ခ်စ္စရာေကာင္းတဲ့ မင္းသမီးေလး မုဏ္းက MRTV 4 ဇာတ္လမ္းတြဲေတြမွတဆင့္ ေအာင္ျမင္မႈရရိွခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ မုဏ္းက ဇာတ္လမ္းတြဲေတာ္ေတာ္မ်ားမ်ားမွာ ေခါင္းေဆာင္မင္းသမီးတစ္ေယာက္အျဖစ္ သရုပ္ေဆာင္ခဲ့ျပီး တစ္နိုင္ငံလံုးက လူၾကီး၊ လူငယ္ ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွခဲ့တာ ျဖစ္ပါတယ္။ ဒီကေန့ ေအာက္တိုဘာလ (၂၇) ရက္ေန့ကေတာ့ မုဏ္းရဲ့ ေမြးေန့ေလးပဲျဖစ္ျပီး မုဏ္းက သူမရဲ့ ပရိသတ္ေတြေၾကာင့္သာ ေပ်ာ္စရာေကာင္းတဲ့ ေမြးေန့ေလးကို ျဖတ္သန္းခဲ့ရေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။

“Happy Birthday to me ပါေနာ္။ ဒီလိုေပ်ာ္႐ႊင္ရတဲ့ ေမြးေန႔ေလး ျဖစ္မယ္လို႔ တကယ္ကို မထင္ထားမိတာပါ။ We Love ေတြကို တကယ္ကို ရင္ထဲက ေက်းဇူးတင္ပါတယ္။ ခ်စ္ေပးၾကတဲ့ တစ္ေယာက္ခ်င္းစီကို တကယ္ေက်းဇူးတင္ပါတယ္။ ဒီေရာဂါႀကီးနဲ႔ ဒီလိုအခ်ိန္ေမြးေန႔ဆိုေတာ့ ေမြးေန႔ကိတ္ေတာင္ မခြဲရေလာက္ဘူး ထင္ထားေပမယ့္ ကိတ္ ၃ လုံးေတာင္ ခြဲရတယ္။ ပန္းစည္းေတြနဲ႔ ေမြးေန႔လက္ေဆာင္ေတြ အမ်ားႀကီးရတယ္။ We Love ေတြကို တကယ္ေက်းဇူးတင္ပါတယ္။ We Love ေတြေၾကာင့္သာ တကယ္ကို ေပ်ာ္႐ႊင္ရတဲ့ ေမြးေန႔ေလး ျဖစ္ခဲ့တာ။ တကယ္ေက်းဇူးပါေနာ္ 🖤💛 I love you all 😘🥰” ဆိုျပီး သူမရဲ့ အေပ်ာ္ေတြကို မွ်ေဝထားပါတယ္။

မုဏ္းကေတာ့ ေမြးေန့မွာ သူမကိုခ်စ္ေပးၾကတဲ့ ပရိသတ္ေတြေၾကာင့္ ေပ်ာ္စရာေကာင္းတဲ့ အမွတ္တရေလးတစ္ခုကို ပိုင္ဆိုင္နိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ဒီကေန့ရဲ့ ေမြးေန့ရွင္ မုဏ္းအတြက္ ေမြးေန့ဆုေတာင္းေပးၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Mone’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

We Love Fan တွေကြောင့်သာ မမျှော်လင့်ထားပဲ ပျော်စရာကောင်းတဲ့ မွေးနေ့လေးကို ဖြတ်သန်းခဲ့ရတယ်ဆိုတဲ့ မုဏ်း

ချစ်စရာကောင်းတဲ့ မင်းသမီးလေး မုဏ်းက MRTV 4 ဇာတ်လမ်းတွဲတွေမှတဆင့် အောင်မြင်မှုရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ မုဏ်းက ဇာတ်လမ်းတွဲတော်တော်များများမှာ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပြီး တစ်နိုင်ငံလုံးက လူကြီး၊ လူငယ် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ (၂၇) ရက်နေ့ကတော့ မုဏ်းရဲ့ မွေးနေ့လေးပဲဖြစ်ပြီး မုဏ်းက သူမရဲ့ ပရိသတ်တွေကြောင့်သာ ပျော်စရာကောင်းတဲ့ မွေးနေ့လေးကို ဖြတ်သန်းခဲ့ရကြောင်း အခုလိုပဲ ပြောလာပါတယ်။

“Happy Birthday to me ပါနော်။ ဒီလိုပျော်ရွှင်ရတဲ့ မွေးနေ့လေး ဖြစ်မယ်လို့ တကယ်ကို မထင်ထားမိတာပါ။ We Love တွေကို တကယ်ကို ရင်ထဲက ကျေးဇူးတင်ပါတယ်။ ချစ်ပေးကြတဲ့ တစ်ယောက်ချင်းစီကို တကယ်ကျေးဇူးတင်ပါတယ်။ ဒီရောဂါကြီးနဲ့ ဒီလိုအချိန်မွေးနေ့ဆိုတော့ မွေးနေ့ကိတ်တောင် မခွဲရလောက်ဘူး ထင်ထားပေမယ့် ကိတ် ၃ လုံးတောင် ခွဲရတယ်။ ပန်းစည်းတွေနဲ့ မွေးနေ့လက်ဆောင်တွေ အများကြီးရတယ်။ We Love တွေကို တကယ်ကျေးဇူးတင်ပါတယ်။ We Love တွေကြောင့်သာ တကယ်ကို ပျော်ရွှင်ရတဲ့ မွေးနေ့လေး ဖြစ်ခဲ့တာ။ တကယ်ကျေးဇူးပါနော် 🖤💛 I love you all 😘🥰” ဆိုပြီး သူမရဲ့ အပျော်တွေကို မျှဝေထားပါတယ်။

မုဏ်းကတော့ မွေးနေ့မှာ သူမကိုချစ်ပေးကြတဲ့ ပရိသတ်တွေကြောင့် ပျော်စရာကောင်းတဲ့ အမှတ်တရလေးတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် မုဏ်းအတွက် မွေးနေ့ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Mone’s fb
Bilie – Cele Connections