


ယူနီကုဒ်ဖြင့်ဖတ်ရန်

ထက်ထက်မိုးဦးဆီက ဝယ်ယူအားပေးခဲ့တဲ့ တန်ဖိုးကြီးစိန်နားကပ်လေးနဲ့ ကျက်သရေရှိရှိလှနေတဲ့ စိုးပြည့်သဇင်

မြင်သူရင်ကို အေးချမ်းစေတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်လောကမှာရော ဂီတလောကမှာပါ တောက်ပတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ စိုးပြည့်သဇင်က အကယ်ဒမီဆုကြီးတစ်ဆုကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားပြီး အသက်ငယ်ငယ်နဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်ယ။ ပရိသတ်တွေကလည်း စိုးပြည့်သဇင်ရဲ့ အနုပညာလှုပ်ရှားမှုတွေသာမက သူမရဲ့ အနေအထိုင်အေးဆေးပြီး သိမ့်မွေ့တဲ့ပုံစံလေးကိုပါ ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက အကယ်ဒမီထက်ထက်မိုးဦးရောင်းချတဲ့ စိန်နားကပ်တစ်ခုကို ဝယ်ယူအားပေးခဲ့တာပဲ ဖြစ်ပါတယ်။ စိုးပြည့်သဇင်က ဒီကနေ့မှာတော့ ထက်ထက်မိုးဦးဆီက ဝယ်ယူထားတဲ့ စိန်နားကပ်လေးကို ပြသခဲ့ပြီး အဖိုးထိုက်တန်လွန်းတဲ့ နားကပ်ကလေးက စိုးပြည့်ဝတ်ဆင်လိုက်ချိန်မှာ ပိုလို့တောင် ကျက်သရေရှိနေတာကို အခုလိုပဲ တွေ့ရပါတယ်။

စိုးပြည့်သဇင်ကတော့ လက်ရှိမှာ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး နေအိမ်မှာပဲ မိသားစုနဲ့ အချိန်ကုန်ဆုံးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုးပြည့်သဇင်ရဲ့ ချစ်စဖွယ်ပုံရိပ်လေးကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Soe Pyae Thazin’s fb
Bilie – Cele Connections