


Source: Aye Thaung’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ရပ်ကွက်ထဲမှာ မီးပုံးလေးတွေတွန်းပြီး ကလေးလို လျှောက်ဆော့နေကြတဲ့ မအေးသောင်းတို့ညီအစ်မကို ဆေးကြီးကြီးထိုးစနောက်ခဲ့တဲ့ G Fatt

လူငယ်ကြိုက် တေးသံရှင်တစ်ယောက်ဖြစ်တဲ့ G Fatt ကတော့ သီချင်းဆိုကောင်းသလို သီချင်းရေးလည်းတော်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ G Fatt ရဲ့ သီချင်းတွေအားလုံးကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီး ရေပန်းစားသလို အနုပညာရှင်အချင်းချင်းကပါ ကြိုက်နှစ်သက်အားပေးရတဲ့ သီချင်းကောင်းလေးတွေပဲ ဖြစ်ပါတယ်။ G Fatt ကလည်း သူလေးစားချစ်ခင်ရတဲ့ အနုပညာရှင်တွေအများကြီးရှိသလို သူ့ကိုချစ်ကြတဲ့ အနုပညာရှင်ပေါင်းများစွာကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

ပျော်ပျော်နေတတ်ပြီး ခင်မင်ရင်းနှီးသူတွေကို အမြဲတမ်းစနောက်လေ့ရှိတဲ့ G Fatt က ဒီတစ်ခေါက်မှာလည်း အေးဝတ်ရည်သောင်းနဲ့ နှင်းဝတ်ရည်သောင်းတို့ ညီအစ်မကို ဆေးကြီးကြီးထိုးစနောက်ခဲ့ပြန်ပါတယ်။ G Fatt က မီးပုံးလေးတွေတွန်းပြီး ကလေးတွေလို ရပ်ကွက်ထဲ လျှောက်ကစားနေကြတဲ့ မအေးသောင်းတို့ညီအစ်မကို “ရက်ကွက်လူကြီးနဲ့တိုင်မယ် မက်စ်မတပ်ကြဘူး” ဆိုပြီး စနောက်ခဲ့တာကြောင့် မအေးသောင်းနဲ့ စကားအချီအချပြောခဲ့ရတာကို အခုလိုပဲ တွေ့ရပါတယ်။

G Fatt နဲ့ မအေးသောင်းတို့ကတော့ အပြင်မှာလည်း ခင်မင်ရင်းနှီးတဲ့သူတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဆေးထိုးစနောက်နေကြဆိုတာ တော်တော်များများလည်း သိပြီးသား ဖြစ်မှာပါ။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ မအေးသောင်းနဲ့ G Fattတို့ရဲ့ စကားအချီအချကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Aye Thaung’s fb
Bilie – Cele Connections