နိုင္ငံေက်ာ္အဆိုေတာ္ၾကီး Alex ရဲ့သမီးၾကီး Dora Alex ကေတာ့ ဖခင္ျဖစ္သူရဲ့ေျခရာကိုနင္းျပီး ဂီတလမ္းေၾကာင္းေပၚမွာ ေလွ်ာက္လွမ္းေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အသက္ (၁၈) နွစ္ေက်ာ္အရြယ္သာရိွေသးတဲ့ Dora Alex ကေတာ့ အနုပညာအလုပ္ေတြကို ေက်ာင္းတစ္ဖက္နဲ့ လုပ္ကိုင္ခဲ့တာမို့ အခုဆိုရင္ ဆြစ္ဇာလန္နိုင္ငံမွာ ေက်ာင္းသြားတက္ေနျပီပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ကံမေကာင္းစြာနဲ့ပဲ Dora Alex က ေက်ာင္းသြားတက္ျပီး တစ္လမျပည့္ခင္မွာပဲ Covid-19 ေရာဂါကူးစက္ခံခဲ့ရတယ္လို ့ပရိသတ္ေတြကို ထုတ္ေျပာခဲ့ပါတယ္။

အခုဆိုရင္ Dora Alex က Covid-19 ေရာဂါေပ်ာက္ကင္းသက္သာသြားခဲ့ျပီဆိုတဲ့အေၾကာင္းကို “တစ္ေန႔က quarantine ထြက္ ရပါတယ္။ ဒီေန႔ေတာ့ Dora က လူႀကီးမိဘေတြကို video call ဆက္ ၿပီး ကန္ေတာ့ၿပီး လို႔ ေရကန္နားတစ္ပတ္ လမ္းပတ္ေလွ်ာက္ၿပီး အိမ္ေတာင္ ျပန္ေရာက္ပါၿပီ။ သီတင္းကြၽတ္အမွီ ေနျပန္ ေကာင္း သြား လို႔ေတာ္ေသး 🤭 အားလုံးေရာ?” ဆိုျပီး သူမရဲ့ သတင္းေကာင္းေလးအတြက္ ပရိသတ္ေတြကိုိ မွ်ေဝေပးလာပါတယ္။

Dora Alex ကေတာ့ အခုဆိုရင္ ေရာဂါသက္သာျပီး သူငယ္ခ်င္းေတြနဲ့ စုေနတဲ့ အိမ္ကို ျပန္ေရာက္ေနျပီျဖစ္ျပီး ေက်ာင္းလည္း ျပန္တက္ေတာ့မွာပဲ ျဖစ္ပါတယ္။ Dora Alex အတြက္ ပရိသတ္ၾကီးလည္း ထပ္တူဝမ္းသာျပီး စိတ္ေအးသြားၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Dora Alex’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

Covid-19 ရောဂါပျောက်ကင်းသက်သာပြီး အိမ်တောင်ပြန်ရောက်သွားခဲ့ပြီဆိုတဲ့ Alex ရဲ့သမီးကြီး Dora Alex

နိုင်ငံကျော်အဆိုတော်ကြီး Alex ရဲ့သမီးကြီး Dora Alex ကတော့ ဖခင်ဖြစ်သူရဲ့ခြေရာကိုနင်းပြီး ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အသက် (၁၈) နှစ်ကျော်အရွယ်သာရှိသေးတဲ့ Dora Alex ကတော့ အနုပညာအလုပ်တွေကို ကျောင်းတစ်ဖက်နဲ့ လုပ်ကိုင်ခဲ့တာမို့ အခုဆိုရင် ဆွစ်ဇာလန်နိုင်ငံမှာ ကျောင်းသွားတက်နေပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ Dora Alex က ကျောင်းသွားတက်ပြီး တစ်လမပြည့်ခင်မှာပဲ Covid-19 ရောဂါကူးစက်ခံခဲ့ရတယ်လို့ပရိသတ်တွေကို ထုတ်ပြောခဲ့ပါတယ်။

အခုဆိုရင် Dora Alex က Covid-19 ရောဂါပျောက်ကင်းသက်သာသွားခဲ့ပြီဆိုတဲ့အကြောင်းကို “တစ်နေ့က quarantine ထွက် ရပါတယ်။ ဒီနေ့တော့ Dora က လူကြီးမိဘတွေကို video call ဆက် ပြီး ကန်တော့ပြီး လို့ ရေကန်နားတစ်ပတ် လမ်းပတ်လျှောက်ပြီး အိမ်တောင် ပြန်ရောက်ပါပြီ။ သီတင်းကျွတ်အမှီ နေပြန် ကောင်း သွား လို့တော်သေး 🤭 အားလုံးရော?” ဆိုပြီး သူမရဲ့ သတင်းကောင်းလေးအတွက် ပရိသတ်တွေကို မျှဝေပေးလာပါတယ်။

Dora Alex ကတော့ အခုဆိုရင် ရောဂါသက်သာပြီး သူငယ်ချင်းတွေနဲ့ စုနေတဲ့ အိမ်ကို ပြန်ရောက်နေပြီဖြစ်ပြီး ကျောင်းလည်း ပြန်တက်တော့မှာပဲ ဖြစ်ပါတယ်။ Dora Alex အတွက် ပရိသတ်ကြီးလည်း ထပ်တူဝမ်းသာပြီး စိတ်အေးသွားကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Dora Alex’s fb
Bilie – Cele Connections