နာမည္ၾကီး ဇာတ္ပို့သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ခင္လိႈင္က အသက္အရြယ္တစ္ခုေရာက္သည့္တိုင္ ေအာင္ျမင္မႈေတြ ရရိွေနျပီး ရုပ္ရွင္ဇာတ္ကားေတြ လက္မလည္ေအာင္ ရိုက္ကူးေနရတာပဲ ျဖစ္ပါတယ္။ ခင္လိႈင္က ဒါရိုက္တာတစ္ေယာက္အျဖစ္လည္း ရုပ္ရွင္ဇာတ္ကားေတြ ရိုက္ကူးေနျပီး အျခားေသာ စီးပြားေရး၊ လူမႈေရးကိစၥေတြကိုလည္း ျပဳလုပ္ေနလ်က္ရိွပါတယ္။ အခုလို Covid-19 ေရာဂါေၾကာင့္ အနုပညာအလုပ္ေတြ ရပ္နားထားရတဲ့ ခင္လိႈင္က လက္ရိွမွာေတာ့ သူ့ရဲ့ မိသားစုေလးနဲ့သာ အခ်ိန္ေတြကုန္ဆံုးေနလ်က္ရိွပါတယ္။

မေန့က ေအာက္တိုဘာလ (၃၁) ရက္ေန့ သီတင္းကြ်တ္လျပည့္ေနေလးမွာေတာ့ ခင္လိႈင္က သားသမီး မိသားစုေတြနဲ့ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းခဲ့တာကို ေတြ့ရပါတယ္။ ခင္လိႈင္က “သီတင္းကြၽတ္လျပည့္ေန႔မွာ ေမွာ္ဘီၿမိဳ႕ရွမ္းကုန္းဘုန္းဘုန္းႀကီးအား လႉျပီး ေမာင္ႏွမေတြေပ်ာ္ေပ်ာ္႐ႊင္႐ႊင္စုံၾကတဲ့ညေလး” ဆိုျပီး သူတို့ မိသားစုေလးရဲ့ သီတင္းကြ်တ္လျပည့္ေန့ ျဖတ္သန္းပံုေလးကို မွ်ေဝေပးလာခဲ့ပါတယ္။

ခင္လိႈင္တို့ မိသားစုေလးကေတာ့ သီတင္းကြ်တ္လျပည့္ေန့ေလးမွာ အလွဴအတန္းကုသိုလ္ေတြျပဳလုပ္ခဲ့သလို ညပိုင္းမွာေတာ့ မိသားစုေတြ စားၾကေသာက္ၾကရင္း ေပ်ာ္ရႊင္စရာအခ်ိန္ေတြကို ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ခင္လိႈင္တို့ မိသားစုေလးကိုၾကည့္ျပီး အေပ်ာ္ေတြကူးစက္သြားမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Khin Hlaing’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သီတင်းကျွတ်လပြည့်ညလေးမှာ မှော်ဘီမြို့က ကိုယ်ပိုင်ခြံကြီးထဲမှာ ဆွေမျိုးတစ်သိုက်နဲ့ ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြတဲ့ ခင်လှိုင်

နာမည်ကြီး ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်က အသက်အရွယ်တစ်ခုရောက်သည့်တိုင် အောင်မြင်မှုတွေ ရရှိနေပြီး ရုပ်ရှင်ဇာတ်ကားတွေ လက်မလည်အောင် ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ ခင်လှိုင်က ဒါရိုက်တာတစ်ယောက်အဖြစ်လည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေပြီး အခြားသော စီးပွားရေး၊ လူမှုရေးကိစ္စတွေကိုလည်း ပြုလုပ်နေလျက်ရှိပါတယ်။ အခုလို Covid-19 ရောဂါကြောင့် အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ ခင်လှိုင်က လက်ရှိမှာတော့ သူ့ရဲ့ မိသားစုလေးနဲ့သာ အချိန်တွေကုန်ဆုံးနေလျက်ရှိပါတယ်။

မနေ့က အောက်တိုဘာလ (၃၁) ရက်နေ့ သီတင်းကျွတ်လပြည့်နေလေးမှာတော့ ခင်လှိုင်က သားသမီး မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာကို တွေ့ရပါတယ်။ ခင်လှိုင်က “သီတင်းကျွတ်လပြည့်နေ့မှာ မှော်ဘီမြို့ရှမ်းကုန်းဘုန်းဘုန်းကြီးအား လှူပြီး မောင်နှမတွေပျော်ပျော်ရွှင်ရွှင်စုံကြတဲ့ညလေး” ဆိုပြီး သူတို့ မိသားစုလေးရဲ့ သီတင်းကျွတ်လပြည့်နေ့ ဖြတ်သန်းပုံလေးကို မျှဝေပေးလာခဲ့ပါတယ်။

ခင်လှိုင်တို့ မိသားစုလေးကတော့ သီတင်းကျွတ်လပြည့်နေ့လေးမှာ အလှူအတန်းကုသိုလ်တွေပြုလုပ်ခဲ့သလို ညပိုင်းမှာတော့ မိသားစုတွေ စားကြသောက်ကြရင်း ပျော်ရွှင်စရာအချိန်တွေကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခင်လှိုင်တို့ မိသားစုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khin Hlaing’s fb
Bilie – Cele Connections