


ယူနီကုဒ်ဖြင့်ဖတ်ရန်

လမ်းပေါ်မှာတင် ကလေးထွက်ကျ မီးဖွားခဲ့ရတဲ့မိခင်နဲ့ တာဝန်ယူစိတ်မရှိတဲ့ ဖခင်တို့ရဲ့ (၃) ရက်သား ကလေးငယ်လေးကို ခေါ်ယူမွေးစားခဲ့တဲ့ ခိုင်နှင်းဝေ

ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ကိုယ်ကျိုးကိုစွန့်ပြီး အများသူငါအတွက် အလှူအတန်းတွေကို ပြုလုပ်ပေးနေသူတစ်ယောက်ပါပဲ။ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို တည်ထောင်ထားတဲ့ ခိုင်နှင်းဝေက သူမရဲ့ ဂေဟာမှာလည်း ကလေးပေါင်း (၃၀) ကျော်ကို စောင့်ရှောက်ထားတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ခိုင်နှင်းဝေက လမ်းပေါ်မှာတင် ကလေးထွက်ကျ မီးဖွားခဲ့ရပြီး ဖခင်က တာဝန်မယူတဲ့ (၃) ရက်သားကလေးငယ်လေးကို ခေါ်ယူမွေးစားဖြစ်ခဲ့တဲ့အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။

“ဖခင် တာဝန်မယူသည့် (၃)ရက်သားလေးကို မိခင် သဂြိုလ်တဲ့နေ့မှာပဲ အင်းစိန်ဆေးရုံ မှာ သွားခေါ်ပေးခဲ့ပါတယ်ရှင်။ မိခင်မှာ လမ်းတွင် ကလေးထွက်ကျ မီးဖွားခဲ့ပြီး ဘေးနားကလူများ ဆေးရုံတင်ပေးသော်လည်း အသက်ဆုံးရှုံးသွားကာ အစထဲက တစ်ယောက်ထဲ ရပ်တည်နေရသောကြောင့် ဆွေမျိုးလဲ မကျန်ခဲ့ပါသော သားလေးကို ကျွန်မတို့ “ခိုင်” မိသားစု ဂေဟာ သို့ ခေါ်ယူစောင့်ရှောက်ဖြစ်ခဲ့ပါတယ်ရှင်။ ကလေးစောင့်ရှောက်ပေးထားတဲ့ မောင်လေးမှလဲ ကျွန်မကို ထိုင်ကန်တော့ပြီး ကလေးလေးကို အပ်နှံခဲ့သောကြောင့် စိတ်မကောင်းစွာနဲ့ပဲ လက်ခံခဲ့ပါတယ်ရှင်..🙏🏼” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။

ခိုင်နှင်းဝေကတော့ ကံမကောင်းအကြောင်းမလှစွာနဲ့ မိဘတွေနဲ့ ခွဲခွာခဲ့ရတဲ့ (၃) ရက်သား သားငယ်လေးကို သူမရဲ့ ဂေဟာမှာ ခေါ်ယူမွေးစားခဲ့ပြီ ဖြစ်ပါတယ်။ သားငယ်လေးလည်း ခိုင်နှင်းဝေရဲ့ ဂေဟာမှာ ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းပြီး တိုင်းပြည်အတွက်အကျိုးပြုနိုင်တဲ့ လူတော်လူကောင်းလေး ဖြစ်လာပါစေနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khine Hnin Wai’s fb
Bilie – Cele Connections