


ယူနီကုဒ်ဖြင့်ဖတ်ရန်

(၁၈) နှစ်အရွယ်ကတည်းက (၄၁) ဆိုတဲ့ အရွယ်အထိ သစ္စာရှိရှိချစ်ခဲ့ရတဲ့ တစ်ဦးတည်းသောချစ်ဇနီးလေးအတွက် မင်္ဂလာဆုတောင်းစကားပြောခဲ့တဲ့ မင်းမော်ကွန်း

ဓာတ်ရှင်မင်းသားကြီး အကယ်ဒမီ ဇင်ဝိုင်းရဲ့ သားဖြစ်သူ သရုပ်ဆောင်နဲ့ အဆိုတော် မင်းမော်ကွန်းကတော့ အကယ်ဒမီဆုကြီးတစ်ဆုကို လက်ဝယ်ပိုင်ဆိုင်ထားပြီး ဒီနေ့ဒီအချိန်ထိတိုင် အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားသူပါ။ မင်းမော်ကွန်းကတော့ အနုပညာလောကထဲကို ဆယ်ကျော်သက်အရွယ်ကတည်းက ဝင်ရောက်ခဲ့ပြီး အောင်မြင်နေဆဲအချိန် အသက် (၁၈) နှစ်အရွယ်မှာပဲ သူငယ်ချင်းချစ်သူ နဲ့ လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။ မင်းမော်ကွန်းတို့ ဇနီးမောင်နှံကတော့ အခုဆိုရင် သားသမီးသုံးယောက်ကို ပိုင်ဆိုင်ထားပြီး အေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားလျက်ရှိပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၃၁) ရက်နေ့ကတော့ မင်းမော်ကွန်းတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးပဲ ဖြစ်ပါတယ်။ မင်းမော်ကွန်းက သူ့တို့ ဇနီးမောင်နှံရဲ့ အမှတ်ရစရာ မင်္ဂလာနှစ်ပတ်လည်နေ့မှာ “Happy anniversary ပါ မေမေ နှစ်ပေါင်းများစွာ တိုင်အောင် မိသားစုနဲ့အတူချစ်ကြမယ်” ဆိုပြီး ငယ်ငယ်က အမှတ်တရပုံလေးတွေနဲ့ ဆုတောင်းစကားလေး ပြောခဲ့ပါတယ်။

မင်းမော်ကွန်းတို့ ဇနီးမောင်နှံကတော့ အသက် (၆) လသာကွာပြီး ငယ်ငယ်ကတည်းက ခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ မင်းမော်ကွန်းတို့ ဇနီးမောင်နှံလေး ဒီနေ့မှစ နောက်နှစ်ပေါင်းများစွာတိုင် မိသားစုနဲ့ ပျော်ရွှင်ချမ်းမြေ့စွာ အတူတူနေထိုင်နိုင်ပါစေနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Kyaw Htay Lwin’s fb
Bilie – Cele Connections