


Source: Khin Lay Nwe’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ချစ်ခင်ပွန်းနဲ့ ခဏတာခွဲခွာပြီး အလုပ်တွေလုပ်ဖို့ ရန်ကုန်မြို့ကိုပြန်ရောက်လာခဲ့ပြီဆိုတဲ့ ခင်လေးနွယ်

လီဆူးတိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ ခင်လေးနွယ်ကတော့ အသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာတော့ ခင်လေးနွယ်က စီးပွားရေးအလုပ်တွေကိုသာ ဦးစားပေးနေတာကြောင့် အနုပညာလောကနဲ့ အနည်းငယ်အဆက်အသွယ်ပြတ်တောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခင်လေးနွယ်က သူမရဲ့ခင်ပွန်းနဲ့အတူတူ ကော့သောင်းမြို့အနီးကကျွန်လေးတစ်ကျွန်းမှာ အလုပ်ကိစ္စနဲ့ သွားရောက်နေထိုင်နေတာကြောင့် ပရိသတ်တွေနဲ့ ပိုလို့တောင် အဆက်အသွယ်ပြတ်တောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ကျွန်းလေးပေါ်မှာ လပေါင်းများစွာ ခင်ပွန်းဖြစ်သူနဲ့ အတူတူ နေထိုင်ခဲ့တဲ့ ခင်လေးနွယ်က ဒီကနေ့ အောက်တိုဘာလ (၂၈) ရက်နေ့မှာတော့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ခင်လေးနွယ်ကတော့ ချစ်ခင်ပွန်းနဲ့ ခဏတာခွဲခွာပြီး ရန်ကုန်မှာအလုပ်တွေလုပ်ဖို့ ပြန်ရောက်လာခဲ့တယ်ဆိုတဲ့အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး အခုလိုပဲ live လွှင့်ပြသလာခဲ့တာ ဖြစ်ပါတယ်။

ခင်လေးနွယ်ကတော့ ကျွန်းပေါ်မှာနေလို့အသားတွေမည်းသွားခဲ့ပေမယ့် အရင်လို ချစ်စရာကောင်းနေဆဲပဲနော်။ ပရိသတ်ကြီးလည်း ကျွန်းသူလေး မြို့ရောက်လာခဲ့တဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khin Lay Nwe’s fb
Bilie – Cele Connections