိပ်လေးကို အမိအရဓာတ်ပုံလေးရိုက်ပြီး စနောက်ခဲ့တဲ့ ခိုင်သင်းကြည်

သရုပ်ဆောင် အကယ်ဒမီ ခိုင်သင်းကြည်ကတော့ ပြက္ခဒိန်ကြော်ငြာတွေရိုက်ကူးရင်းနဲ့ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိပိုင်ဆိုင်ထားခဲ့တာ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးကလည်း ရွှေကြိုမယ်လေးတစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီးနောက် အခုဆိုရင် အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ ပုံမှန်လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ညီအစ်မတွေလို ချစ်စရာကောင်းလွန်းတဲ့ ခိုင်သင်းကြည်နဲ့ စံထိပ်ထားဦးတို့သားအမိကို ချစ်ခင်စွာနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။

မနေ့က သီတင်းကျွတ်လပြည့်နေ့လေးမှာတော့ ခိုင်သင်းကြည်တို့ မိသားစုကတော့ ကြီးစဉ်ငယ်လိုက်ကန်တော့ရင်း ပျော်ရွှင်စွာဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ထိပ်ထိပ်လေးကလည်း သီတင်းကျွတ်လပြည့်နေ့မှာ ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွားဖွားတွေဆီက မုန့်ဖိုးတွေအများကြီးရရှိခဲ့ပြီး ခိုင်သင်းကြည်က “မုန့်ဖိုးရလို့ဖြစ်နေတဲ့ရုပ်😆😘 ” ဆိုပြီး မုန့်ဖိုးတွေအများကြီးရလို့ပျော်နေတဲ့ ထိပ်ထိပ်လေးကို အမိအရဓာတ်ပုံလေးရိုက်ပြီး စနောက်ခဲ့ပါတယ်။

စံထိပ်ထားဦးလေးကတော့ သူမကိုယ်တိုင်လည်း လူကြီးမိဘတွေကို ကိုယ်ပိုင်မုန့်ဖိုးလေးနဲ့ ကန်တော့ခဲ့သလို သီတင်းကျွတ်မုန့်ဖိုးတွေလည်း အများကြီးရရှိခဲ့တာ ပျော်စရာကြီးနော်။ ပရိသတ်ကြီးလည်း မုန့်ဖိုးရလို့ ပျော်နေရှာတဲ့ ထိပ်ထပ်လေးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: KHINE THIN KYI’s fb
Bilie – Cele Connections