


ယူနီကုဒ်ဖြင့်ဖတ်ရန်

Covid-19 ကာလမှာ အနည်းနဲ့အများကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် ငွေကျပ်သိန်း(၂၀) နဲ့ တစ်ဖက်တစ်လမ်းက ကူညီလှူဒါန်းပေးခဲ့တဲ့ R ဇာနည်နဲ့ ဝမ်း

အဆိုတော် R ဇာနည် နဲ့ မော်ဒယ်လ် ဝမ်းတို့ကတော့ သားသမီး (၃) ယောက်နဲ့ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသလို အနုပညာအလုပ်တွေမှာလည်း အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့ R ဇာနည်ကတော့ လက်ရှိ တစ်နိုင်ငံလုံး ခံစားနေရတဲ့ Covid 19 ကာလမှာ အနည်းနဲ့အများကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် တစ်ဖက်တစ်လမ်း ကူညီလှူဒါန်းပေးခဲ့တဲ့အကြောင်းကို အခုလိုပဲ မျှဝေပေးလာပါတယ်။

“Covid 19 ကာလမှာ အားလုံး အခက်အခဲအကျပ်အတည်းတွေ အနဲနဲ့အများရှိကြမှာသေခြာပါတယ် ကပ်ရောဂါဆိုးကြီးဘေးမှအမြန်ဆုံးအတူတကွ လွတ်မြောက်ကျော်လွှာနိုင်ဖို့ ဆုမွန်ကောင်းတောင်းရင်း ကျွန်တော်တို့မိသားစု တဖတ်တလမ်းမှတတ်နိုင်သလောက်ပါဝင်လှူတန်းမှူ့လေးပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့လှူတန်းမှူ့ဟာချစ်တဲ့ပရိပ်သတ်ကြီးနဲ့အတူမို့ အားလုံးကုသိုလ်ရဖို့မျှော်လင့်ပါတယ်။ ဘေးရန်ကင်း၍မိသားစုတိုင်းကျန်းမာပျော်ရွှင်ကြပါစေ 🙏🙏🙏🙏🙏” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာခဲ့ပါတယ်။

R ဇာနည်နဲ့ ဝမ်းတို့ မိသားစုကတော့ ပြည်သူတွေထဲက ပြည်သူတွေပီပီ အခက်အခဲ အကြပ်အတည်းနဲ့ ရင်ဆိုင်ရချိန်မှာ တတ်နိုင်သလောက် ကူညီဖေးမပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း R ဇာနည်နဲ့ ဝမ်းတို့ မိသားစုလေးရဲ့ ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Zarni Myonyunt’s fb
Bilie – Cele Connections