မင္းသားေခ်ာ ေျပတီဦးကေတာ့ ဆယ္ေက်ာ္သက္အရြယ္ကတည္းက ျမန္မာ့ရုပ္ျမင္သံၾကား ပညာေပးရုပ္သံေတြမွာ ပါဝင္သရုပ္ေဆာင္ခဲ့ရင္း အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့သူ ျဖစ္ပါတယ္။ သ႑ာန္လုပ္ သရုပ္တူဆိုတဲ့ စကားအတိုင္း တစ္ထပ္တည္းက်ေအာင္ သရုပ္ေဆာင္ေနိုင္ခဲ့တဲ့ ေျပတီဦးကေတာ့ အခုဆိုရင္ အကယ္ဒမီဆုၾကီး (၄) ဆုတိတိကို ပိုင္ဆိုင္ထားခဲ့ျပီပဲ ျဖစ္ပါတယ္။ ေျပတီဦးကေတာ့ ပရဟိတေဖာင္ေဒးရွင္းတစ္ခုကို တည္ေထာင္ထားသလို အကယ္ဒမီ အိျႏၵာေက်ာ္ဇင္နဲ့လည္း ေပ်ာ္ရႊင္စရာ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။

ဒီကေန့မွာေတာ့ ေျပတီဦးက ပရဟိတရံပုံေငြ ပန္းခ်ီေလလံပြဲတစ္ခုမွာ ပါဝင္လွဴဒါန္းေပးခဲ့တဲ့ သမီးေလး ေျပသုျဒာအတြက္ ဂုဏ္ယူေၾကာင္း ေျပာလာတာကို ေတြ့ရပါတယ္။ “အလႉအတန္းတစ္ခုမွာ ပါဝင္ခ်င္တဲ့သမီးေလးရဲ႕စိတ္ကို အေဖတစ္ေယာက္အေနနဲ႔ ဂုဏ္ယူမိပါတယ္။ လွဴဒါန္းခ်င္တဲ့စိတ္ သမီးေလးကိုခ်စ္တဲ့စိတ္နဲ႔ ကေလးကိုစိတ္ဓါတ္ခြန္အားရေအာင္ ဝင္ေရာက္ေလလံဆြဲေပးေနၾကသူမ်ားကိုလည္းေလးစားစြာ ဦးၫႊတ္ဂုဏ္ျပဳအပ္ပါသည္။ ဒီအလႉေလးမွာ ပါဝင္ခ်င္ေသာသူမ်ားကိုလည္း 3Color_ပန္းခ်ီျပခန္း page တြင္ဝင္ေရာက္ေလလံဆြဲေပးႏိုင္ပါေၾကာင္းေလးစားစြာဖိတ္ေခၚအပ္ပါသည္ ခင္ဗ်ား…🙏🙏🙏😍😍😍” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေရးသားခဲ့ပါတယ္။

ေျပတီဦးကေတာ့ ကေလးဆိုေပမယ့္ အလွဴအတန္းတစ္ခုမွာ ပါဝင္ခ်င္တဲ့ သမီးေလးအတြက္ ဂုဏ္ယူဝမ္းသာမဆံုး ျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ေျပသုျဒာေလးရဲ့ ပန္းခ်ီကားကေတာ့ အခုဆိုရင္ က်ပ္ (၆) သိန္းထိ အဆိုေတာ္ Ar-T က ေလလံေစ်းတိုးျမင့္သြားခဲ့ျပီပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Pyay Ti Oo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အလှူအတန်းတစ်ခုမှာ ကိုယ်ပိုင်လုပ်အားနဲ့ပါဝင်ချင်တဲ့ သမီးလေး ပြေသုဒြာရဲ့ စိတ်ထားကို အဖေတစ်ယောက်အနေနဲ့ ဂုဏ်ယူကြောင်းပြောလာတဲ့ ပြေတီဦး

မင်းသားချော ပြေတီဦးကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက မြန်မာ့ရုပ်မြင်သံကြား ပညာပေးရုပ်သံတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ သဏ္ဍာန်လုပ် သရုပ်တူဆိုတဲ့ စကားအတိုင်း တစ်ထပ်တည်းကျအောင် သရုပ်ဆောင်နေိုင်ခဲ့တဲ့ ပြေတီဦးကတော့ အခုဆိုရင် အကယ်ဒမီဆုကြီး (၄) ဆုတိတိကို ပိုင်ဆိုင်ထားခဲ့ပြီပဲ ဖြစ်ပါတယ်။ ပြေတီဦးကတော့ ပရဟိတဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်ထားသလို အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့လည်း ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

ဒီကနေ့မှာတော့ ပြေတီဦးက ပရဟိတရံပုံငွေ ပန်းချီလေလံပွဲတစ်ခုမှာ ပါဝင်လှူဒါန်းပေးခဲ့တဲ့ သမီးလေး ပြေသုဒြာအတွက် ဂုဏ်ယူကြောင်း ပြောလာတာကို တွေ့ရပါတယ်။ “အလှူအတန်းတစ်ခုမှာ ပါဝင်ချင်တဲ့သမီးလေးရဲ့စိတ်ကို အဖေတစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်။ လှူဒါန်းချင်တဲ့စိတ် သမီးလေးကိုချစ်တဲ့စိတ်နဲ့ ကလေးကိုစိတ်ဓါတ်ခွန်အားရအောင် ဝင်ရောက်လေလံဆွဲပေးနေကြသူများကိုလည်းလေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။ ဒီအလှူလေးမှာ ပါဝင်ချင်သောသူများကိုလည်း 3Color_ပန်းချီပြခန်း page တွင်ဝင်ရောက်လေလံဆွဲပေးနိုင်ပါကြောင်းလေးစားစွာဖိတ်ခေါ်အပ်ပါသည် ခင်ဗျား…🙏🙏🙏😍😍😍” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ပြေတီဦးကတော့ ကလေးဆိုပေမယ့် အလှူအတန်းတစ်ခုမှာ ပါဝင်ချင်တဲ့ သမီးလေးအတွက် ဂုဏ်ယူဝမ်းသာမဆုံး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပြေသုဒြာလေးရဲ့ ပန်းချီကားကတော့ အခုဆိုရင် ကျပ် (၆) သိန်းထိ အဆိုတော် Ar-T က လေလံဈေးတိုးမြင့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Pyay Ti Oo’s fb
Bilie – Cele Connections