


Source: Si Phyo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ရင်သွေးလေးကို ပူပူနွေးနွေးလွယ်ဆောင်ထားရတဲ့ ချစ်သူလေး ခင်လွှမ်းကို ဂရုတစိုက်နဲ့ သားဖွားမီးယပ်ဆရာဝန်ကြီးဆီလိုက်ပြပေးခဲ့တဲ့ စည်ဖြိုး

သရုပ်ဆောင် စည်ဖြိုးကတော့ အခုဆိုရင် အသက် (၃၀) ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပြီး သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ စည်ဖြိုးက အနုပညာအလုပ်တွေအပြင် စီးပွားရေးနဲ့ ဘာသာရေးကိုလည်း အာရုံစိုက်လုပ်ကိုင်နေပြီး ဘဝကို အပူအပင်ကင်းကင်းနဲ့ ဖြတ်သန်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စည်ဖြိုးရဲ့ချစ်သူ သရုပ်ဆောင် ခင်လွှမ်းကလည်း စည်ဖြိုးရဲ့လုပ်ဆောင်ချက်တိုင်းကို ဘေးနားကနေ ပါရမီဖြည့်ပေးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။

အခုဆိုရင် စည်ဖြိုးက သူ့ရဲ့ချစ်သူ ခင်လွှမ်းနဲ့ ရရှိတဲ့ ရင်သွေးလေးကို ပိုင်ဆိုင်ဖို့ အခွင့်အရေးရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ စည်ဖြိုးက မကြာခင်မှာ လူ့လောကထဲ ရောက်ရှိလာမယ့် ရင်သွေးလေးအတွက် အရမ်းကို စိတ်လှုပ်ရှားရင်ခုန်နေပြီး ကိုယ်ဝန်ဆောင်ထားရတဲ့ ချစ်သူခင်လွှမ်းကိုလည်း ဆေးရုံမှာ သားဖွားမီးယပ်ဆရာဝန်ကြီးနဲ့ ဂရုတစိုက် ပြသပေးနေတာကို အခုလိုပဲ တွေ့ရပါတယ်။

စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ နှစ်ဖက်မိဘသဘောတူကြည်ဖြူထားတဲ့ စုံတွဲလေးဖြစ်ပြီး မကြာခင်အချိန်အတွင်းမှာပဲ လက်ထပ်ကြဖို့ စီစဉ်ထားတာပဲ ဖြစ်ပါတယ်။ စည်ဖြိုးတို့ကတော့ မမျှော်လင့်ပဲ ရင်သွေးလေးကို ရရှိခဲ့တာမို့ လက်ထပ်ပွဲကို ရွှေ့ဆိုင်းဖြစ်မလားဆိုတာကို ပြောကြားခြင်းမရှိသေးပါဘူး။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Si Phyo’s fb
Bilie – Cele Connections