



Source: Mary’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

မွေးနေ့မှာ ချစ်စရာကောင်းပြီးအလိုက်သိလွန်းတဲ့ ပရိသတ်တွေကြောင့် ပျော်ရွှင်စရာအမှတ်ကောင်းတွေကို ပိုင်ဆိုင်ခွင့်ခဲ့ရတဲ့ Mary

ဆွဲဆောင်မှုရှိပြီး ထူးခြားတဲ့ အသံလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေး Mary က သူမရဲ့ ပထမဦးဆုံးသီချင်း “ဝဲ” ဆိုတဲ့ သီချင်းလေးနဲ့ လူသိများ ထင်ရှားလာခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Mary က သီချင်းတွေများစွာကို သီဆိုခဲ့ပြီး ရုပ်ရှင်ဇာတ်ကားနဲ့ ကြော်ငြာအချို့ကို လက်ခံရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ မနေ့က အောက်တိုဘာလ (၂၇) ရက်နေ့ကတော့ Mary ရဲ့ မွေးနေ့လေးမှာ ချစ်ပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကြောင့် ပျော်ရွှင်ခဲ့ရကြောင်းကို အခုလိုပဲ မျှဝေလာပါတယ်။

“မနေ့က Mary မွေးနေ့လေးမှာ မွေးနေ့ဆုတောင်းပေးကြတဲ့သူတွေ တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နော် 🙏 တတ်နိုင်သလောက်တော့ reply လေးတွေပြန်ပေးထားပေမယ့် အရမ်းများတဲ့အတွက်ကြောင့်မို့လို့ အကုန်လုံးကို reply မပြန်နိုင်တဲ့အတွက်လည်း အားနာပါတယ်…🥺ပြီးတော့ အခုလိုကာလမှာ အခက်အခဲတွေကြားထဲကမှ Mary ကို မွေးနေ့လက်ဆောင်တွေ ပို့ပေးကြတဲ့အတွက်လည်း အတိုင်းမသိဝမ်းသာပါတယ်…ကျေးဇူးလည်းအများကြီးတင်ပါတယ်နော်😘🦋”

“Mary ရဲ့ ဒီနှစ်မွေးနေ့လေးကို ပိုပြီးပြည့်စုံသွားစေတာကတော့ Mary Live လေးမှာရော Zoom မှာရော Mary ကိုချစ်တဲ့ Mary ကလည်းချစ်တဲ့ Fan တွေနဲ့ ရင်းရင်းနှီးနှီး၊ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံပြီးစကားတွေအများကြီးပြောခွင့်ရခဲ့တာလေးကို အမှတ်ရနေမှာပါ…❤️နောက်ပိုင်းလည်း Fan Meeting လေးတွေများကြီးလုပ်နိုင်အောင် Mary ကြိုးစားပါ့မယ်…အားလုံးတူတူဆုံကြမယ်နော်…🤗 ကျန်းမာရေးဂရုစိုက်ကြပါ😇 Mary တို့ Covid ကြီးပြီးရင် Activity တွေများကြီးနဲ့ ပြန်ဆုံကြမယ်နော်…🙆🏻‍♀️ Stay Home and Stay Safe🦋💕” ဆိုပြီး သူမရဲ့အပျော်လေးကို မျှဝေပေးလာပါတယ်။

Mary ကတော့ သူမရဲ့ မွေးနေ့လေးမှာ ပျော်ရွှင်မှုတွေများစွာနဲ့ အမှတ်တရကောင်းတွေကို ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ Mary တစ်ယောက် နောက်မွေးနေ့တွေမှာလည်း အခုလိုပဲ ပျော်ရွှင်မှုတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Mary’s fb
Bilie – Cele Connections