သရုပ္ေဆာင္ ထက္ထက္မိုးဦးကေတာ့ မႈံေရႊရည္ဆိုတဲ့ နာမည္ေလးနဲ့ အနုပညာေလာကထဲ စတင္ဝင္လာခဲ့ရာမွ ဒီေန့အခ်ိန္ထိ ေအာင္ျမင္မႈေတြမ်ားစြာ ရရိွေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ထက္ထက္မိုးဦးကေတာ့ အသက္အရြယ္အရသာ တျဖည္းျဖည္းၾကီးလာခဲ့ေပမယ့္ သူမရဲ့ ပရိသတ္ေတြကေတာ့ ဒီေန့ဒီအခ်ိန္ထိ ခ်စ္ခင္အားေပးေနၾကဆဲ ျဖစ္ပါတယ္။ ထက္ထက္မိုးဦးကလည္း က်န္းမာေရးအေျခအေန၊ လူမႈေရးအေျခအေနေတြေၾကာင့္ ဘယ္ေလာက္ပဲခက္ခဲပါေစ ပရိသတ္ေတြေပးတဲ့ အင္အားေၾကာင့္ အလုပ္ေတြကို အားသြန္ခြန္စိုက္လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။

လက္ရိွမွာ အြန္လိုင္းစာမ်က္နွာကေန လုပ္ငန္းၾကီးေတြက အပ္နွံၾကတဲ့ တန္ဖိုးၾကီး လက္ဝတ္ရတနာ၊ ကား စတဲ့ ပစၥည္းေတြကို ေရာင္းခ်ေပးေနတဲ့ ထက္ထက္မိုးဦးက မေန့က ေအာက္တိုဘာလ (၂၉) ရက္ေန့မွာေတာ့ သိန္းေပါင္းေသာင္းခ်ီနီးပါး တန္ဖုိးရိွတဲ့ တန္ဖိုးၾကီးအိမ္ေတြကို ေရာင္းခ်ေပးခဲ့ပါတယ္။ ထက္ထက္မိုးဦးကေတာ့ ရတနာဆိုင္ၾကီးေတြအတြက္ သိန္းေပါင္းေထာင္ခ်ီျပီး ေရာင္းခ်ေပးနိုင္ရံုသာမက အိမ္ေတြကိုလည္း ေရာင္းခ်ေပးနိုင္ခဲ့ေၾကာင္းကို “Pun Hlaing Housing ကေန အခုပဲဖုန္းဆက္လာတာ Lotus Place (Live မွာ ထက္ဒုတိယျပတဲ့အိမ္) သိန္း 7250 အတြက္ စရံခ်သြားၿပီတဲ့။ၿမိတ္ကေန Live ကိုၾကည့္ၿပီး ဝယ္ယူတာမို႔ ထက္အရမ္းကို ေပ်ာ္႐ႊင္ရပါတယ္ ။” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန ဝမ္းသာစြာေျပာလာပါတယ္။

ထက္ထက္မိုးဦးကေတာ့ လက္ဝတ္ရတနာေတြသာမကပဲ သိန္းေပါင္းေထာင္ခ်ီတဲ့ ေနအိမ္ေတြကိုလည္း နာရီပိုင္းအတြင္း ေရာင္းထုတ္ေပးနိုင္ခဲ့ တကယ့္ကို ေလးစားစရာပါပဲ။ ပရိသတ္ေတြကလည္း ထက္ထက္မိုးဦးေရာင္းတဲ့ပစၥည္းေတြထက္ ထက္ထက္မိုးဦးကိုခ်စ္လို့ဆုိျပီး ဝယ္ယူအားေပးၾကတာ မ်ားျပားတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htet Htet Moe Oo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လက်ဝတ်ရတနာတွေသာမကပဲ သိန်းပေါင်းသောင်းဂဏန်းနီးပါးရှိတဲ့ နေအိမ်တွေကိုလည်း နာရီပိုင်းအတွင်း ရောင်းထုတ်ပေးနိုင်ခဲ့တဲ့ ထက်ထက်မိုးဦး

သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ မှုံရွှေရည်ဆိုတဲ့ နာမည်လေးနဲ့ အနုပညာလောကထဲ စတင်ဝင်လာခဲ့ရာမှ ဒီနေ့အချိန်ထိ အောင်မြင်မှုတွေများစွာ ရရှိနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးကတော့ အသက်အရွယ်အရသာ တဖြည်းဖြည်းကြီးလာခဲ့ပေမယ့် သူမရဲ့ ပရိသတ်တွေကတော့ ဒီနေ့ဒီအချိန်ထိ ချစ်ခင်အားပေးနေကြဆဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးကလည်း ကျန်းမာရေးအခြေအနေ၊ လူမှုရေးအခြေအနေတွေကြောင့် ဘယ်လောက်ပဲခက်ခဲပါစေ ပရိသတ်တွေပေးတဲ့ အင်အားကြောင့် အလုပ်တွေကို အားသွန်ခွန်စိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ အွန်လိုင်းစာမျက်နှာကနေ လုပ်ငန်းကြီးတွေက အပ်နှံကြတဲ့ တန်ဖိုးကြီး လက်ဝတ်ရတနာ၊ ကား စတဲ့ ပစ္စည်းတွေကို ရောင်းချပေးနေတဲ့ ထက်ထက်မိုးဦးက မနေ့က အောက်တိုဘာလ (၂၉) ရက်နေ့မှာတော့ သိန်းပေါင်းသောင်းချီနီးပါး တန်ဖိုးရှိတဲ့ တန်ဖိုးကြီးအိမ်တွေကို ရောင်းချပေးခဲ့ပါတယ်။ ထက်ထက်မိုးဦးကတော့ ရတနာဆိုင်ကြီးတွေအတွက် သိန်းပေါင်းထောင်ချီပြီး ရောင်းချပေးနိုင်ရုံသာမက အိမ်တွေကိုလည်း ရောင်းချပေးနိုင်ခဲ့ကြောင်းကို “Pun Hlaing Housing ကနေ အခုပဲဖုန်းဆက်လာတာ Lotus Place (Live မှာ ထက်ဒုတိယပြတဲ့အိမ်) သိန်း 7250 အတွက် စရံချသွားပြီတဲ့။မြိတ်ကနေ Live ကိုကြည့်ပြီး ဝယ်ယူတာမို့ ထက်အရမ်းကို ပျော်ရွှင်ရပါတယ် ။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ဝမ်းသာစွာပြောလာပါတယ်။

ထက်ထက်မိုးဦးကတော့ လက်ဝတ်ရတနာတွေသာမကပဲ သိန်းပေါင်းထောင်ချီတဲ့ နေအိမ်တွေကိုလည်း နာရီပိုင်းအတွင်း ရောင်းထုတ်ပေးနိုင်ခဲ့ တကယ့်ကို လေးစားစရာပါပဲ။ ပရိသတ်တွေကလည်း ထက်ထက်မိုးဦးရောင်းတဲ့ပစ္စည်းတွေထက် ထက်ထက်မိုးဦးကိုချစ်လို့ဆိုပြီး ဝယ်ယူအားပေးကြတာ များပြားတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htet Htet Moe Oo’s fb
Bilie – Cele Connections