မိန္းကေလးအခ်င္းခ်င္းေတာင္ ေငးေမာယူရတဲ့အထိ မဟာဆန္ဆန္ အလွကို္ပိုင္ဆိုင္ထားတဲ့ ေအးဝတ္ရည္ေသာင္းကေတာ့ ပညာေရးေၾကာင့္ အနုပညာအလုပ္ေတြနဲ့ နွစ္အနည္းငယ္ အဆက္အသြယ္ျပတ္ေတာက္သြားခဲ့ျပီး ဒုတိယအၾကိမ္ေျမာက္ အနုပညာေလာကထဲကို ဝင္ေရာက္လာခ်ိန္မွာေတာ့ မေအးေသာင္းဆိုျပီး တစ္ေၾကာ့ျပန္ ေရပန္းစား ေအာင္ျမင္ခဲ့တာပဲ ျဖစ္ပါတယ္။ ျမန္မာဆန္ဆန္ လွပတဲ့ မေအးေသာင္းကေတာ့ ဒီကေန့မွာ ပရိသတ္ေတြ လံုးဝမထင္ထားေလာက္တဲ့ သူမရဲ့ လွ်ိဳ့ဝွက္ခ်က္ကို အခုလိုပဲ ဖြင့္ဟေျပာျပလာခဲ့တာကို ေတြ့ရပါတယ္။

“ကိုယ့္ရဲ႕ ဝါသနာအပါဆုံးက ကားေမာင္းတာဆိုရင္ တခ်ိဳ႕လူေတြကယုံႏိုင္ပါ့မလား။ အိမ္မွာဦးေလး ၅ ေယာက္ရွိတယ္။ ၁၂ ႏွစ္ကတည္းက ကားစေမာင္းတတ္ေနၿပီ။ ဘယ္လိုစေမာင္းတတ္တာလဲေမးရင္ ဦးေလးေတြကိုကားကဘယ္လိုေမာင္းရတာလဲေမးတယ္ ဒါကဂီယာ ဒါက ကလပ္ ဒါက ဘရိတ္ ဒါက ဟန္းဘရိတ္ ဒီလိုစက္ႏႈိး ဂီယာ 1,2,3,4,5 Back ဂီယာ ဘာညာ လို႔ေျပာျပတာနဲ႔ ကားေသာ့ယူကားေပၚတက္ၿပီးတခါတည္းေမာင္းခ်ပစ္တာ။ စစေမာင္းတတ္တဲ့ေန႔ အေမထိုင္ေနတဲ့ ဒါန္းကို ဂီယာထိုးၿပီးစက္ႏႈိးမိလို႔ဝင္တိုက္တာ မွတ္မွတ္ရရပဲ။”

“ၿပိဳင္ကား ကားႀကီး ကားေသး ကားလတ္ ကုန္ကား အိမ္ကဘုရားဖူးကားေတြကအစကိုယ္ေမာင္းတတ္တယ္ဆို ယူတို႔ယုံမလား။ အခုေတာ့ Auto နဲ႔ေမာင္းတာေတြေပၚလာေတာ့အရင္လိုအလုပ္ေတာ့မရႈပ္ေတာ့ဘူးေပါ့။ ကိုယ္ေမာင္းတဲ့ကားစီးဖူးတဲ့သူေတြဆို ဂ်ိမ္းစဘြန္းမ ဆိုၿပီးေတာင္ေျပာၾကတာ။ ဟိုင္းေဝးသြားရင္ အေဖနဲ႔အေမဆို စိတ္ခ်လက္ခ်အိပ္လိုက္လိုက္ၾကတာ။ ကိုယ္နဲ႔ကားအေၾကာင္းဆို တစ္ေထာင့္တညပုံျပင္လိုပဲ။ ကားၿပိဳင္ေမာင္းခဲ့ရတဲ့အခ်ိန္ေတြမပါေသးဘူး။” ဆိုျပီး သူမရဲ့ လွ်ိဳ့ဝွက္ခ်က္ကို ေျပာျပလာတာပဲ ျဖစ္ပါတယ္။

မေအးေသာင္းကေတာ့ နူးနူးညံ့ည့ံလွပသူတစ္ေယာက္ျဖစ္ေပမယ့္ ပရိသတ္ေတြ လံုးဝမထင္ထားေလာက္တဲ့ အရည္အခ်င္းေတြကလည္း သူမဆီမွာ ပိုင္ဆိုင္ထားတာ အံ့ၾသစရာပါပဲေနာ္။ ပရိသတ္ၾကီးလည္း မေအးေသာင္းရဲ့ ထူးထူးျခားျခား စြမ္းရည္ကို သိရျပီး အံ့ၾသေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Aye Thaung’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

(၁၂) နှစ်တည်းက ကားမောင်းတတ်တာကြောင့် အိမ်စီးကားသေးတွေသာမကပဲ ကုန်ကားကြီးတွေအထိ မောင်းတတ်တယ်ဆိုတဲ့ လျှို့ဝှက်စွမ်းရည်ကိုပြောပြလာတဲ့ မအေးသောင်း

မိန်းကလေးအချင်းချင်းတောင် ငေးမောယူရတဲ့အထိ မဟာဆန်ဆန် အလှကိုပိုင်ဆိုင်ထားတဲ့ အေးဝတ်ရည်သောင်းကတော့ ပညာရေးကြောင့် အနုပညာအလုပ်တွေနဲ့ နှစ်အနည်းငယ် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး ဒုတိယအကြိမ်မြောက် အနုပညာလောကထဲကို ဝင်ရောက်လာချိန်မှာတော့ မအေးသောင်းဆိုပြီး တစ်ကြော့ပြန် ရေပန်းစား အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာဆန်ဆန် လှပတဲ့ မအေးသောင်းကတော့ ဒီကနေ့မှာ ပရိသတ်တွေ လုံးဝမထင်ထားလောက်တဲ့ သူမရဲ့ လျှို့ဝှက်ချက်ကို အခုလိုပဲ ဖွင့်ဟပြောပြလာခဲ့တာကို တွေ့ရပါတယ်။

“ကိုယ့်ရဲ့ ဝါသနာအပါဆုံးက ကားမောင်းတာဆိုရင် တချို့လူတွေကယုံနိုင်ပါ့မလား။ အိမ်မှာဦးလေး ၅ ယောက်ရှိတယ်။ ၁၂ နှစ်ကတည်းက ကားစမောင်းတတ်နေပြီ။ ဘယ်လိုစမောင်းတတ်တာလဲမေးရင် ဦးလေးတွေကိုကားကဘယ်လိုမောင်းရတာလဲမေးတယ် ဒါကဂီယာ ဒါက ကလပ် ဒါက ဘရိတ် ဒါက ဟန်းဘရိတ် ဒီလိုစက်နှိုး ဂီယာ 1,2,3,4,5 Back ဂီယာ ဘာညာ လို့ပြောပြတာနဲ့ ကားသော့ယူကားပေါ်တက်ပြီးတခါတည်းမောင်းချပစ်တာ။ စစမောင်းတတ်တဲ့နေ့ အမေထိုင်နေတဲ့ ဒါန်းကို ဂီယာထိုးပြီးစက်နှိုးမိလို့ဝင်တိုက်တာ မှတ်မှတ်ရရပဲ။”

“ပြိုင်ကား ကားကြီး ကားသေး ကားလတ် ကုန်ကား အိမ်ကဘုရားဖူးကားတွေကအစကိုယ်မောင်းတတ်တယ်ဆို ယူတို့ယုံမလား။ အခုတော့ Auto နဲ့မောင်းတာတွေပေါ်လာတော့အရင်လိုအလုပ်တော့မရှုပ်တော့ဘူးပေါ့။ ကိုယ်မောင်းတဲ့ကားစီးဖူးတဲ့သူတွေဆို ဂျိမ်းစဘွန်းမ ဆိုပြီးတောင်ပြောကြတာ။ ဟိုင်းဝေးသွားရင် အဖေနဲ့အမေဆို စိတ်ချလက်ချအိပ်လိုက်လိုက်ကြတာ။ ကိုယ်နဲ့ကားအကြောင်းဆို တစ်ထောင့်တညပုံပြင်လိုပဲ။ ကားပြိုင်မောင်းခဲ့ရတဲ့အချိန်တွေမပါသေးဘူး။” ဆိုပြီး သူမရဲ့ လျှို့ဝှက်ချက်ကို ပြောပြလာတာပဲ ဖြစ်ပါတယ်။

မအေးသောင်းကတော့ နူးနူးညံ့ညံ့လှပသူတစ်ယောက်ဖြစ်ပေမယ့် ပရိသတ်တွေ လုံးဝမထင်ထားလောက်တဲ့ အရည်အချင်းတွေကလည်း သူမဆီမှာ ပိုင်ဆိုင်ထားတာ အံ့သြစရာပါပဲနော်။ ပရိသတ်ကြီးလည်း မအေးသောင်းရဲ့ ထူးထူးခြားခြား စွမ်းရည်ကို သိရပြီး အံ့သြနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Aye Thaung’s fb
Bilie – Cele Connections