အဆိုေတာ္မေလး အိမ့္ခ်စ္ကေတာ့ သူမရဲ့ ၾကည္လင္ျပတ္သားတဲ့ အသံေလးနဲ့ သီခ်င္းေကာင္းေတြမ်ားစြာကို သီဆိုခဲ့တာပဲ ျဖစ္ပါတယ္။ အိမ့္ခ်စ္က သီခ်င္းဆုိေကာင္းရံုသာမက ေပါင္းသင္းဆက္ဆံေရးလည္း ေကာင္းမြန္သူျဖစ္တာေၾကာင့္ ပရိသတ္ေတြသာမက အနုပညာအသိုင္းအဝုိင္းတစ္ခုလံုးကပါ ခ်စ္ၾကတာပဲ ျဖစ္ပါတယ္။ အိမ့္ခ်စ္က အခုဆိုရင္ အိမ္ေထာင္က်ျပီး ခင္ပြန္းျဖစ္သူ အလုပ္ရိွရာ ထိုင္းနိုင္ငံ ဘန္ေကာက္ျမိဳ့မွာ တစ္အိုးတစ္အိမ္ ထူေထာင္ထားျပီပဲ ျဖစ္ပါတယ္။

မေန့က ေအာက္တိုဘာလ (၂၈) ရက္ေန့မွာေတာ့ အိမ့္ခ်စ္က သူမရဲ့ မိခင္ရိွရာ ျမန္မာျပည္ကို ျပန္လာခဲ့ျပီဆိုတဲ့့အေၾကာင္းကို “Bangkok ကအိမ္ေလးကိုခဏခြဲၿပီး အေမ့အိမ္ေလးဆီ အေျပးျပန္လာၿပီ ..❤️ Q ဝင္ရလဲ ဝင္မွာပဲ အေမ့ကိုလဲသတိရတာကိုး ေယာက်ာ္းကေတာ့႐ုံးနဲ႔မို႔လိုက္မရေတာ့ မ်က္ရည္ေလးေတြ ဝဲၿပီး အိမ္ျပန္သြားရွာေလၿပီ 😆” ဆိုျပီး မ်က္ရည္ေတြအဝဲသားနဲ့ ခင္ပြန္းျဖစ္သူကို ခဏေလးခြဲခြာလာခဲ့ေၾကာင္းကို မွ်ေဝထားပါတယ္။

အိမ့္ခ်စ္ကေတာ့ မၾကာေသးခင္ လပိုင္းကမွ လက္ထပ္ခဲ့တာျဖစ္လို့ ၾကင္စဦးအခ်ိန္မွာ ဇနီးေမာင္နွံနွစ္ေယာက္ မခြဲခ်င္ေသးေပမယ့္ မိခင္ကို ပိုလြမ္းတာမို့ မိခင္ၾကီးရိွရာ ေနအိမ္ေလးဆီကို ျပန္လာခဲ့ျပီပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Eint Chit’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မျက်ရည်တွေအဝဲသားနဲ့ကျန်ရစ်ခဲ့တဲ့ ခင်ပွန်းဖြစ်သူကို ခဏလေးခွဲပြီး အမေ့ကိုသတိရလွန်းလို့ အိမ်ပြန်လာခဲ့ပြီဆိုတဲ့ အိမ့်ချစ်

အဆိုတော်မလေး အိမ့်ချစ်ကတော့ သူမရဲ့ ကြည်လင်ပြတ်သားတဲ့ အသံလေးနဲ့ သီချင်းကောင်းတွေများစွာကို သီဆိုခဲ့တာပဲ ဖြစ်ပါတယ်။ အိမ့်ချစ်က သီချင်းဆိုကောင်းရုံသာမက ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်သူဖြစ်တာကြောင့် ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကပါ ချစ်ကြတာပဲ ဖြစ်ပါတယ်။ အိမ့်ချစ်က အခုဆိုရင် အိမ်ထောင်ကျပြီး ခင်ပွန်းဖြစ်သူ အလုပ်ရှိရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တစ်အိုးတစ်အိမ် ထူထောင်ထားပြီပဲ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၂၈) ရက်နေ့မှာတော့ အိမ့်ချစ်က သူမရဲ့ မိခင်ရှိရာ မြန်မာပြည်ကို ပြန်လာခဲ့ပြီဆိုတဲ့အကြောင်းကို “Bangkok ကအိမ်လေးကိုခဏခွဲပြီး အမေ့အိမ်လေးဆီ အပြေးပြန်လာပြီ ..❤️ Q ဝင်ရလဲ ဝင်မှာပဲ အမေ့ကိုလဲသတိရတာကိုး ယောကျာ်းကတော့ရုံးနဲ့မို့လိုက်မရတော့ မျက်ရည်လေးတွေ ဝဲပြီး အိမ်ပြန်သွားရှာလေပြီ 😆” ဆိုပြီး မျက်ရည်တွေအဝဲသားနဲ့ ခင်ပွန်းဖြစ်သူကို ခဏလေးခွဲခွာလာခဲ့ကြောင်းကို မျှဝေထားပါတယ်။

အိမ့်ချစ်ကတော့ မကြာသေးခင် လပိုင်းကမှ လက်ထပ်ခဲ့တာဖြစ်လို့ ကြင်စဦးအချိန်မှာ ဇနီးမောင်နှံနှစ်ယောက် မခွဲချင်သေးပေမယ့် မိခင်ကို ပိုလွမ်းတာမို့ မိခင်ကြီးရှိရာ နေအိမ်လေးဆီကို ပြန်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Eint Chit’s fb
Bilie – Cele Connections