


ယူနီကုဒ်ဖြင့်ဖတ်ရန်

သီတင်းကျွတ်လပြည့်နေ့မှာ လူကြီးမိဘဆရာသမားများနဲ့အတူ ဆရာဝန်ကြီးများနဲ့ ကျန်းမာရေးဝန်ထမ်းများကိုပါ နေအိမ်ကနေ ဂါရဝပြုခဲ့တဲ့ အိန္ဒြာကျော်ဇင်

နိုင်ငံကျော် မင်းသမီးချော အိန္ဒြာကျော်ဇင်က အနုပညာနယ်ပယ်မှာ ထိပ်ဆုံးကနေ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်ပီပီ ရုပ်ရှင်ဇာတ်ကားကြီးတွေကို နားရက်မရှိရိုက်ကူးရပေမယ့် (၂၀၂၀) ခုနှစ်မှာတော့ ကပ်ရောဂါအခြေအနေတွေကြောင့် တစ်နှစ်ပတ်လုံး နားနေရတာပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ အလုပ်တွေနားရတဲ့ ရှားရှားပါးပါးအချိန်လေးမှာ မိသားစုကို ပိုမိုအချိန်ပေးဖြစ်နေပြီး သူမဝါသနာပါရာ အလုပ်လေးတွေကို လုပ်ကိုင်ရင်း အေးအေးချမ်းချမ်း ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့မှာတော့ အိန္ဒြာကျော်ဇင်က သူမရဲ့ နေအိမ်ကနေတဆင့်ပဲ လပြည့်နေ့လေးကို ဖြတ်သန်းရင်း “ပျော်ရွှင်စရာစတေးဟုမ်းသီတင်းကျွတ်ဖြစ်ပါစေရှင်🎊🎉လူကြီးမိဘဆရာသမားများအားလုံးနဲ့ ဆရာဝန် ဆရာမများကျန်းမာရေးဝန်ထမ်းများအားလုံးကို ဒီကနေ ဂါရဝ ပြုလိုက်ပါတယ်ရှင်🙏🙏🙏” ဆိုပြီး လူကြီးမိဘဆရာသမားများနဲ့အတူ ကျန်းမာရေးဝန်ထမ်းများကိုပါ ဂါရဝပြုခဲ့ကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ သီတင်းကျွတ်လပြည့်နေ့လေးမှာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ပီပီ လူကြီးမိဘဆရာသမားတွေကို ဂါရဝပြုကန်တော့ရင်း နေအိမ်မှာပဲ အေးအေးဆေးဆေး ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မင်္ဂလာရှိတဲ့ သီတင်းကျွတ်လပြည့်နေ့လေးကို ပိုင်ဆိုင်နိုင်ပါစေနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections