


ယူနီကုဒ်ဖြင့်ဖတ်ရန်

ဒုတိယမြောက် သမီးလေးကိုလွယ်ဆောင်ထားရတဲ့ ကိုယ်ဝန် (၅) လကျော်မှာ ဆေးခန်းမပြရတာ (၂) လခွဲတောင်ရှိပြီဖြစ်ကြောင်းပြောလာတဲ့ နန်းမြတ်ဖြိုးသင်း

ဆရာဝန်မလေးတစ်ယောက်ဖြစ်သလို အဆိုတော်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းဟာ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်မှုရရှိနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းက ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေး ဂျက်ဂျက်ကို မွေးဖွားပိုင်ဆိုင်ထားခဲ့ပြီး ဒုတိယမြောက် သမီးလေးရဲ့ ကိုယ်ဝန်ကို လွယ်ဆောင်ထားရပြီပဲ ဖြစ်ပါတယ်။ တစ်သားမွေးပြီး တစ်သွေးလှတဲ့ နန်းမြတ်ဖြိုးသင်းကတော့ ကိုယ်ဝန်ဆောင်နေဆဲကာလမှာတောင် အလှပျက်သွားခြင်းမရှိပဲ မိသားစုတွေရဲ့ ဂရုစိုက်ကြင်နာမှုတွေကြောင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပိုလို့တောင်လှလာပါသေးတယ်။

သမီးလေး ကိုယ်ဝန်ကို လွယ်ဆောင်ထားရတဲ့ နန်းမြတ်ဖြိုးသင်းကတော့ ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ အစစအရာရာ ဂရုစိုက်နေရပြီး သတိထားနေနေရတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နန်းမြတ်ဖြိုးသင်းက ကိုယ်ဝန် (၅) လရှိနေပြီး တဖြည်းဖြည်းပြောင်းလဲလာခဲ့တဲ့ ရုပ်လက္ခဏာတွေကို “ဗိုက်ဗိုက်မျက်နှာကြီးစတင်ဖောင်းကားလာပြီဖြစ်ကြောင်း😗 ကိုယ်ဝန်က၅လ ဆေးခန်းမပြတာက၂လခွဲရှိပြီ။ ဒီလတော့သွားပြချင်ပြီ😞” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မဆဝေထားပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ မကြာခင် လပိုင်းအတွင်းမှာပဲ သမီးလေးကို မွေးဖွားတော့မှာမို့ ဆေးခန်းပြပြီး အစစအရာရာ ပြင်ဆင်ထားချင်နေတာပဲ ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းတစ်ယောက် သမီးလေးကို အောင်အောင်မြင်မြင်မွေးဖွားနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nann Myat Phyo Thinn ‘s fb
Bilie – Cele Connections