


ယူနီကုဒ်ဖြင့်ဖတ်ရန်

အင်္ကျီအကောင်းတွေ တစ်နေ့တစ်မျိုး အမျိုးမျိုးဝတ်နေတာကြောင့် အိမ်ကလူတွေကတောင် ပြောယူရတဲ့အထိဖြစ်နေပြီဆိုတဲ့ နေခြည်ဦး

စကားပြောပွင့်လင်းပြီး အရမ်းကိုချစ်ဖို့ကောင်းလွန်းတဲ့ နေခြည်ဦးကတော့ သူမရဲ့ လူမှုနေထိုင်မှုဘဝကို ကွယ်ဝှက်မှုမရှိပဲ ပရိသတ်တွေကို ချပြရဲတဲ့ ခပ်ဂေါ်ဂေါ်မိန်းကလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အမြဲလိုလို အမိုက်စားဖက်ရှင်တွေနဲ့ တွေ့မြင်ရလေ့ရှိတဲ့ နေခြည်ဦးကတော့ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားပေမယ့် သူမရဲ့ ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အမိုက်စားဖက်ရှင်တွေနဲ့ ဓာတ်ပုံလှလှလေးတွေကို အမြဲတမ်း မျှဝေပေးနေလျက်ရှိပါတယ်။

ဒီကနေ့မှာလည်း နေခြည်ဦးက အင်္ကျီအကောင်းတွေ တစ်နေ့တစ်မျိုး အမျိုးမျိုးဝတ်နေတာကြောင့် အိမ်ကလူတွေကတောင် ပြောယူရတဲ့အထိဖြစ်နေတဲ့ သူမရဲ့အကြောင်းကို အခုလိုပဲပြောပြလာပါတယ်။ “အိမ်ကလူတွေကတော့ နေ့တိုင်းတစ်နေ့တစ်မျိုးမရိုးရဘူး။ အလကားကြည့်ရတဲ့ fashion show တဲ့ 🤣🤣😎😎 ကိုယ်ကလည်း လှလှလေးဝတ်ပြီးရင် ဖုန်းလေးထောင်ပြီး ရိုက်လိုက်ရမှ” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

နေခြည်ဦးကတော့ ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အမိုက်စားပုံရိပ်တွေကို ချပြနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း နေခြည်ဦးရဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး ဖက်ရှင်ရှိုးတစ်ခုကို ကြည့်နေရသလို ခံစားနေရမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: beautybynaychi’s fb
Bilie – Cele Connections