Source: Nay Chi Oo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
ရိုက်ကူးရေးတစ်ခုပြုလုပ်နေရင်း အင်္ကျီပေါ် မီးစ စင်ကာ မတော်တဆဖြစ်ခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေပေးလာတဲ့ နေခြည်ဦး
ထူးခြားတဲ့ အနုပညာ စွမ်းရည်ကြောင့် အနုပညာလောကမှာ တစ်ခဏအတွင်း အောင်မြင်လာတဲ့ နေခြည်ဦးက အခုဆိုရင် အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အသစ်တစ်ယောက်လို့ မထင်ရလောက်အောင် သရုပ်ဆောင်ကောင်းလွန်းတဲ့ နေခြည်ဦးကို ပရိသတ်တွေကလည်း နှစ်သက်စွာ အားပေးကြပါတယ်။ နေခြည်ဦးက အခုဆိုရင် အားပေးသူ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ ပြည်သူချစ် မင်းသမီးလေးတစ်ဦး ဖြစ်လို့နေပါပြီ။
နာမည်ကြီး ဆယ်လီဘရစ်တီတစ်ယောက်ပီပီ ရိုက်ကူးရေးတွေများစွာ ပြုလုပ်ရတဲ့ နေခြည်ဦးက ဒီကနေ့မှာတော့ သူမရဲ့ ရိုက်ကွင်းပေါ်က မတော်တဆမှုတစ်ခုကို ပရိသတ်တွေဆီ ချပြလာခဲ့ပါတယ်။ နေခြည်ဦးက သူမရဲ့ ပေ့ချ်အတွက် ဓာတ်ပုံလေးတွေကို ရိုက်ကူးရင်း မီးပန်းကနေ မတော်တဆ လာစင်တာကြောင့် အထိတ်တလန့်ဖြစ်သွားခဲ့ရပုံကို အခုလိုပဲ မျှဝေပေးလာခဲ့တာ ဖြစ်ပါတယ်။
နေခြည်ဦးကတော့ မတော်တဆမှု သေးသေးလေးမှာ အထိတ်တလန့်ဖြစ်ခဲ့ရပုံကို မိမိရရမှတ်တမ်း တင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အသည်းတယားယားဖြစ်သားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Nay Chi Oo’s fb
Bilie – Cele Connections