


Source: San San Nwe’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရပြီး ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သရုပ်ဆောင် ကြည်စိုး (IC)

Covid-19 ရောဂါပိုးကတော့ တစ်နေ့ထက်တစ်နေ့ ကူးစက်ပျံ့နှံ့မှုနှုန်းတိုးမြှင့်လာခဲ့ပြီး သေဆုံးသူတွေလည်း များပြားလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ဆင်းရဲ၊ ချမ်းသာ၊ လူကြီး၊ လူငယ်မရွေး ကူးစက်နေတဲ့ Covid-19 ရောဂါပိုးကတော့ သာမာန်ပြည်သူတွေသာမကပဲ အနုပညာရှင်၊ အားကစားသမား၊ သံဃာတော်စတာတွေကိုပါ မချန်လှပ်ပါဘူး။ ဒီကနေ့မှာလည်း ပရိသတ်ချစ်တဲ့ အနုပညာရှင်တစ်ယောက်ကလည်း Covid-19 ရဲ့ နောက်ဆက်တွဲ အခြေအနေဆိုးကြီးထိ ရောက်ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို အိမ်ခြံမြေသင်တန်းတွေကိုလည်း သင်ကြားပို့သပေးခဲ့တဲ့ သရုပ်ဆောင်ကြီး ဦးကြည်စိုး (IC) ကလည်း ဒီကနေ့ နေ့လည်ခင်းပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီလို့ ကျန်ရစ်သူ မိသားစုတွေက ပြောထားပါတယ်။ ဦးကြည်စိုး (IC) က Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရပြီး ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဦးကြည်စိုး (IC)က ကွယ်လွန်သွားချိန်မှာတော့ အသက် (၇၂) နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။ ဦးကြည်စိုး (IC) တစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ညှိုးငယ်စွာနဲ့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: San San Nwe’s fb
Bilie – Cele Connections