နိုင္ငံေက်ာ္ သရုပ္ေဆာင္၊ ဒါရိုက္တာတစ္ေယာက္လည္းျဖစ္သလို နာေရးကူညီမႈအသင္း ဥကၠဌလည္းျဖစ္တဲ့ ေက်ာ္သူက လက္ရိွမွာေတာ့ Covid-19 ေရာဂါပိုးကူးစက္ခံခဲ့ရတာေၾကာင့္ ေျမာက္ဥကၠလာ ေဝဘာဂီေဆးရံုၾကီးမွာ ေဆးကုသမႈခံယူေနရတာပဲ ျဖစ္ပါတယ္။ ေက်ာ္သူကေတာ့ က်န္းမာေရးအေျခအေနအရ ေဆးရံုတက္ေနရေပမယ့္ အသက္(၆၀)ေက်ာ္လူၾကီးအျဖစ္ ၾကိဳတင္ဆႏၵမဲေပးဖို့ ၾကန့္ၾကာခက္ခဲေနတဲ့အေၾကာင္းကို အခုလိုပဲ ေျပာလာပါတယ္။

“တိုင္ေျပာ ပစ္လိုက္မွာေနာ….။ မေန႔က တာဝန္ေၾကခဲ့တဲ့သူေတြ အမ်ားႀကီး။ ယခင္ ေျခာက္ကပ္ေနတဲ့ ရပ္ကြက္႐ုံးမွာစည္ကားသြားတယ္တဲ့။ ကိုယ့္မေဟသီဆိုရင္ ဇိမ္ပဲ။ အိမ္က ေလာ့ေဒါင္းခ်ထားေတာ့ထြက္မရ။ ႀကိဳတင္မဲကလည္း ဆႏၵျပဳထားေတာ့ သက္ႀကီးအဖိုးအဖြားေတြၾကေနတာပဲ အိမ္တိုင္ရာေရာက္ မဲဆႏၵေကာက္ခံခဲ့ရတယ္။ ကြၽန္ေတာ့ၾက​ေတာ့ဗ်ာ။ ကိုဗစ္ပိုးေတြ႕လို႔ ေဆး႐ုံေရာက္၊အိမ္ရပ္ကြက္မွာ(၆)ထိပ္စည္း ဝင္လို႔ ႀကိဳတင္မဲစာရင္းေပးခဲ့ေပမယ့္ အခုထိေဆး႐ုံမွာလည္း မထည့္ရေသး။ ရပ္ကြက္လူႀကီးကို အေၾကာင္းၾကားေတာ့ နယ္ေက်ာ္သြားေကာက္ခံ ခြင့္မရွိတဲ့။ေကာင္းၿပီ …။ ဒါဆိုရင္ ေဆး႐ုံမွာ လူနာအေနနဲ႔ ေျမာက္ဥကၠလာၿမိဳ႕နယ္ ကိုယ္စားလွယ္ေတြကို ထည့္ခဲ့မယ္။ ေဆး႐ုံဆင္းလို႔ (၈)ရက္ေန႔မွီရင္ ရပ္ကြက္ ႐ုံးမွာ တရားဝင္ မရမ္းကုန္းၿမိဳ႕နယ္ ကိုယ္စားလွယ္ေတြကို ထပ္ထည့္မယ္။ သေဘာပါလား ေဟ့!ေခတၱ ေဝဘာဂီက်င့္စဥ္စခန္းေရာက္ ေက်ာ္သူ” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာလာပါတယ္။

ေက်ာ္သူကေတာ့ ၾကိဳတင္မဲစာရင္းေပးခဲ့ေပမယ့္ ေဆးရံုတက္ေနရတာေၾကာင့္ မဲေပးဖို့ အခက္အခဲျဖစ္ ၾကန့္ၾကာေနတဲ့အေၾကာင္းကို ေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Thu ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

အသက်(၆၀)ကျော်လူကြီးအဖြစ် ကြိုတင်ဆန္ဒမဲပေးဖို့ ခက်ခဲကြန့်ကြာနေတာကြောင့် တိုင်စရာရှိတိုင်ပစ်မယ်ဆိုပြီးပြောလာတဲ့ ကျော်သူ

နိုင်ငံကျော် သရုပ်ဆောင်၊ ဒါရိုက်တာတစ်ယောက်လည်းဖြစ်သလို နာရေးကူညီမှုအသင်း ဥက္ကဌလည်းဖြစ်တဲ့ ကျော်သူက လက်ရှိမှာတော့ Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရတာကြောင့် မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ ကျော်သူကတော့ ကျန်းမာရေးအခြေအနေအရ ဆေးရုံတက်နေရပေမယ့် အသက်(၆၀)ကျော်လူကြီးအဖြစ် ကြိုတင်ဆန္ဒမဲပေးဖို့ ကြန့်ကြာခက်ခဲနေတဲ့အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“တိုင်ပြော ပစ်လိုက်မှာနော….။ မနေ့က တာဝန်ကြေခဲ့တဲ့သူတွေ အများကြီး။ ယခင် ခြောက်ကပ်နေတဲ့ ရပ်ကွက်ရုံးမှာစည်ကားသွားတယ်တဲ့။ ကိုယ့်မဟေသီဆိုရင် ဇိမ်ပဲ။ အိမ်က လော့ဒေါင်းချထားတော့ထွက်မရ။ ကြိုတင်မဲကလည်း ဆန္ဒပြုထားတော့ သက်ကြီးအဖိုးအဖွားတွေကြနေတာပဲ အိမ်တိုင်ရာရောက် မဲဆန္ဒကောက်ခံခဲ့ရတယ်။ ကျွန်တော့ကြတော့ဗျာ။ ကိုဗစ်ပိုးတွေ့လို့ ဆေးရုံရောက်၊အိမ်ရပ်ကွက်မှာ(၆)ထိပ်စည်း ဝင်လို့ ကြိုတင်မဲစာရင်းပေးခဲ့ပေမယ့် အခုထိဆေးရုံမှာလည်း မထည့်ရသေး။ ရပ်ကွက်လူကြီးကို အကြောင်းကြားတော့ နယ်ကျော်သွားကောက်ခံ ခွင့်မရှိတဲ့။ကောင်းပြီ …။ ဒါဆိုရင် ဆေးရုံမှာ လူနာအနေနဲ့ မြောက်ဥက္ကလာမြို့နယ် ကိုယ်စားလှယ်တွေကို ထည့်ခဲ့မယ်။ ဆေးရုံဆင်းလို့ (၈)ရက်နေ့မှီရင် ရပ်ကွက် ရုံးမှာ တရားဝင် မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်တွေကို ထပ်ထည့်မယ်။ သဘောပါလား ဟေ့!ခေတ္တ ဝေဘာဂီကျင့်စဉ်စခန်းရောက် ကျော်သူ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ကျော်သူကတော့ ကြိုတင်မဲစာရင်းပေးခဲ့ပေမယ့် ဆေးရုံတက်နေရတာကြောင့် မဲပေးဖို့ အခက်အခဲဖြစ် ကြန့်ကြာနေတဲ့အကြောင်းကို ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Thu ‘s fb
Bilie – Cele Connections