ပန္ပန္လို႔ ပရိသတ္ေတြ ခ်စ္စႏိုးနဲ႔ ေခၚၾကတဲ့ သ႐ုပ္ေဆာင္၊ အဆိုေတာ္ ဆုပန္ထြာကေတာ့ ညိဳစိမ့္စိမ့္အသားအရည္ေလးနဲ႔ ျမန္မာဆန္ဆန္ လွပသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဆုပန္ထြာက အခုဆိုရင္ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ရင္း သူမရဲ႕ မိသားစုေလးကိုလည္း သာယာေပ်ာ္႐ႊင္ဖြယ္ျဖစ္ေအာင္ တည္ေဆာက္ေနတာပဲ ျဖစ္ပါတယ္။ ဆုပန္ထြာရဲ႕ ခင္ပြန္း ကိုဥကၠေက်ာ္ကလည္း ဆုပန္ထြာရဲ႕ နံေဘးကေန ပါရမီျဖည့္ေပးၿပီး မိသားစုေလးကို ေစာင့္ေရွာက္ေနတာေၾကာင့္ ပိုၿပီး သာယာတဲ့ မိသားစုေလးျဖစ္လို႔ေနတာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ဆုပန္ထြာရဲ႕ ခင္ပြန္း ကိုဥကၠာေက်ာ္က ဇနီးျဖစ္သူကို ခ်စ္တဲ့အေၾကာင္းေတြကို စီကာပတ္ကုံးေျပာခဲ့တာ အခုလိုပဲ ေတြ႕ရပါတယ္။
“Birthday တစ္ခုၿပီးသြားၿပီ။ ၁ပတ္ေလာက္ေက်ာ္ရင္ အားလုံးေမ့သြားၾကၿပီ။ တကယ္ေတာ့ Birthday ေတြဆိုတာ အသက္၁ႏွစ္ထပ္တိုးလာတယ္ဆိုတာကို အထိမ္းအမွတ္ ေပ်ာ္ပြဲ႐ႊင္ပြဲက်င္းပၾကတဲ့ေနထူးေန႔ုျမတ္ေလးပါပဲ။ လူေတြဟာ ေမြးေန႔ေတြမ်ားလာတာနဲ႔အမွ် အသက္အလိုက္ ပိုၿပီးရင့္က်က္လာၾကတယ္။ အေတြးအေခၚေတြနက္နဲလာၾကတယ္။ ႐ုပ္ရည္ခႏၲာကိုယ္ဖြဲ႕စည္းပုံ က်န္းမာေရးေတြ လူေနမႈအေျခအေနေတြ ေျဖးေျဖးခ်င္း ၁ႏွစ္ၿပီး၁ႏွစ္ ေျပာင္းလဲလာၾကတယ္။တို႔၂ေယာက္ရဲ႕ၾကားမွာ Roar Roar ေလးေတာင္ေရာက္လာၿပီး သူ႔အသက္ေလး ၄ႏွစ္ျပည့္ခဲ့ၿပီ။ ေျပာခ်င္တာ တို႔၂ေယာက္ရဲ႕ဘဝအေျခအေနေတြ ဘာေတြဘယ္ေလာက္ေျပာင္းေျပာင္း ဘယ္သူေတြ ဘာေတြေျပာေျပာ တို႔ႏွစ္ေယာက္ ဂ႐ုမစိုက္ပဲ အဆိုးအေကာင္း အနိမ့္အျမင့္ေတြၾကားက ခိုင္မာစြာလက္တြဲခဲ့ၾကတယ္။ ”
“ရည္းစားဘဝတုန္းက #အၿမဲေျပာခဲ့တဲ့စကားေလးတခြန္း အသက္ေတြႀကီးၿပီးမလွေတာ့တဲ့အခ်ိန္ ႏုပ်ိဳျခင္းေတြမရွိေတာ့တဲ့အခ်ိန္အထိ သစၥာရွိရွိဇြဲမေရွာ့ပဲ ဟို႐ုပ္ရွင္မင္းသမီးႀကီးတို႔ အ႐ြယ္ေရာက္တဲ့အထိ ခုလိုပဲ အရမ္းခ်စ္သြားမယ္ဆိုတာကိုအဲ့ဒီအခ်ိန္ေရာက္မွယုံေတာ့ေနာ္။ မင္းသမီးအခန္း၊ အေမအခန္း၊ အဖြားအခန္းထိ ဆက္ခ်စ္ေနမယ္၊ ေစာင့္ေရွာက္ေနမယ္၊ စိတ္ပူေနမယ္။ အခုေတာ့ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ေတြၾကားက ေန႔တိုင္း အၿမဲတိုင္း I loved you, I love you, I will always love you မာမားေရ… ဘာရယ္ေတာ့မဟုတ္ဘူး ဘာသာတရားကိုင္းရႈိင္းတဲ့ မိန္းမကိုခ်စ္လို႔… ခ်စ္တယ္လို႔ေရးထားတဲ့စာေလးပါ။ အရမ္းခ်စ္တယ္ Supan Htwar ♥️” ဆိုၿပီး သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားလာတာပဲ ျဖစ္ပါတယ္။
ဆုပန္ထြာကေတာ့ ခင္ပြန္းျဖစ္သူရဲ႕ ခ်စ္စကားေတြေၾကာင့္ “ေဖေဖရယ္…..🥺🥺🥺 ခ်စ္တယ္” လို့သာေျပာနိုင္ေတာ့ျပီး မ်က္ရည္ေတြေတာင္ က်သြားခဲ့တာ ျဖစ္ပါတယ္။ ဆုပန္ထြာတို႔ မိသားစုေလး အခုလိုပဲ အၿမဲတမ္းေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ထာဝရေအးခ်မ္းသာယာပါေစေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
Source: Okkar Kyaw’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္
ချစ်တဲ့အကြောင်းတွေဖွင့်ဟပြောပြဖို့ ဝန်မလေးတဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်ရဲ့ ချစ်စကားတွေကြောင့် မျက်ရည်တွေကျစေတဲ့အထိ ပီတိဖြစ်ခဲ့တဲ့ ဆုပန်ထွာ
ပန်ပန်လို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ သရုပ်ဆောင်၊ အဆိုတော် ဆုပန်ထွာကတော့ ညိုစိမ့်စိမ့်အသားအရည်လေးနဲ့ မြန်မာဆန်ဆန် လှပသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဆုပန်ထွာက အခုဆိုရင် အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း သူမရဲ့ မိသားစုလေးကိုလည်း သာယာပျော်ရွှင်ဖွယ်ဖြစ်အောင် တည်ဆောက်နေတာပဲ ဖြစ်ပါတယ်။ ဆုပန်ထွာရဲ့ ခင်ပွန်း ကိုဥက္ကကျော်ကလည်း ဆုပန်ထွာရဲ့ နံဘေးကနေ ပါရမီဖြည့်ပေးပြီး မိသားစုလေးကို စောင့်ရှောက်နေတာကြောင့် ပိုပြီး သာယာတဲ့ မိသားစုလေးဖြစ်လို့နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဆုပန်ထွာရဲ့ ခင်ပွန်း ကိုဥက္ကာကျော်က ဇနီးဖြစ်သူကို ချစ်တဲ့အကြောင်းတွေကို စီကာပတ်ကုံးပြောခဲ့တာ အခုလိုပဲ တွေ့ရပါတယ်။
“Birthday တစ်ခုပြီးသွားပြီ။ ၁ပတ်လောက်ကျော်ရင် အားလုံးမေ့သွားကြပြီ။ တကယ်တော့ Birthday တွေဆိုတာ အသက်၁နှစ်ထပ်တိုးလာတယ်ဆိုတာကို အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကျင်းပကြတဲ့နေထူးနေ့ုမြတ်လေးပါပဲ။ လူတွေဟာ မွေးနေ့တွေများလာတာနဲ့အမျှ အသက်အလိုက် ပိုပြီးရင့်ကျက်လာကြတယ်။ အတွေးအခေါ်တွေနက်နဲလာကြတယ်။ ရုပ်ရည်ခန္တာကိုယ်ဖွဲ့စည်းပုံ ကျန်းမာရေးတွေ လူနေမှုအခြေအနေတွေ ဖြေးဖြေးချင်း ၁နှစ်ပြီး၁နှစ် ပြောင်းလဲလာကြတယ်။ တို့၂ယောက်ရဲ့ကြားမှာ Roar Roar လေးတောင်ရောက်လာပြီး သူ့အသက်လေး ၄နှစ်ပြည့်ခဲ့ပြီ။ ပြောချင်တာ တို့၂ယောက်ရဲ့ဘဝအခြေအနေတွေ ဘာတွေဘယ်လောက်ပြောင်းပြောင်း ဘယ်သူတွေ ဘာတွေပြောပြော တို့နှစ်ယောက် ဂရုမစိုက်ပဲ အဆိုးအကောင်း အနိမ့်အမြင့်တွေကြားက ခိုင်မာစွာလက်တွဲခဲ့ကြတယ်။ ”
“ရည်းစားဘဝတုန်းက #အမြဲပြောခဲ့တဲ့စကားလေးတခွန်း အသက်တွေကြီးပြီးမလှတော့တဲ့အချိန် နုပျိုခြင်းတွေမရှိတော့တဲ့အချိန်အထိ သစ္စာရှိရှိဇွဲမရှော့ပဲ ဟိုရုပ်ရှင်မင်းသမီးကြီးတို့ အရွယ်ရောက်တဲ့အထိ ခုလိုပဲ အရမ်းချစ်သွားမယ်ဆိုတာကိုအဲ့ဒီအချိန်ရောက်မှယုံတော့နော်။ မင်းသမီးအခန်း၊ အမေအခန်း၊ အဖွားအခန်းထိ ဆက်ချစ်နေမယ်၊ စောင့်ရှောက်နေမယ်၊ စိတ်ပူနေမယ်။ အခုတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တွေကြားက နေ့တိုင်း အမြဲတိုင်း I loved you, I love you, I will always love you မာမားရေ… ဘာရယ်တော့မဟုတ်ဘူး ဘာသာတရားကိုင်းရှိုင်းတဲ့ မိန်းမကိုချစ်လို့… ချစ်တယ်လို့ရေးထားတဲ့စာလေးပါ။ အရမ်းချစ်တယ် Supan Htwar ♥️” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာတာပဲ ဖြစ်ပါတယ်။
ဆုပန်ထွာကတော့ ခင်ပွန်းဖြစ်သူရဲ့ ချစ်စကားတွေကြောင့် “ဖေဖေရယ်…..🥺🥺🥺 ချစ်တယ်” လို့သာပြောနိုင်တော့ပြီး မျက်ရည်တွေတောင် ကျသွားခဲ့တာ ဖြစ်ပါတယ်။ ဆုပန်ထွာတို့ မိသားစုလေး အခုလိုပဲ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နဲ့ ထာဝရအေးချမ်းသာယာပါစေနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Okkar Kyaw’s fb
Bilie – Cele Connections