ကိုယ္က်ိဳးကိုစြန့္ျပီး အမ်ားအက်ိဳးကို သယ္ပိုးေဆာင္ရြက္တတ္တဲ့ မင္းသမီး ခိုင္နွင္းေဝကေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိဘေတြနဲ့ ခြဲခြာခဲ့ရတဲ့ ကေလးငယ္ေတြကို သူမရဲ့ ေဂဟာမွာ ျပဳစုေစာင့္ေရွာက္ေပးေနတာပဲ ျဖစ္ပါတယ္။ ခိုင္နွင္းေဝက ေဂဟာက သားသမီးေတြကို သူမရဲ့ ဝမ္းနဲ့လြယ္ေမြးထားရသဖြယ္ ရင္အုပ္မကြာ ေစာင့္ေရွာက္ထားသူမို့ ပရိသတ္ေတြက ေလးစားျပီးရင္း ေလးစားေနရတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ခိုင္နွင္းေဝက ေဂဟာက သမီးေလးတစ္ေယာက္ကလည္း ေမြးရာပါေရာဂါအခံေၾကာင္း ေဆးရံုတင္လိုက္ရျပီျဖစ္ေၾကာင္း စိတ္မေကာင္းစြာေျပာလာခဲ့ပါတယ္။

“ကြ်န္မ သမီးေလး ခိုင္တန္ခူးေမ(ခ)အီးတီ ဒီေန႔ ေမြးရာပါ ရင္က်ပ္ေရာဂါ ေၾကာင့္ အဖ်ားႀကီးၿပီး ရင္က်ပ္ေသာေၾကာင့္ ေဆးရံုတင္ထားရပါတယ္။ ေအာက္ဆီဂ်င္ ႐ွဴၿပီး နဲနဲ သက္သာလာပါျပီ။ ကေလးေတြအစားကိုယ္ပဲျဖစ္လိုက္ခ်င္တယ္။ စကားလဲမေျပာတတ္ေသးတဲ့အရြယ္ေလးေတြမို႔ ရင္ေတြေမာၿပီး စိတ္ထိခိုက္ရတယ္။ ခုလို ေဆးရံုတင္ရတဲ့ အခ်ိန္ေတြကို အမုန္းဆံုးပဲ။ ေဆးရံုမွာေစာင့္ေပးတဲ့ ဆရာမေလးရဲ႕ ဖုန္းက ကြ်န္မရင္ကို အရမ္းတုန္ေစတယ္။ ဖုန္းသံၾကားၿပီဆို အၿမဲေျခာက္ျခားၿပီး ညဘက္ေတြဆို အိပ္မေပ်ာ္ဘူး။ ဒီလိုပဲ ျဖတ္သန္းခဲ့ရတာ ၾကာပါၿပီေလ။ ကြ်န္မကေလးေတြကို ခ်စ္ေပးၾကတဲ့သူေတြရဲ႕ ေမတၱာေစတနာေတြနဲ႔ပဲ ေရွ႕ဆက္ခဲ့ရတာ။ ရာသီအကူးအေျပာင္းမွာ ကေလးေတြ ဖ်ားေနၾကေတာ့ စိတ္မေကာင္းဘူး။ သမီးေလး အျမန္ဆံုး က်န္းမာလာပါေစ🙏🏻🙏🏻🙏🏻..” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာလာပါတယ္။

ခိုင္နွင္းေဝကေတာ့ သူမရဲ့ ကေလးေတြ ေနမေကာင္းရင္ ပိုျပီး စိတ္ထိခိုက္ဝမ္းနည္းရတာမို့ သူမသာ ျဖစ္လုိက္ခ်င္ေတာ့တယ္ဆိုျပီး ေျပာလာတာပဲ ျဖစ္ပါတယ္။ ခိုင္နွင္းေဝရဲ့ သမီးေလး အျမန္ဆံုး ေနေကာင္းသက္သာပါေစလုိ့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Khine Hnin Wai’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မွေးရာပါရောဂါအခံရှိတဲ့ ဂေဟာက သမီးလေးတစ်ယောက်ကိုလည်း ဆေးရုံတင်လိုက်ရပြီဖြစ်ကြောင်း စိတ်မကောင်းစွာပြောလာတဲ့ ခိုင်နှင်းဝေ

ကိုယ်ကျိုးကိုစွန့်ပြီး အများအကျိုးကို သယ်ပိုးဆောင်ရွက်တတ်တဲ့ မင်းသမီး ခိုင်နှင်းဝေကတော့ အကြောင်းအမျိုးမျိုးကြောင့် မိဘတွေနဲ့ ခွဲခွာခဲ့ရတဲ့ ကလေးငယ်တွေကို သူမရဲ့ ဂေဟာမှာ ပြုစုစောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက ဂေဟာက သားသမီးတွေကို သူမရဲ့ ဝမ်းနဲ့လွယ်မွေးထားရသဖွယ် ရင်အုပ်မကွာ စောင့်ရှောက်ထားသူမို့ ပရိသတ်တွေက လေးစားပြီးရင်း လေးစားနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခိုင်နှင်းဝေက ဂေဟာက သမီးလေးတစ်ယောက်ကလည်း မွေးရာပါရောဂါအခံကြောင်း ဆေးရုံတင်လိုက်ရပြီဖြစ်ကြောင်း စိတ်မကောင်းစွာပြောလာခဲ့ပါတယ်။

“ကျွန်မ သမီးလေး ခိုင်တန်ခူးမေ(ခ)အီးတီ ဒီနေ့ မွေးရာပါ ရင်ကျပ်ရောဂါ ကြောင့် အဖျားကြီးပြီး ရင်ကျပ်သောကြောင့် ဆေးရုံတင်ထားရပါတယ်။ အောက်ဆီဂျင် ရှူပြီး နဲနဲ သက်သာလာပါပြီ။ ကလေးတွေအစားကိုယ်ပဲဖြစ်လိုက်ချင်တယ်။ စကားလဲမပြောတတ်သေးတဲ့အရွယ်လေးတွေမို့ ရင်တွေမောပြီး စိတ်ထိခိုက်ရတယ်။ ခုလို ဆေးရုံတင်ရတဲ့ အချိန်တွေကို အမုန်းဆုံးပဲ။ ဆေးရုံမှာစောင့်ပေးတဲ့ ဆရာမလေးရဲ့ ဖုန်းက ကျွန်မရင်ကို အရမ်းတုန်စေတယ်။ ဖုန်းသံကြားပြီဆို အမြဲခြောက်ခြားပြီး ညဘက်တွေဆို အိပ်မပျော်ဘူး။ ဒီလိုပဲ ဖြတ်သန်းခဲ့ရတာ ကြာပါပြီလေ။ ကျွန်မကလေးတွေကို ချစ်ပေးကြတဲ့သူတွေရဲ့ မေတ္တာစေတနာတွေနဲ့ပဲ ရှေ့ဆက်ခဲ့ရတာ။ ရာသီအကူးအပြောင်းမှာ ကလေးတွေ ဖျားနေကြတော့ စိတ်မကောင်းဘူး။ သမီးလေး အမြန်ဆုံး ကျန်းမာလာပါစေ🙏🏻🙏🏻🙏🏻..” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ခိုင်နှင်းဝေကတော့ သူမရဲ့ ကလေးတွေ နေမကောင်းရင် ပိုပြီး စိတ်ထိခိုက်ဝမ်းနည်းရတာမို့ သူမသာ ဖြစ်လိုက်ချင်တော့တယ်ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေရဲ့ သမီးလေး အမြန်ဆုံး နေကောင်းသက်သာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khine Hnin Wai’s fb
Bilie – Cele Connections