


ယူနီကုဒ်ဖြင့်ဖတ်ရန်

တစ်ယောက်တည်းရန်တွေဖြစ်ပြီး လူသိရှင်ကြားစိတ်ကောက်ပြခဲ့တာကြောင့် ချစ်သူကတောင် ပြောယူရတဲ့အထိ ရယ်စရာဖြစ်ခဲ့ရတဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ မင်းသမီးဆိုတဲ့ ဂုဏ်ပကာသနထက် အများအကျိုးကို သယ်ပိုးဆောင်ရွက်ရင်း ရရှိလာတဲ့ ပီတိကုသိုလ်ကိုသာ ပိုတန်ဖိုးထားသူ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက လက်ရှိမှာလည်း သူမဝါသနာပါရာ ပရဟိတအလုပ်တွေကို လုပ်ကိုင်နေသလို သူမရဲ့ချစ်သူကိုဇင်မြင့်အောင်ကလည်း ခိုင်နှင်းဝေလုပ်ချင်သမျှကို နောက်ကွယ်ကနေ ကူညီပံ့ပိုးပေးနေတာပဲ ဖြစ်ပါတယ်။ စိတ်တူကိုယ်တူရှိပြီး ဘာလုပ်လုပ် အတွဲညီလွန်းတဲ့ ခိုင်နှင်းဝေတို့အတွဲလေးကို ပရိသတ်တွေကလည်း ချစ်ခင်မှုတွေများစွာနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ခိုင်နှင်းဝေက သူမရဲ့ချစ်သူအပေါ် စိတ်ဆိုးစိတ်ကောက်ပြီး ဖေ့စ်ဘုတ် My Day ကနေ ပုံတွေနဲ့ စာတွေ အမျိုးမျိုးရေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ယောက်တည်း စိတ်ဆိုးပြီး တစ်ယောက်တည်း စိတ်ကောက်ပြေနေတာကြောင့် ခိုင်နှင်းဝေရဲ့ချစ်သူ ကိုဇင်မြင့်အောင်က ခိုင်နှင်းဝေကို “သူ့ဘာသာ တစ်ယာက်တည်း ရန်တွေဖြစ် ပြီး လူသိရှင်ကြား စိတ်ကောက်နေတယ် ..🥴🥴…” ဆိုပြီး စနောက်ခဲ့တာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေရဲ့ ချစ်သူကတော့ ခိုင်နှင်းဝေအတွက်သာမကပဲ ခိုင်နှင်းဝေရဲ့ မိသားစုလေးကိုလည်း ဂရုတစိုက်နဲ့ ကြင်နာပေးသူတစ်ယောက် ဖြစ်ပါတယ်။ ခိုင်နှင်းဝေတို့ စုံတွဲလေး ဒီထက်မက ပျော်ရွှင်မှုတွေအများကြီးနဲ့ အမြန်ဆုံးရွှေလက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Zin Myint Aung’s fb
Bilie – Cele Connections