သ႐ုပ္ေဆာင္ စမိုင္းလ္ကေတာ့ ခ်စ္စရာေကာင္းၿပီး သြက္လက္ခ်က္ခ်ာလြန္းတာေၾကာင့္ ပရိသတ္ေတြ အခ်စ္ပိုေနရသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ စမိုင္းလ္ကေတာ့ မိဘေတြမရွိေတာ့တဲ့ေနာက္မွာ အဘြား၊ အစ္မနဲ႔ ခင္ပြန္းျဖစ္သူရဲ႕ မိဘေတြကိုသာ ဦးထိပ္ထားၿပီး အိမ္ဦးခန္းမွာ ျပဳစုေစာင့္ေရွာက္ေနတာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ စမိုင္းလ္က သီတင္းကြၽတ္မွာ အိမ္သားေတြႀကီးစဥ္ငယ္လိုက္ကန္ေတာ့ရင္း ဘြားဘြားႀကီးေဒၚခင္ေလးေဆြဆီက မုန႔္ဖိုးေတာင္းရခက္ပုံကို အ႐ႊန္းေဖာက္လာခဲ့တာကို အခုလိုပဲ ေျပာျပလာပါတယ္။


“သီတင္းကြၽတ္ႀကီးစဥ္ငယ္လိုက္ကန္ေတာ့ၾက မုန႔္ဖိုးေတာင္းၾက စားၾကေသာက္ၾက။ မိဘေတြမရွိေတာ့တဲ့က်မတို႔ညီအမႏွစ္ေယာက္ ေသြးသားဆိုလို႔အဖြားပဲရွိေတာ့ပါတယ္။ အဖြားကိုကန္ေတာ့။ ညည္းကို ဘာလို႔ေပးရမွာလဲငါ့ျမစ္ေတြပဲေပးမယ္ဆိုလို႔အတင္းလု။ အဖြားမုန္႔ဖိုးျပန္ေပးရလို႔ေသြးတက္ၿပီးမရီႏိုင္ 🤪” ဆိုျပီး မုန့္ဖိုးေပးတဲ့ ဖြားဖြားၾကီး ေဒၚခင္ေလးေဆြကို စေနာက္က်ီစယ္ကာ အရႊန္းေဖာက္ခဲ့တာပဲ ျဖစ္ပါတယ္။

စမိုင္းလ္တို့ မိသားစုေလးကေတာ့ သီတင္းကြ်တ္အခါသမယေလးမွာ အိမ္သားေတြ ၾကီးစဥ္ငယ္လိုက္ ကန္ေတာ့ၾကရင္း ေပ်ာ္စရာေကာင္းတဲ့အခ်ိန္ေတြကို ျဖတ္သန္းခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေပ်ာ္စရာေကာင္းတဲ့ သီတင္းကြ်တ္လျပည့္ေန့ေလးကို ပိုင္ဆိုင္နိုင္ၾကပါေစေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: စမိုင္းလ္ Smile’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သီတင်းကျွတ်မှာ အိမ်သားတွေကြီးစဉ်ငယ်လိုက်ကန်တော့ရင်း ဘွားဘွားကြီးဒေါ်ခင်လေးဆွေဆီက မုန့်ဖိုးတောင်းရခက်ပုံကို အရွှန်းဖောက်လာတဲ့ စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ်ကတော့ ချစ်စရာကောင်းပြီး သွက်လက်ချက်ချာလွန်းတာကြောင့် ပရိသတ်တွေ အချစ်ပိုနေရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ မိဘတွေမရှိတော့တဲ့နောက်မှာ အဘွား၊ အစ်မနဲ့ ခင်ပွန်းဖြစ်သူရဲ့ မိဘတွေကိုသာ ဦးထိပ်ထားပြီး အိမ်ဦးခန်းမှာ ပြုစုစောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စမိုင်းလ်က သီတင်းကျွတ်မှာ အိမ်သားတွေကြီးစဉ်ငယ်လိုက်ကန်တော့ရင်း ဘွားဘွားကြီးဒေါ်ခင်လေးဆွေဆီက မုန့်ဖိုးတောင်းရခက်ပုံကို အရွှန်းဖောက်လာခဲ့တာကို အခုလိုပဲ ပြောပြလာပါတယ်။

“သီတင်းကျွတ်ကြီးစဉ်ငယ်လိုက်ကန်တော့ကြ မုန့်ဖိုးတောင်းကြ စားကြသောက်ကြ။ မိဘတွေမရှိတော့တဲ့ကျမတို့ညီအမနှစ်ယောက် သွေးသားဆိုလို့အဖွားပဲရှိတော့ပါတယ်။ အဖွားကိုကန်တော့။ ညည်းကို ဘာလို့ပေးရမှာလဲငါ့မြစ်တွေပဲပေးမယ်ဆိုလို့အတင်းလု။ အဖွားမုန့်ဖိုးပြန်ပေးရလို့သွေးတက်ပြီးမရီနိုင် 🤪” ဆိုပြီး မုန့်ဖိုးပေးတဲ့ ဖွားဖွားကြီး ဒေါ်ခင်လေးဆွေကို စနောက်ကျီစယ်ကာ အရွှန်းဖောက်ခဲ့တာပဲ ဖြစ်ပါတယ်။

စမိုင်းလ်တို့ မိသားစုလေးကတော့ သီတင်းကျွတ်အခါသမယလေးမှာ အိမ်သားတွေ ကြီးစဉ်ငယ်လိုက် ကန်တော့ကြရင်း ပျော်စရာကောင်းတဲ့အချိန်တွေကို ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပျော်စရာကောင်းတဲ့ သီတင်းကျွတ်လပြည့်နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: စမိုင်းလ် Smile’s fb
Bilie – Cele Connections