


ယူနီကုဒ်ဖြင့်ဖတ်ရန်

အငယ်ဆုံးညီမလေး ဆွိဝတ်ရည်သောင်းအတွက် သိန်း(၂၀)နီးပါးတန်ဖိုးရှိတဲ့ တန်ဖိုးကြီးဖုန်းတစ်လုံးလက်ဆောင်ပေးခဲ့တဲ့ အေးဝတ်ရည်သောင်း

အနုပညာလောကရဲ့ နာမည်ကြီးညီအစ်မတွေဖြစ်ကြတဲ့ နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းတို့ ညီအစ်မသုံးယောက်စလုံးကို ပရိသတ်ကြီး ချစ်ပြီးသားနေမှာပါ။ နှင်းဝတ်ရည်သောင်းကတော့ နိုင်ငံရပ်ခြား ရောက်ရှိနေပြီး အနုပညာလုပ်ငန်းတွေနဲ့ အလှမ်းဝေးသွားပြီဖြစ်ပေမယ့် အေးဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းတို့ ညီအစ်မကတော့ အနုပညာလောကထဲ ကျင်လည်နေကြဆဲ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းက သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်နေတာဖြစ်ပြီး ဆွိဝတ်ရည်သောင်းကတော့ သီချင်းတွေကိုသီဆိုတဲ့ အဆိုတော်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ပြီး အချင်းချင်း ကူညီရိုင်းပင်းတတ်တဲ့ အေးဝတ်ရည်သောင်းတို့ ညီအစ်မက တစ်ယောက်နဲ့ လိုအပ်ချက်တွေကိုလည်း တစ်ယောက် ဖြည့်စည်းပေးတတ်တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း အေးဝတ်ရည်သောင်းက အငယ်ဆုံးညီမလေး ဆွိဝတ်ရည်သောင်းအတွက် သိန်း(၂၀)နီးပါးတန်ဖိုးရှိတဲ့ တန်ဖိုးကြီးဖုန်းတစ်လုံးလက်ဆောင်ပေးခဲ့ကြောင်းကို ဆွိဝတ်ရည်သောင်းက “မမပေါက်စီက မွေးနေ့လက်ဆောင်တဲ့ 😍 thank u ကြောင်လေး” ဆိုပြီး အပျော်တွေလွန်ကာ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားတာကို တွေ့ရပါတယ်။

အေးဝတ်ရည်သောင်းနဲ့ နှင်းဝတ်ရည်သောင်းတို့ကတော့ အငယ်ဆုံးညီမလေး ဆွိဝတ်ရည်သောင်းကို အရမ်းချစ်ပြီး အလိုလိုက်ကြတာပဲ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းတို့ ညီအစ်လေး အခုလိုပဲ ချစ်ချစ်ခင်ခင်နဲ့ မိဘနှစ်ပါးနဲ့ နှစ်တွေအများကြီး ပျော်ရွှင်စွာနေနိုင်သွားပါစေနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sweet Wutt Yi Thaung’s fb
Bilie – Cele Connections