ယူနီကုဒ်ဖြင့်ဖတ်ရန်
သီတင်းကျွတ်လပြည့်နေ့မှာလည်း ညီအစ်ကိုတွေစုပေါင်းပြီး ကိုဗစ်လူနာများအတွက် နေ့လည်စာအလှူလေးပြုလုပ်ခဲ့တဲ့ နေတိုး၊ မင်းမော်ကွန်းနဲ့ နှင်းဆီအဖွဲ့သားများ
ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ဦးစီးပြီး နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ရဲလေး၊ ထွန်းထွန်း၊ မိုးယုစံ၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင်တို့ ပါဝင်တဲ့ နှင်းဆီအဖွဲ့ကြီးကတော့ နှစ်စဉ်နှစ်တိုင်းလိုလို အခက်အခဲဖြစ်နေတဲ့ မြန်မာပြည်အနှံ့ကဒေသတွေကို ကူညီဖို့ ရံပုံငွေဖျော်ဖြေပွဲတွေ ကျင်းပလေ့ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မင်းသား မင်းသမီးချောတွေနဲ့ ဖွဲ့စည်းထားတဲ့ နှင်းဆီအဖွဲ့ကို တစ်နှစ်မှ မပျက်ကွက်ပဲ အားပေးကြတာကို တွေ့ရပါတယ်။
နှစ်စဉ်ပရဟိတရံပုံငွေတွေကို ပြုလုပ်လေ့ရှိသလို ညီအစ်ကိုတွေစုပေါင်းပြီးလည်း အလှူတွေပြုလုပ်ပေးလေ့ရှိတဲ့ နှင်းဆီအဖွဲ့သားတွေက ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့မှာလည်း စုပေါင်းပြီး အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ နေတိုး၊ ကျော်ကျေ်ာဗို၊ မင်းမော်ကွန်း၊ ထွန်းထွန်းနဲ့ ရဲလေးတို့ ညီအစ်ကိုက ကိုဗစ်လူနာများအတွက် နေ့လည်စာ ဘူး (၁၀၀) ကို စုပေါင်းပြီး လှူဒါန်းဖြစ်ခဲ့တယ်လို့ ထွန်းထွန်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။
နှင်းဆီညီအစ်ကိုတွေကတောာ့ ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့လေးမှာလည်း ကုသိုလ်တွေ အတူတူပြုရင်း ကုသိုလ်ယူခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း နှင်းဆီညီအစ်ကိုတွေရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Htin Aung Tun’s fb
Bilie – Cele Connections