ျပည္သူခ်စ္ အနုပညာရွင္မ်ားျဖစ္ၾကတဲ့ ေရႊထူးနဲ့ ေရႊမႈံရတီတို့ကေတာ့ ကြ်မ္းက်င္ရာနယ္ပယ္အသီးသီးမွာ အားေပးသူပရိသတ္အခိုင္အမာနဲ့ ေအာင္ျမင္မႈေတြ ဆြတ္ခူးရရိွေနၾကသူမ်ား ျဖစ္ၾကပါတယ္။ ေရႊထူးနဲ့ ေရႊမႈံရတီက အလုပ္ေတြလုပ္ကိုင္ရင္းနဲ့ တစ္ဖက္မွာလည္း သူတို့နွစ္ေယာက္ တည္ေဆာက္ထားတဲ့ အိမ္ေထာင္သည္ဘဝေလးကို သာယာလွပေအာင္ တည္ေဆာက္ေနၾကတာပဲ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ ေရႊထူးနဲ့ ေရႊမႈံရတီတို့ အနုပညာလႈပ္ရွားမႈေတြကို ရပ္နားထားျပီး ေနအိမ္မွာပဲ ေအးခ်မ္းစြာေနထိုင္ေနလ်က္ရိွပါတယ္။

လူငယ္ေတြျဖစ္ေပမယ့္ ဘာသာေရးနဲ့ ကုသိုလ္ေရးကို အျမဲမျပတ္ျပဳလုပ္ေလ့ရိွတဲ့ ေရႊထူးနဲ့ ေရႊမႈံရတီက ဒီကေန့ သီတင္းကြ်တ္လျပည့္ေန့ေလးမွာ ကုသိုလ္ေတြျပဳလုပ္ခဲ့ပါတယ္။ ေရႊထူးနဲ့ ေရႊမႈံရတီက ပရိသတ္ေတြနာမည္နဲ့ သီလရွင္ဆရာေလးမ်ားအတြက္ ေန့ဆြမ္းဆက္ကပ္လွဴဒါန္းေပးျပီး “ယေန႔ လျပည့္ေန႔အလႉ ေလးအားလုံး ❤️ သာဓုေခၚႏိုင္ၾကပါေစ ရွင္ 🙏🏻🙏🏻🙏🏻” ဆိုျပီး ပရိသတ္ေတြကိုပါ အမွ်ေပးေဝထားပါတယ္။

ေရႊနွစ္ေရႊကေတာ့ ဝါတြင္းသံုးလစလံုး အဓိဌာန္ဝင္ကုသိုလ္ယူခဲ့တဲ့အျပင္ သီတင္းကြ်တ္လျပည့္ေန့ေလးမွာလည္း သီလရွင္ဆရာေလးမ်ားအတြက္ ေန့ဆြမ္းဆက္ကပ္လွဴဒါန္းခဲ့တာ ျဖစ္ပါတယ္။ ေရႊထူးနဲ့ ေရႊမႈံရတီတို့လည္း အနုပညာေလာကမွာ ဒီထက္မက ထြန္းလင္းေတာက္ပျပီး ေအာင္ျမင္မႈေတြမ်ားစြာ ဆြတ္ခူးရရိွပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Shwe Mhone Yati’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သီတင်းကျွတ်လပြည့်နေ့မှာ သီလရှင်ဆရာလေးများအတွက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းရင်း ကုသိုလ်ယူခဲ့ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ

ပြည်သူချစ် အနုပညာရှင်များဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ ကျွမ်းကျင်ရာနယ်ပယ်အသီးသီးမှာ အားပေးသူပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေ ဆွတ်ခူးရရှိနေကြသူများ ဖြစ်ကြပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အလုပ်တွေလုပ်ကိုင်ရင်းနဲ့ တစ်ဖက်မှာလည်း သူတို့နှစ်ယောက် တည်ဆောက်ထားတဲ့ အိမ်ထောင်သည်ဘဝလေးကို သာယာလှပအောင် တည်ဆောက်နေကြတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး နေအိမ်မှာပဲ အေးချမ်းစွာနေထိုင်နေလျက်ရှိပါတယ်။

လူငယ်တွေဖြစ်ပေမယ့် ဘာသာရေးနဲ့ ကုသိုလ်ရေးကို အမြဲမပြတ်ပြုလုပ်လေ့ရှိတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့လေးမှာ ကုသိုလ်တွေပြုလုပ်ခဲ့ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက ပရိသတ်တွေနာမည်နဲ့ သီလရှင်ဆရာလေးများအတွက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးပြီး “ယနေ့ လပြည့်နေ့အလှူ လေးအားလုံး ❤️ သာဓုခေါ်နိုင်ကြပါစေ ရှင် 🙏🏻🙏🏻🙏🏻” ဆိုပြီး ပရိသတ်တွေကိုပါ အမျှပေးဝေထားပါတယ်။

ရွှေနှစ်ရွှေကတော့ ဝါတွင်းသုံးလစလုံး အဓိဌာန်ဝင်ကုသိုလ်ယူခဲ့တဲ့အပြင် သီတင်းကျွတ်လပြည့်နေ့လေးမှာလည်း သီလရှင်ဆရာလေးများအတွက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့လည်း အနုပညာလောကမှာ ဒီထက်မက ထွန်းလင်းတောက်ပပြီး အောင်မြင်မှုတွေများစွာ ဆွတ်ခူးရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Shwe Mhone Yati’s fb
Bilie – Cele Connections