မင္းသားေခ်ာ ျမင့္ျမတ္ကေတာ့ က်ရာဇာတ္ရုပ္အေပၚ အေကာင္းဆံုးနဲ့ စိတ္ေရာကိုယ္ပါ နစ္ျပီး သရုပ္ေဆာင္တတ္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ျမင့္ျမတ္က ျပီးခဲ့တဲ့ (၂၀၁၇) ခုနွစ္မွာ “အေမွာင္ေတြရြာခ်တဲ့မိုးတိမ္” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့ အေကာင္းဆံုး အမ်ိုးသားဇာတ္ေဆာင္ဆုၾကီးကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးရရိွခဲ့သလို သူ့ရဲ့ ဘဝလက္တြဲေဖာ္ျဖစ္တဲ့ မႏၱေလးသူေလး မခင္သူေအာင္နဲ့ လက္ထပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ျမင့္ျမတ္က အခုဆိုရင္ အိမ္ေထာင္ရွင္မင္းသားတစ္ေယာက္အျဖစ္နဲ့ အနုပညာအလုပ္ေတြကို ၾကိဳးစားလုပ္ကိုင္ေနသလို မိသားစုေလးကိုလည္း သာယာေအးခ်မ္းေအာင္ တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။

လက္ရိွမွာေတာ့ ရုပ္ရွင္ဇာတ္ကား ရိုက္ကူးျခင္းေတြ ရပ္နားထားတဲ့ ျမင့္ျမတ္က လက္ရိွမွာ သူ့ရဲ့ မိသားစုေလးနဲ့သာ အခ်ိန္ေတြကုန္ဆံုးေနလ်က္ရိွပါတယ္။ မေန့က သီတင္းကြ်တ္လျပည့္ေန့ညေလးမွာလည္း ျမင့္ျမတ္က ဘယ္ကိုမွမသြားပဲ အိမ္ေရွ့မွာပဲ သားေလးျမတ္သူနဲ့ ဆီမီးပူေဇာ္ခဲ့တာကို အခုလိုပဲ ေတြ့ရပါတယ္။

ျမင့္ျမတ္ကေတာ့ သူ့ရဲ့ သီတင္းကြ်တ္လျပည့္ညေလးကို မိသားစုနဲ့အတူတူ အခ်ိန္ေတြ ကုန္ဆံုးခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးေရာ သီတင္းကြ်တ္လျပည့္ညေလးမွာ ဘယ္လိုမ်ိဳးအခ်ိန္ေတြကုန္ဆံုးျဖစ္ခဲ့လဲ ေျပာျပေပးခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Myat Wai Tun’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့ သီတင်းကျွတ်လပြည့်ညလေးမှာ အိမ်ရှေ့မှာပဲ သားလေးမြတ်သူနဲ့ ဆီမီးပူဇော်ခဲ့တဲ့ မြင့်မြတ်

မင်းသားချော မြင့်မြတ်ကတော့ ကျရာဇာတ်ရုပ်အပေါ် အကောင်းဆုံးနဲ့ စိတ်ရောကိုယ်ပါ နစ်ပြီး သရုပ်ဆောင်တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မြင့်မြတ်က ပြီးခဲ့တဲ့ (၂၀၁၇) ခုနှစ်မှာ “အမှောင်တွေရွာချတဲ့မိုးတိမ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သလို သူ့ရဲ့ ဘဝလက်တွဲဖော်ဖြစ်တဲ့ မန္တလေးသူလေး မခင်သူအောင်နဲ့ လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။ မြင့်မြတ်က အခုဆိုရင် အိမ်ထောင်ရှင်မင်းသားတစ်ယောက်အဖြစ်နဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေသလို မိသားစုလေးကိုလည်း သာယာအေးချမ်းအောင် တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခြင်းတွေ ရပ်နားထားတဲ့ မြင့်မြတ်က လက်ရှိမှာ သူ့ရဲ့ မိသားစုလေးနဲ့သာ အချိန်တွေကုန်ဆုံးနေလျက်ရှိပါတယ်။ မနေ့က သီတင်းကျွတ်လပြည့်နေ့ညလေးမှာလည်း မြင့်မြတ်က ဘယ်ကိုမှမသွားပဲ အိမ်ရှေ့မှာပဲ သားလေးမြတ်သူနဲ့ ဆီမီးပူဇော်ခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

မြင့်မြတ်ကတော့ သူ့ရဲ့ သီတင်းကျွတ်လပြည့်ညလေးကို မိသားစုနဲ့အတူတူ အချိန်တွေ ကုန်ဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော သီတင်းကျွတ်လပြည့်ညလေးမှာ ဘယ်လိုမျိုးအချိန်တွေကုန်ဆုံးဖြစ်ခဲ့လဲ ပြောပြပေးခဲ့ကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Myat Wai Tun’s fb
Bilie – Cele Connections