အဆိုေတာ္ မီးမီးခဲကေတာ့ ျပီးခဲ့တဲ့ ေအာက္တိုဘာလ (၁၆) ရက္ေန႔မွာပဲ သူမလက္ရွိ ေနထိုင္ရာ ၾသစေတးလ်ႏိုင္ငံ စံေတာ္ခ်ိန္ ည ၉ နာရီ ၃၁ မိနစ္အခ်ိန္မွာ ဘဝတစ္ပါးသို႔ ကူးေျပာင္း ကြယ္လြန္သြားခဲ့ၿပီပဲ ျဖစ္ပါတယ္။ ကင္ဆာ အဆင့္ (၄) ကို ေရာက္ရိွေနျပီျဖစ္တဲ့ မီးမီးခဲက ဆရာဝန္ေတြကိုယ္တိုင္က လက္ေလွ်ာ့ထားရတဲ့အေျခအေနျဖစ္ေပမယ့္ အျပံဳးမပ်က္ပဲ ပရိသတ္ေတြေရွ့မွာ ေနနိုင္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ မီးမီးခဲကြယ္လြန္သြားေပမယ့္လည္း သူမရဲ့ ဂုဏ္သတင္းနဲ့ နာမည္ကေတာ့ ပရိသတ္ေတြၾကားထဲမွာ ထာဝရက်န္ရစ္ေနဆဲ ျဖစ္ပါတယ္။

ဒီကေန့ ေအာက္တိုဘာလ (၃၁) ရက္ေန့မွာေတာ့ မီးမီးခဲအတြက္ က်န္ရစ္သူမိသားစုေတြက သူမေခါင္းခ်ခဲ့ရာ ၾသစေတးလ်နိုင္ငံ ဆစ္ဒနီျမိဳ့မွာ ခရစ္ယာန္ဘာသာဝင္တို့ရဲ့ ထံုးစံအတိုင္း ဝတ္ျပဳဆုေတာင္းပြဲကို ျပဳလုပ္ခဲ့ၾကပါတယ္။ ပရိသတ္ၾကီးအတြက္ က်န္ရစ္သူ မိသားစု မိတ္ေဆြေတြ က်င္းပေပးခဲ့တဲ့ CELEBRATION OF LIFE SERVICE FOR မီးမီးခဲ 🙏🏼 ျမင္ကြင္းေလးကို မွ်ေဝတင္ဆက္ေပးလိုက္ပါတယ္ေနာ္။

မီးမီးခဲကေတာ့ ကြယ္လြန္သြားခ်ိန္မွာ အသက္ သံုးဆယ္ေက်ာ္အရြယ္သာရိွေသးတာျဖစ္ျပီး သမီးၾကီး ျဖဴျဖဴစင္စင္လင္း၊ သမီးလတ္ Nania, သားငယ္ Napolion ဆိုတဲ့ ကေလးသံုးေယာက္ က်န္ရစ္ခဲ့တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Mee Mee Khel-မီးမီးခဲ ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သြစတေးလျနိုင်ငံမှာ ကျန်ရစ်သူမိသားစုမိတ်ဆွေတွေက ကျင်းပပြုလုပ်ပေးခဲ့တဲ့ မီးမီးခဲအတွက် ဝတ်ပြုဆုတောင်းပွဲအခမ်းအနားမြင်ကွင်း

အဆိုတော် မီးမီးခဲကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၆) ရက်နေ့မှာပဲ သူမလက်ရှိ နေထိုင်ရာ သြစတေးလျနိုင်ငံ စံတော်ချိန် ည ၉ နာရီ ၃၁ မိနစ်အချိန်မှာ ဘဝတစ်ပါးသို့ ကူးပြောင်း ကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ကင်ဆာ အဆင့် (၄) ကို ရောက်ရှိနေပြီဖြစ်တဲ့ မီးမီးခဲက ဆရာဝန်တွေကိုယ်တိုင်က လက်လျှော့ထားရတဲ့အခြေအနေဖြစ်ပေမယ့် အပြုံးမပျက်ပဲ ပရိသတ်တွေရှေ့မှာ နေနိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ မီးမီးခဲကွယ်လွန်သွားပေမယ့်လည်း သူမရဲ့ ဂုဏ်သတင်းနဲ့ နာမည်ကတော့ ပရိသတ်တွေကြားထဲမှာ ထာဝရကျန်ရစ်နေဆဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၃၁) ရက်နေ့မှာတော့ မီးမီးခဲအတွက် ကျန်ရစ်သူမိသားစုတွေက သူမခေါင်းချခဲ့ရာ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ထုံးစံအတိုင်း ဝတ်ပြုဆုတောင်းပွဲကို ပြုလုပ်ခဲ့ကြပါတယ်။ ပရိသတ်ကြီးအတွက် ကျန်ရစ်သူ မိသားစု မိတ်ဆွေတွေ ကျင်းပပေးခဲ့တဲ့ CELEBRATION OF LIFE SERVICE FOR မီးမီးခဲ 🙏🏼 မြင်ကွင်းလေးကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

မီးမီးခဲကတော့ ကွယ်လွန်သွားချိန်မှာ အသက် သုံးဆယ်ကျော်အရွယ်သာရှိသေးတာဖြစ်ပြီး သမီးကြီး ဖြူဖြူစင်စင်လင်း၊ သမီးလတ် Nania, သားငယ် Napolion ဆိုတဲ့ ကလေးသုံးယောက် ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Mee Mee Khel-မီးမီးခဲ ‘s fb
Bilie – Cele Connections